Sunday, October 28, 2012

ယနေ့ရန်ကုန်သမ၀ါယမအသင်းသား သုံးဆယ်ကျော်ခန့် ဆန္ဒ္ဒထုတ်ဖော်

ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ် ကျွန်းတောလမ်းနှင့် မဟာမြိုင်လမ်းထောင့် အမှတ် ၇၀/၇၂ ရှိ ကျွန်းတောကွက်သစ် သမ၀ါယမ အဆောက်အအုံအား အသင်းသားများ သဘောဆန္ဒမရယူဘဲ ကန်ထရိုက်
တိုက်ဆောက်လုပ်ခြင်းကို အသင်းသားများက အောက်တိုဘာ ၂၈ ရက် နံနက်တွင် ဆန္ဒထုတ်ဖော်ကန့်ကွက်ခဲ့ကြသည်။

ရီခဲအထိ ဆန္ဒပြခဲ့ပြီးဆန္ဒထုတ်ဖော်သူများက နံနက် ၁၀ နာရီမှ ၁၁ နာအသင်းပိုင်အဆောက်အအုံ ဖျက်ဆီးသူများကို အရေးယူပေးရန်၊ အဆောက်အအုံဆောက်လုပ်ရာတွင် ပါဝင်ပတ်သက်သူများကို အရေးယူပေးရန်နှင့် သမ၀ါယမ ၀န်ကြီးလာရောက်ဖြေရှင်းပေးရန်တို့ကိုတောင်းဆိုခဲ့ကြသည်။

အဆောက်အအုံဆောက်လုပ်မှုကို အစဉ်တစိုက် ကန့်ကွက်ခဲ့သော်လည်းတာဝန်ရှိသူများက လာရောက်ဖြေရှင်းပေး မှု မရှိသည့် အတွက် ဆန္ဒထုတ်ဖော်
ရခြင်းဖြစ်ကြောင်း ဆန္ဒပြမှုတွင်ပါဝင်သူ ကိုတင်ထက်ကိုက ပြောသည်။



အသင်းသား ၃၅ ဦးဖြင့် ငြိမ်းချမ်းစွာ စုဝေးဆန္ဒဖော်ခွင့်ရရှိရန် စမ်းချောင်းမြို့နယ် ရဲစခန်းသို့ အောက်တိုဘာ ၁၇ ရက်က လျှောက်ထားခဲ့ရာတွင် ပယ်ချခဲ့သော်လည်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးသို့ အယူခံ
ဝင်ရောက်ရာတွင် ခွင့်ပြုမိန့် ၁/၂၀၁၂ ဖြင့် ဆန္ဒထုတ်ဖော်ခွင့် ပြုခဲ့ခြင်းဖြစ်သည်။



အသင်းသား၏ ဆန္ဒထုတ်ဖော်သည့်နေ့မှစ၍ သုံးပတ်အတွင်း တာဝန်ရှိသူများမှ လာရောက်ဖြေရှင်းခြင်းမပြုပါက ဆက်လက်ဆန္ဒထုတ်ဖော်သွားမည်ဖြစ်ကြောင်း ကိုတင်ထက်ကိုက ပြောသည်။

သတင်း - 7Day News Journal

 
http://sphotos-a.ak.fbcdn.net/hphotos-ak-ash4/431704_445609585476670_789992495_n.jpg 
ကန်ထရိုက်တိုက် ဆောက်လုပ်ခြင်းဖြစ်စဉ်နှင့်ပက်သတ်၍ ကျွန်းတော ကွက်သစ် သမ၀ါယမအသင်းသားသုံးဆယ်ကျော်ခန့် ဆန္ဒ္ဒပြနေစဉ်

ဓါတ်ပုံ - Eleven Media Group

==========================================================
ဆက်စပ်သတင်း (ရန်ကုန်)

မထသ ၅၆ ယာဉ်နှင့် သန်မြန်သူ ၈၈ ယာဉ်နှစ်စီးတို့ အောက်တိုဘာလ ၂၈ရက်နေ့ နံနက်၁၀နာရီခန့်က တာမွေမြို့နယ် ကျိုက္ကဆံလမ်း အခွန်လွတ်ဈေးအနီး လမ်းလယ်တွင် မျက်နှာချင်းဆိုင် ယာဉ်တိုက်မှုဖြစ်ပွား ခဲ့ကြောင်းသိရသည်။ အဆိုပါယာဉ်တိုက်မှုကြောင့် ဒဏ်ရာရရှိသူ မရှိကြောင်းလည်းသိရသည်။ 

Photo: မထသ ၅၆ ယာဉ်နှင့် သန်မြန်သူ ၈၈ ယာဉ်နှစ်စီးတို့ အောက်တိုဘာလ ၂၈ရက်နေ့ နံနက်၁၀နာရီခန့်က တာမွေမြို့နယ် ကျိုက္ကဆံလမ်း အခွန်လွတ်ဈေးအနီး လမ်းလယ်တွင် မျက်နှာချင်းဆိုင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။ အဆိုပါယာဉ်တိုက်မှုကြောင့် ဒဏ်ရာရရှိသူ မရှိကြောင်းလည်းသိရသည်။ 
 

No comments:

Post a Comment