Friday, October 19, 2012

တောင်ကိုရီးယား နိုင်ငံက မြောက်ကိုရီးယားဘက်မှ တိုက်ခိုက်ထိုးနှက်မှုဆန်သော အပြုအမူ အားလုံးကို တုံ့ပြန်သွားမည်ဟုပြောကြား

မြောက်ကိုရီးယားကို တုံ့ပြန်သွားမည်ဟု တောင်ကိုရီးယားပြောကြား
တောင်ကိုရီးယား နိုင်ငံက မြောက်ကိုရီးယားဘက်မှ တိုက်ခိုက်ထိုးနှက်မှု ဆန်ေ သာ အပြုအမူ အားလုံးကို တုံ့ပြန်သွားမည်ဖြစ်ကြောင်း တောင်ကိုရီးယား ကာ ကွယ်ေ ရး ဝန်ကြီးက ပြောကြားလိုက်သည်။ ဝန်ကြီး ကင်မ်ကွမ်ဂျင် က သော ကြာေ န့ တွင် မိမိတို့သည် ပြုံယမ်းအခြေစိုက် မြောက်ကိုရီးယား အစိုးရဘက်မှ ခြိမ်းခြောက်ရန်မူသော အခြေအနေတိုင်းကို တုံ့ပြန်မည်ဟု အတည်ပြုခဲ့ သည်။
မြောက် ကိုရီးယားက မိမိတို့သည် တောင်ကိုရီးယားက နှစ်နိုင်ငံ နယ်စပ်အနီးတွင် မြောက်ကိုရီးယား ဆန့်ကျင်ရေး လက်ကမ်းစာစောင်များ ဝေငှပါက လက်နက်အသုံးပြု ပစ်ခတ်မည်ဟု ခြိမ်းခြောက်ခဲ့သည့်နောက် တောင်ကိုရီးယားကလည်း ခပ်တင်းတင်းပင် တုံ့ပြန်လိုက်ခြင်း ဖြစ်သည်။

"တကယ်လို့ ဒါဟာ ဖြစ်လာနိုင်တဲ့ အခြေအနေဆိုရင် ကျွန်တော်တို့ဘက်ကလည်း ကိုယ့်ကို တိုက်ခိုက်လာတဲ့ အရင်းအမြစ်ကို ပြီးပြည့်စုံတဲ့ တုံ့ပြန်မှုမျိုးနဲ့ ပြန်တိုက်ပါမယ်"ဟု ကင်မ်က Yonhap သတင်းအေဂျင်စီသို့ ပြောကြားသွားသည်။ မြောက်ကိုရီးယားသည် နှစ်နိုင်ငံ နယ်စပ်တွင် တောင်ကိုရီးယားက ကွန်မြူနစ်နိုင်ငံ ဆန့်ကျင်ရေး လက်ကမ်းစာစောင်များ ဝေငှခဲ့ကြောင်း စွပ်စွဲထားသည်။ တောင်ကိုရီးယားကမူ ယင်းသည် အစိုးရနှင့် မသက်ဆိုင်ဘဲ မြောက်ကိုရီးယားမှ ထွက်ပြေးခိုလှုံလာသူများ၏ မြောက်ကိုရီးယား ဆန့်ကျင်ရေး လှုံ့ဆော်မှု သက်သက်ဟု ပြောဆိုသွားသည်။

မူရင်းသတင်း - Planet.com.mm

No comments:

Post a Comment