Friday, October 19, 2012

ရန်ကုန်မြို့တွင် အမေရိကန် ပြည်ထောင်စုသံအမတ်ကြီးဒဲရစ်မစ်ချယ်က သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့

 
မြန်မာနိုင်ငံဆိုင်ရာ  အမေရိကန် ပြည်ထောင်စု   သံအမတ်ကြီးဒဲရစ်မစ်ချယ်
သည်ရန်ကုန်မြို့ရှိအမေရိကန်သံရုံးတွင် အာက်တိုဘာလ၁၉ရက်နေ့ မွန်းလွဲ ၃ နာရီက သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။အဆိုပါရှင်းလင်းပွဲတွင် သံအမတ်ကြီးက မြန်မာနိုင်ငံတွင် ဖြစ်ပေါ်တိ
ုးတက်ပြောင်းလဲနေသော ပြုပြင်ပြောင်းလဲမှုများနှင့် စပ်လျဉ်း၍ ပြောကြား
ခဲ့ရာတွင် ပြီးခဲ့သည့်လက မြန်မာသမ္မတ ဦးသိန်းစိန်နှင့် အမျိုးသားဒီမို
ကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ အမေရိကန်ပြည်ထောင်စု
သို့ လာရောက်ခဲ့ကြောင်း၊ ထိုကဲ့သို့ လာရောက်လည်ပတ်မှုမျိုး ပိုမိုလိုအပ်
ပါကြောင်း၊ ထို့ပြင် ရခိုင်ပြည်နယ်အရေးကိစ္စနှင့် စပ်လျဉ်း၍လည်း လူသားချင်းစာနာထောက်ထားမှုအကူအညီ အမေရိကန်ဒေါ်လာ ၂ ဒသမ ၇၃ သန်း ထပ်မံကူညီသွားမည်ဖြစ်ကြောင်း၊မကြာသေးမီက နေပြည်တော်
တွင် ပြုလုပ်ခဲ့သည့် ပထမအကြိမ် မြန်မာ-အမေရိကန် နှစ်နိုင်ငံလူ့အခွင့်
အရေးဆွေးနွေးပွဲအကြောင်းတို့ကို ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် သမ္မတဦးသိန်းစိန်အစိုးရ တက်လာပြီးနောက်ပိုင်း နိုင်ငံရေး
နှင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုများကြောင့် အမေရိကန်က မြန်မာနိုင်ငံအပေါ်
ချမှတ်ထားသော အရေးယူပိတ်ဆို့မှုများကို တစ်ဆင့်ပြီး တစ်ဆင့် ဖြေလျှော့
လျက်ရှိနေသည်။

Eleven Media Group

No comments:

Post a Comment