Sunday, October 21, 2012

နိုင်ငံတော်သမ္မတကြီး၏ သတင်းစာရှင်းလင်းပွဲအနှစ်ချုပ်(ပြောကြားချက်အပြည့်အစုံ)

မိမိတို့အစိုးရလက်ထက်တွင်တည်ဆောက်ရေးစီမံကိန်းများကိုပွင့်လင်း မြင် သာအောင် ဆောင်ရွက်မည် ဖြစ်ကြောင်း၊ တိုင်းရင်းသားများနှင့် ပတ် သက်ေ သာ လက်နက်ကိုင် ပဋိပက္ခများကို ချုပ်ငြိမ်းအောင် အဆင့် သုံး ဆင့်ဖြင့် ဆောင်ရွက်နေကြောင်း၊ ငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီး ဆောင်ရွက် ရာတွင် Peace Center တစ်ခုကို မကြာမီ ဖွင့်သွားမည် ဖြစ်ကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားရာ ဒေသ၌အေးချမ်းဖွံ့
့ဖြိုးတိုးတက်အောင် ဆောင်ရွက်မည် ဖြစ်ကြောင်း၊ ကချင်ပြည်နယ်အတွင်း ပဋိပက္ခများက ဆုံးရှုံးမှု များကြောင်း၊ ဒေသတွင်း တိုင်းရင်းသားများ အိမ်ရာများကို စွန့်ခွာပြေးသွားခြင်းက စိတ်မကောင်းဖွယ် ဖြစ်ကြောင်း၊ ကချင်ဒေသကိငြိမ်းချမ်း စေလိုကြောင်း၊ ငြိမ်းချညမ်းရေးနှင့် ပတ်သက်ပြီး မျက်နှာချင်းဆိုင် ဆွေးနွေးပွဲများ၊ ယုံကြည်မှုတည်ဆောက်ခြင်းများ လုပ်ဆောင်နိုင်ပြီဆိုပါက မကြာမီတွင် ငြိမ်းချမ်းရေးကို မျှော်လင့်နိုင်မည်ဟု နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ပြောပါသည်။

ကေအိုင်အိုစစ်သားတစ်ယောက်ဆုံးရှုံးတာလဲ တိုင်းပြည်အတွက်ဆုံးရှုံးတာ။ မြန်မာစစ်သားဆုံးရှုံးတာလဲ တိုင်းပြည်ဆုံရှုံးတာပါ။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရေးသည် ပြည်သူများက ရွေးကောက် တင်မြှောက်ထားသော လွှတ်တော် ကိုယ်စားလှယ်များ ပေါ်တွင် မူတည်ကြောင်း၊ မိမိတစ်ဦးတည်း အနေဖြင့် မပြောနိုင်ကြောင်း၊ ဖွဲ့စည်းပုံ ပြင်ရေး မပြင်ရေးကို လွှတ်တော် ကိုယ်စားလှယ်များ၏ သဘောထားဖြင့်သာ သွားရမည် ဖြစ်ကြောင်း၊ နောက်ပြန် မလှည့်ရန်အတွက် ပြည်သူများအပေါ်တွင် မူတည်ကြောင်း၊ ရှေ့ကို ဆက်၍ ချီတက်သွာံးရန် လိုကြောင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က Eleven Media Group မှ မေးမြန်းခဲ့သော ယခု သမ္မတ သက်တမ်းအတွင်း ဖွဲ့စည်းပုံ ဥပဒေပြင်ရန် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်းပြီး ဖြေကြားခဲ့ပါသည်။
အကျဉ်းခံနေရသော မြန်မာ နိုင်ငံသားများ အား မိမိတစ်ဦးတည်း၏ စိတ်ဆန္ဒဖြင့် လွှတ်ပေးခြင်းမဟုတ်ပဲ
UN ,နှင့် နိုင်ငံရေး ပါတီ အသီးသီးမှ စာရင်းများတောင်းယူပြီး အခြေနေအရပ်ရပ်ကို စိစစ်ကာ လွှတ်ပေးခြင်းဖြစ်ပြီး
ကျန်ရှိနေသေးသောအကျဉ်းသားများရှေ့ဆက် လွှတ်ပေးသွား၏မည် ဖြစ်ကြောင်း ပြောကြားသမ္မတကြီးက ထပ်လောင်း
ပြောကြားသည်။ထို့ပြင် လွှတ်ရက်နီးသော အကျဉ်းသားများကို လည်း
ဖြေလျော့ လွှတ်ပေးထားခဲ့ ဖူးကြောင်းသိရသည်။
၂၀၁၅ ခုနှစ်တွင် နိုင်ငံတော် သမ္မတအဖြစ် ဆက်လက် တာဝန်ထမ်းဆောင်မည်လား ဆိုသော မေးခွန်းနှင့် ပတ်သက်၍ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က သူ့အနေဖြင့် ကျန်းမာရေး အခြေအနေအရ သက်တမ်းတစ်ခုသာ တာဝန်ထမ်းဆောင်ရန် စဉ်းစားထားသော်လည်း တိုင်းပြည်၏ လိုအင်၊ ပြည်သူ၏ ဆန္ဒ ရှိပါက သမ္မတအဖြစ် ဆက်လက် တာဝန်ထမ်းဆောင်မည်ဟု ပြောကြားခဲ့သည်။
ပြည်ခိုင်ဖြိုးပါတီသည် လွှတ်တော်အတွင်း နေရာ အများစု ရထားသော ပါတီ တစ်ခုဖြစ်ပြီး သမ္မတ ဦးသိန်းစိန် ကိုယ်တိုင်က ပါတီ ဥက္ကဋ္ဌ ဖြစ်သောကြောင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးအတွက် မိမိပါတီဝင်များအား တိုက်တွန်းရန် ရှိ၊ မရှိ မေးခွန်းနှင့် ပတ်သက်၍ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က သမ္မတ တစ်ဦး၏ လုပ်ပိုင်ခွင့်များကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် ပြဌာန်းထားပြီး ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးသည် လွှတ်တော်တွင်း ရှိနေသော ပြည်ခိုင်ဖြိုး လွှတ်တော် အမတ်များ အပါအ၀င် အခြားသော ပြည်သူ့လွှတ်တော် အမတ်များ၏ သဘောထား အပေါ်တွင်သာ မူတည်ကြောင်း ပြန်လည် ဖြေကြားခဲ့သည်။
သမ္မတ ဦးသိန်းစိင်န်အစိုးရလက်ထက်တွင် ဆောင်ရွက်နေသော စီမံကိန်းများကို လွှတ်တော်သို့တင်ပြပြီး ခွင့်ပြုချက်ရယူပြီးမှ ပွင့်လင်းမြင်သာမှုရှိစွာဖြင့် ဆောင်ရွက်နေပြီး၊
နောင်တွင်ဆောင်ရွက်မည့်အစိုးရစီမံကိန်းများကိုလည်း ပွင့်လင်းမြင်သာမှုရှိအောင် ဆောင်ရွက်သွားမည်ဟု သမ္မတက ““ယခင်ဆောင်ရွက်ခဲ့သော အစိုးရစီမံကိန်းများ ပွင့်လင်းမြင်သာမှုမရှိသည့်အတွက်
နောက်ဆက်တွဲပြဿနာများ မကြာခဏဖြစ်ပွားနေ၍ နောင်တွင်ဆောင်ရွက်မည့် စီမံကိန်းများ ပွင့်လင်းမြင်သာမှုရှိအောင် မည်သို့လုပ်ရန် ရှိပါသလဲ””ဟူသော မေးခွန်းကို
ပြန်လည်ဖြေကြားခဲ့သည်။
ဆင်းရဲနွမ်းပါးမှု လျော့ချရေးကို စီမံချက် ၈ ခုဖြင့် ဆောင်ရွက်နေကြောင်း နေ့ချင်းညချင်း အကျိုးဖြစ်ထွန်းမည် မဟုတ်သော်လည်း တောင်သူလယ်သမားများ ဘ၀ တိုးတက်မှုရှိစေရန် ကြိုးစားနေကြောင်းနှင့် ချေးငွေများကို တဖြည်းဖြည်းချင်း ပိုမို ထုတ်ချေးနိုင်အောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က နိုင်ငံတော် သမ္မတရုံး၌ ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားခဲ့ပါသည်။ လယ်ယာမြေ သိမ်းခံရသော ကိစ္စရပ်နှင့် ပတ်သက်သော မေးခွန်းကိုမူ အဖြေပြောဆိုသွားခဲ့ခြင်း မရှိပေ။
သမ္မတ ဦးသိန်းစိန်က ၎င်းခံစားခွင့်ရှိသော လစာငွေကျပ်သိန်းငါးဆယ်ကို မယူဘဲ ယခင်အစိုးရလက်ထက် နိုင်ငံအကြီးအကဲ၏ လစာနှုန်းဖြစ်သော ကျပ်ဆယ့်ငါးသိန်းကိုသာ ရယူခံစားနေကြောင်း
ပြောကြားသည်။ တိုင်းပြည်စီးပွားရေး မဖွံ့ဖြိုးသေး၍ ၀န်ထုပ်ဝန်ပိုးမဖြစ်အောင် ဥပဒေအရ ကျပ်သိန်းငါးဆယ်ခံစားခွင့်ရှိသော်လည်း ယခင်အစိုးရလက်ထက်ကနှုန်းအတိုင်းသာ ရယူခံစားခြင်းဖြစ်
ပြီး ထိုနှုန်းမှာ ကုမ္ပဏီကြီးများတွင် တာဝန်ထမ်းဆောင်နေသော အဆင့်မြင့်ဝန်ထမ်းတစ်ဦးလစာခန့်သာရှိကြောင်း သမ္မတက ပြောကြားသွားသည်။
ဖုန်းဈေးနှုန်းများကို လျော့ချပေးရုံသာမက အလကားပင် ပေးလိုသည့် ဆန္ဒ မိမိတွင် ရှိကြောင်း၊ လက်ရှိအခြေအနေများ အရ ထိုသို့ မဖြစ်နိုင်သေးဘဲ တဖြည်းဖြည်း လျော့ချပေးသွားမည် ဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်မှ လယ်သမားတစ်ဦးပင် ဖုန်းကို ခါးချိတ်ထားနိုင်သည့် အခြေအနေ ဖြစ်နေကြောင်း၊ ထို ကိစ္စရပ်သည်လည်း နိုင်ငံ၏ ဂုဏ်သိက္ခာကို ထိခိုက်စေသဖြင့် မြှင့်တင်သွားမည် ဖြစ်ကြောင်း၊ လိုအပ်သော အခြေခံ အဆောက်အဦများ ပြီးသွားပြီး ထပ်ဆောက်ရန် မလိုတော့ပါက ဈေးနှုန်းများ လျော့ကျသွားမည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က သမ္မတ အိမ်တော်၌ ပြုလုပ်နေသော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
လက်ရှိ အစိုးရ၏ အချိန်တို ကာလအတွင်း လူတိုင်းလူတိုင်းတိုးတက်ပြောင်းလည်းရန် မဖြစ်နိုင်သေးကြောင်းတိုင်းပြည်၏ အကျိုးခံစားခွင့်ကို အစိုးရသာမက ပြည်သူကပါ ကူညီလုပ်ကိုင်ရန်လိုအပ်ကြောင်း၊ဆင်းရဲနွမ်းပါးမှု လျော့ချရေးကို စီမံချက် ၈ ခုဖြင့် ဆောင်ရွက်နေကြောင်း နေ့ချင်းညချင်း အကျိုးဖြစ်ထွန်းမည် မဟုတ်သော်လည်း တောင်သူလယ်သမားများ ဘ၀ တိုးတက်မှုရှိစေရန် ကြိုးစားနေကြောင်းနှင့် ချေးငွေများကို တဖြည်းဖြည်းချင်း ပိုမို ထုတ်ချေးနိုင်အောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်၊လက်ရှိတွင် ပြည်ထောင်စု သို့ပို့ထားသော နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ဥပဒေသည် နိုင်ငံခြားသား ရင်းနှီးမြုပ်နှံမှု အတွက် ဆွဲဆောင်မှု ရှိရန် ပြင်ဆင်ပေးပို့ထားကြောင်းနိုင်ငံတော်သမ္မတ ဦးသိန်းစိန်က တွေ့ဆုံပွဲတွင် ထပ်လောင်းပြောကြားသည်။

နိုင်ငံတော်သမ္မတကြီး၏ ပြည်တွင်းမီဒီယာများနှင့်တွေ့ဆုံမှုတွင် ပေါ်ပြူလာနယူးစ်ဂျာနယ်မှ သမ္မတကြီးအနေဖြင့် အခြေခံ ဥပဒေ ပြင်ဆင်ရေးသည် လွှတ်တော် ကိုယ်စားလှယ်များ၏ ဆန္ဒပေါ်တွင် မူတည်သည်ဟု ပြောကြားခဲ့ခြင်းကြောင့် လွှတ်တော် ထဲ၌ ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားပြု ကိုယ်စား လှယ်များ အများဆုံး ဖြစ်ခြင်းကြောင့် ဥက္ကဌ တစ်ယောက် အနေဖြင့် ပါတီဝင် အမတ်တို့ကို အခြေခံ ဥပဒေ ပြင်ဆင်ရေး တိုက် တွန်းသွားရန် ရှိပါ
သလား ၊ သမ္မတ ကြီးရဲ့ တစ်ဦးတည်း ဆန္ဒ အနေဖြင့် အခြေ ခံ ဥပဒေ ပြင်ဆင်ရေး အပေါ် လိုလားမှု ရှိ မရှိ မေးမြန်းခဲ့ရာ သမ္မတ ကြီးက မိမိသည် ပါတီ ဥက္ကဌ ဖြစ်သော်လည်း ပါတီတာဝန်ထမ်းဆောင်ခွင့် မရှိသောကြောင့် တိုက်တွန်းရန် မဖြစ်နိုင်ကြောင်း၊ဖြေကြားခဲ့သော်လည်း ၄င်း၏ တစ်ဦးတည်းဆ`န္ဒနှင့် ပတ်သတ်
၍ ဖြေကြားခဲ့ ခြင်း မရှိပေ။ သမ္မတကြီး၏ အပြောင်း အလဲများကို အောက်ခြေလူထု မခံစား ရသေးကြောင်း ပြောဆိုမှုအပေါ် မည်သို့ ထင်မြင်သနည်း မေးခွန်းကို နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ပြန်လည်ဖြေကြားရာ၌ အပြောင်းအလဲကို လူတိုင်း ကျေနပ်နိုင်အောင် လုပ်ဆောင်နိုင်ဖို့ ခက်ခဲကြောင်း၊ အချိန်ယူရမည် ဖြစ်ကြောင်းနှင့် လူတစ်ဦးချင်း၏ ၀င်ငွေ၊ အလုပ်အကိုင် အခွင့်အလန်း၊ စီးပွားရေး အခွင့်အလန်း ဖွံ့ဖြိုးလာသည်နှင့် အမျှ ပြည်သူများ အကျိုးခံစားခွင့် ရလာနိုင်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
OIC နှင့် နယ်စပ်ရေးရာ ၀န်ကြီးဌာနတို့အကြား ချုပ်ဆိုခဲ့သော စာချုပ်တွင် OIC ရုံးခန်းကို မြန်မာနိုင်ငံ၌ လာရောက်ဖွင့် လှစ်မည့် အချက် လုံးဝ မပါဝင်ကြောင်း၊ လာရောက်ဖွင့်လှစ်မည် ဆိုပါကလည်း ကန့်ကွက်မည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က သမ္မတ အိမ်တော်၌ ပြုလုပ်နေသော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
နေပြည်တော်ရှိ နိုင်ငံတော် သမ္မတ အိမ်တော်၌ ပြုလုပ်ခဲ့သော နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၏ ပထမဆုံး အကြိမ် သတင်းစာ ရှင်းလင်းပွဲ ညနေ ၄နာရီခွဲခန့်တွင် ပြီးဆုံးခဲ့ပြီး အဆိုပါ သတင်းစာ ရှင်းလင်းပွဲသို့ သတင်းထောက် (၁၃၀) ကျော် တက်ရောက် သတင်းရယူခဲ့ပါသည်။
From - Myanmar Online News
 

No comments:

Post a Comment