Wednesday, October 31, 2012

၈း၃၅ သတင်း(ကျောက်နီမော်)

ကျောက်နီးမော်ပြဿနာတွင် ဦးဆောင်သူဟု စွပ်စွဲကာ ရွာသား ၅ ဦးအားဖမ်းဆီးရန်ကြိုးစားနေကြောင်းသိရ သည်။ အဆိုပါရွာသား ၅ ဦးသည် ဦးဆောင်သူများ၊ ကြိုးကိုင်သူများမဟုတ်သဖြင့်အဖမ်းမခံဘဲ ထွက်ပြေးနေရ ခြင်းဖြစ်ကြောင်းလည်း ဒေသခံများ ပြောပါသည်။

ကျောက်နီးမော်တွင်သေဆုံးသူအား သဂြို င်္လ်ရန် အခက်ကြုံနေ ရကြောင်းသိရသည်။ ရခိုင်တိုင်း ရင်း သားများ သဂြို င်္လ်သော သုဿာန်မှာ ဘင်္ဂလီရွာနှင့်လွန်စွာနီးကပ်နေသဖြင့် ဆိုပါသုသာန်တွင်သဂြိုလ်ရန် တာဝန်ရှိသူများက ခွင့်ပြု ချက်မပေးကြောင်း သိရသည်။ သေဆုံးသူ မောင်ဟန်ရွှေ (ရေမျက်ဝကျေးရွာ)၏ အလောင်းအား ဒေသခံများ က ကျောက်နီမော်ရွာ ၌ပင် သဂြို င်္လ်ရန်ဆန္ဒရှိသော်လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များကလက်မခံသဖြင့် အခက်တွေ့ နေရကြောင်း၊ အလောင်းအား အောက်တိုဘာလ ၃၁ ရက်နေ့ထိ ကျောက်နီမော်ဆေးရုံ၏ ရင်ခွဲရုံတွင်ထားရှိဆဲဖြစ်ကြောင်းလည်းသိရသည်။

ယခုအခါကျောက်နီမော်တွင်လုံခြုံရေးအပြည့်အ၀ချထားပြီး ဘင်္ဂလီများနှင့်ပြဿနာထပ်မဖြစ်အောင် တင်းကြပ် စွာစီစဉ်ထားကြောင်းလည်းသိရသည်။ ထိုကိစ္စအပေါ်ဒေသခံများက ကျေနပ်မှုမရှိသော်လည်း ဘင်္ဂလီကျေးရွာ အနီးသွားရောက်မြေချရန်ကိစ္စကို လုံခြုံရေးမှ စိုးရိမ်နေခြင်းဖြစ်ကြောင်းနှင့် အခြေအနေအရ ဒေသခံများက လည်း တာဝန်ရှိသူများနှင့် တွေ့ဆုံကာ အလောင်းမြေချနိုင်ရေးကိစ္စကိုသာအဓိကထား ဆွေးနွေးနေကြောင်း ယနေ့ တွင် မြေချခွင့်မရရှိခဲ့ကြောင်းလည်းသိရသည်။

မနေ့က လူထုအမြောက်အများက ဘင်္ဂလီရွာအား ပြောင်းရွှေ့ပေးရန် ဆန္ဒပြတောင်းဆိုခဲ့ကြသော်လည်း ညနေ ၆ နာရီခန့်တွင် လူစုခွဲလိုက်ကြကြောင်းသိရသည်။ ယင်းဆန္ဒပြတောင်းဆိုမှုတွင် တစ်ပတ်အတွင်းပြောင်းရွှေ့ ပေးရေးတို့ပါဝင်သဖြင့် အစိုးရအနေဖြင့် ထွက်ဖို့ဆုံးဖြတ်ပေးမည်ဆိုလျင် ပြောင်းရွှေ့သွားနိုင်ခြေရှိကြောင်းလည်း ကျောက်နီမော်သို့ ခေတ္တရောက်ရှိနေသော RSV သတင်းထောက်မှ သတင်းပေးပို့ပါသည်။

No comments:

Post a Comment