Wednesday, October 24, 2012

မြောက်ဦးမှထောင်သောင်းချီသောလူများ နေအိမ်များကို စွန်ခွာထွက်ပြေးနေ



ယမန်နေ့စတင် ဖြစ်ပွားခဲ့သောလူမျိုးရေးအဓိဂရုဏ်းေ ကြာင့် ထောင်ေ သာင်း ချီသော ကျေးရွာသား များမှာ လုံခြံရာသို့ထွက်ြေ ပးနေ ကြသည်ဟု သိရသည်။မြောက်ဦးမြို့ပေါ်သို့ ပြောင်းရွှေ့ ထွက်ပြေး လာကြသော ရခိုင် ကျေးရွာသားများမှာ ရွာဟောင်းေ တာ၊ ကျောက် တွင်းကုန်း၊ မောင်တာကုန်း၊ ပီပင်ကုန်း၊ နန်းကျ၊
လောင်းကြ က်ေ တာင်မော်၊ ရှောက်ပုံကျွန်း စသည့် ကျေးရွာများဘက်မှ ဖြစ်ကြောင်း သိရသည်။
“ မွတ်ဆလင်ရွာတွေနဲ့ နီးတဲ့ ရခိုင် ကျေးရွာတွေက လူတွေ မနေ့က စပြီး ပြောင်းရွှေ့လာကြပါတယ်။ အခုကတော့ လူတွေ ထောင်နဲ့ ချီပြီး မြောက်ဦးရောက်နေကြပါပြီ” ဟု ရှေးဟောင်း သုတေသန ဌာနမှူး (ငြိမ်း) ဆရာ ဦးကျော်ထွန်းအောင်က ပြောသည်။


http://www.narinjara.com/burmese/wp-content/uploads/2012/10/Minbya-fire.jpg 
မင်းပြား မွတ်လင် ပိုက်သည်ရပ်ကို အောက်တိုဘာ ၂၂ ရက် ညက မီးလောင်နေစဉ် (ဓါတ်ပုံ- နိရဉ္စရာ)

မွတ်ဆလင်များမှာမူ မြောက်ဦးမြို့နယ် ပုရိန်ကျေးရွာသို့ ထွက်ပြေး သွားကြသည်ဟု သိရသည်။ “ ပေါင်း တုတ် ကျေးရွာတို့၊ လက်မတို့၊ မနေ့က ပြဿနာ ဖြစ်ခဲ့တဲ့ သရက်အုပ်၊ နဂါရာ ရွာတွေက မွတ်ဆလင်တွေက ပုရိန်ကို ပြောင်းရွှေ့သွားကြပါတယ်။ သူတို့က ပုရိန်မှာ စုနေကြပါတယ်” ဟု သူက ဆက်ပြောသည်။

ယခုအခါ ပုရိန် အနားရှိ ရခိုင်ကျေးရွာများ ဖြစ်သော မောင်တာကုန်း၊ ပီပင်ကုန်း၊ ပရီကုန်း စသော ရခိုင်ရွာများကို မွတ်ဆလင်များက မီးရှို့မည် ဆိုသဖြင့် ယခုအခါ မြောက်ဦးပေါ်မှ လူများသာမက တိမ်ညို၊ နကန်ဘက်မှ ကျေးရွာသားများလည်း လိုက်ပါသွားကြသည်ဟု သိရသည်။အောက်တိုဘာလ ၂၃ ရက်နေ့တွင် မြောက်ဦး ယဉ်သည်ရွာတွင် အပြန်အလှန် တိုက်ခိုက်မူများ ပေါ်ပေါက်ခဲ့ပြီး  ၎င်းနောက် ဇီးဇာသို့ ကူးစက်သွားကာ နောက်ဆုံး နဂကွေ့တွင် ဆက်လက် ဖြစ်ပွားနေသည်ဟု သိရသည်။

နိရဉ္စရာ - သတင်းဌာန မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။


ဆက်စပ်သတင်း  (ပိုက်ဆိပ်)
 ယခုကျောက်ဖြူ ဘင်္ဂါလီဆူပူမှု ရခိုင်နှစ်ဒါဇင်ကျော် ဒဏ်ရာရ၊ ပိုက်ဆိပ်ရပ် မီးလောင်ဆဲ

http://4.bp.blogspot.com/-4LxSs_6hKJ4/UIbS6pKuh9I/AAAAAAAAbOE/n-7igcbjHpg/s1600/644563_470355902987933_1550795193_n.jpgကျောက်ဖြူမြို့ ပိုက်ဆိပ်ရပ်မှ ဘင်္ဂါလီ လူမျိုးများ နှင့် ကျောက်ဖြူမြို့နေ ရခိုင် လူမျိုးများ ယနေ့ ညနေ ခုနစ် နာရီကျော်ကျော်ခန့်တွင် စတင် ပဋိပက္ခ ဖြစ်ပွားပြီးနောက် ပိုက်ဆိပ် အရပ်တွင် မီး စတင်လောင်ကျွမ်းခဲ့ရာ၊ ယခု ည ဆယ်နာရီခွဲအထိ လောင်ကျွမ်းလျက် ရှိနေဆဲ ဖြစ်သည်ဟု ကျောက်ဖြူမြို့ခံတစ်ယောက်က Coral Arakan အားပြောကြားသည်။

ဘင်္ဂါလီများဘက်က ဂျင်ဂလိများဖြင့်ပစ်ခတ်ခြင်း မီးကွင်းများပစ်ခြင်းပြုခဲ့ရာ၊ ယခု ဆယ်နာရီခွဲခန့်တွင် ဂျင်ဂလိဒဏ်ရာဖြင့် ကျောက်ဖြူဆေးရုံသို့ လာရောက်ကုသရသူ အယောက် သုံးဆယ်ခန့်ရှိပြီ ဟု ကျောက်ဖြူမြို့ခံ ကိုအောင်စိုးသိန်းက Coral Arakan အားပြောကြားသည်။

“ကျွန်တော်တောင် ဂျင်ဂလိထိပြီး ဒဏ်ရာရသွားတဲ့လူတစ်ယောက်ကို ဆေးရုံပို့ခဲ့သေး တယ်။ ကျွန်တော် သွားပို့တဲ့အချိန်မှာ ဂျင်ဂလိထိလို့ရောက်လာတဲ့ လူနာက သုံးယောက်ပဲ ရှိသေးတယ်။ အခုက အယောက်သုံးဆယ်လောက်တောင် ဖြစ်နေပြီလို့ ပြောသံကြားတယ်” ဟု ကိုအောင်စိုးသိန်းက ဆိုသည်။

ဂျင်ဂလိ ထိခံရသော လူနာများထဲတွင် စစ်တပ်မှ ဗိုလ်ကြီး တစ်ယောက်နှင့် မီးသတ်ရန် ကြိုးစားနေသည့် မီးသတ်ရဲဘော်တစ်ဦး တို့ပါဝင်သည်ဟု ၄င်းက ပြောကြားသည်။

ဖေ့စ်ဘွတ် အသုံးပြုသူတစ်ဦးက ကျောက်ဖြူဒေသခံတစ်ဦးအား ဖုန်းဖြင့်ဆက်သွယ် မေးမြန်းရာတွင်၊ ယခုလက်ရှိမီးလောင်ကျွမ်းနေသော အပိုင်းများမှာ အရှေ့ပိုင်း၊ ပိုက်ဆိပ်ရပ်ကွက် နှင့် ဆားပြင်ကွင်းရပ်ကွက် တို့ ဖြစ်သည် ဟု ဆိုသည်။

ထို့အပြင် ကုလား (ဘင်္ဂါလီ)များ ၈နာရီဝန်းကျင်လောက်တွင် မီးကွင်းများစပစ်ခဲ့သည် ဟု ဆိုသည်။ ၄င်းဘင်္ဂါလီများသုံးသော မီးကွင်းတွင် သံလိုက်ပါသည် ဟု ဆိုသည်။

မီးလောင်ကျွမ်းခံခဲ့ရသော အိမ်များအနက် တိုင်းရင်းသားပိုင် အိမ် ခြောက်ဆောင် ပါဝင်သွားသည် ဟု သိရသည်။

ဘင်္ဂါလီများဘက်မှ ထိခိုက်ဒဏ်ရာရသူ အရေအတွက်ကိုမူ မသိရပေ။

စစ်တပ် နှင့် ရဲ က အခင်းဖြစ်နေရာကို ၀န်းရံပိတ်ဆို့ထားသောကြောင့် ယခုအချိန်တွင် နောက်ထပ် လူများ ၀င်လာနိုင်ခြင်းမရှိတော့ပေ။

ယခု ပိုက်ဆိပ်ရွာကို အခြေခံကာ တိုက်ခိုက်နေကြသော ဘင်္ဂါလီအင်အားမှာ ငါးထောင် မျှ ရှိနိုင်သည်ဟု တချို့က ခန့်မှန်းကြသည်။

(သောင်းကြွယ် ရေးသားသည်)

Coral Arakan  News 

No comments:

Post a Comment