Wednesday, October 24, 2012

မြေပုံမြို့ မြို့မဈေး အနောက်ဘက်ရှိရွာတွင် ဘင်္ဂလီများမှ မီးရှို့တိုက်ခိုက်ခြင်း ညနေ ( ၈း၃၀)အချိန်


http://arakantimes.net/burmese/images/MrayBon.jpg

အောက်တိုဘာ(၂၃)ရက်နေ့က ညနေ(၈)နာရီခွဲအချိန်တွင် မြေပုံမြို့ မြို့မဈေး အနောက်ဘက်ရှိရွာတွင် ဘင်္ဂလီများမှစတင်ကာ မီးရှို့တိုက် ခိုက်နေကြောင်း သတင်းရရှိသည်။မြေပုံမြို့ခံ အမျိုးသားတစ်ဦးက " ဘင်္ဂလီတွေဟာ ရခိုင်အိမ်တွေနဲ့နီးစပ်တဲ့ သူတို့အိမ်ကို မီးရှို့ပြီးတော့
ထွက်ပြေးတယ်။ အခုတော့ ဘင်္ဂလီအိမ်ကို မီးလောင်တာနဲ့ ရခိုင်အိမ်တွေကို ကူးပါတယ်။ မီးကူးတဲ့အတွက် ရခိုင်တွေက မီးလောင်နေတဲ့ အိမ်ကို မီးငြိမ်းသတ်ဖို့လုပ်တဲ့အချိန်မှာ ဘင်္ဂလီတွေက ဂျင်ကလိနဲ့ပစ်ပါတယ်။ ဒါကြောင့် မီးငြိမ်းသတ်ဖို့မရအတွက် အိမ်တွေကို မီးဆက်လက်လောင်ကျွမ်းနေပါတယ်။" ဟု ပြောသည်။

မြေပုံမြို့ခံ အမျိုးသမီးတစ်ဦးက " အခု မီးလောင်နေပါတယ်။ ဈေးအနောက်ဘက်က ရွာမှာပါ။ အဲဒီရွာနားက ဘုန်းကြီးက သံချောင်းခေါက်သံတော့ ကြားတယ်။ အကူညီတောင်းနေတာပါ။ ကျမတို့လည်း အပြင်မထွက်ရဲဘူး။ ယောက်ျားတွေ ကတော့ မီးလောင်နေတဲ့နေရာကို လိုက်သွားကြပါတယ်။" ဟု ယခုကဲ့သို့ ပြောကြားသွားသည်။

မြေပုံမြို့ မီးလောင်ကျွမ်းမှုမှာ ယမန်နေ့ည(၁၀)နာရီ ခွဲအချိန်ထိ ဆက်လက် လောင်ကျွမ်းနေကြောင်းသိရသည်။ ထို့အပြင် ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်ရှိ သပြုချိန်၊ လင်သီ၊ ရွှေလှေရွာတို့တွင် ဘင်္ဂလီများ အင်အား စုစည်းပြီး ရွှေလှေရွာဘုန်းကြီးကျောင်းသို့ မီးရှို့ရန် ကြိုးစားစဉ် စစ်တပ်နဲ့ ရဲတွေက အချိန်မှီထိန်း ချုပ်နိုင်ခဲ့သည့်အတွက် မအောင်မြင်ခဲ့ကြောင့်လည်း တယ်လီဖုန်းသတင်းအရ သိရှိရသည်။တယ်လီဖုန်းလိုင်း အခက် အခဲရှိသည့် အတွက် သတင်းအပြည့်အစုံကို ဆက်လက်ဖော်ပြပါမည်။

http://arakantimes.net/burmese/index.php/2012-02-24-06-58-57/580-2012-10-24-020254 မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။


ဆက်စပ်သတင်း


ကျောက်ဖြူတွင်လည်း မီးဟုန်းဟုန်း တောက်လောင်ပြီ

October 24, 2012 at 12:13 am

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် ရခိုင်နှင့် မွတ်ဆလင်များ တစ်ဘက်နှင့် တစ်ဘက် အကြီးအကျယ် မီးရှို့နေကြပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။


“ မွတ်လင်တွေက အဆင်သင့် လုပ်ထားတဲ့ မီးကွင်းတွေနဲ့ ပစ်တော့ ရခိုင်အိမ်တွေ အကြီးအကျယ် လောင်နေပြီ။ အခု မြင်နေရတယ်။ ပိုက်ဆိပ်မှာ ဖြစ်ပါတယ်။ အပြန်အလှန် ရင်ဆိုင်တိုက်ပွဲလည်း ဖြစ်နေပါတယ်” ဟု ဒေသခံ တစ်ဦးက ပြောသည်။

ယခုအခါ နေရာ အတော်များများကို မီးဟုန်းဟုန်း ထလောင်နေပြီ ဖြစ်ကြောင်း သူက ဆိုသည်။ယခုအချိန်ထိ တဘက်နှင့် တဘက် ရင်ဆိုင် တိုက်ခိုက်မူ ဖြစ်ပွားရာ ရခိုင်ဘက်က (၆) ဦးဆေးရုံကို ရောက်ရှိလာကြောင်း သိရသည်။မွတ်ဆလင်များဘက်က အထိအခိုက်ကို မသိရသေးကြောင်း သူက ပြောကြားသည်။

နိရဉ္စရာ - သတင်းဌာန



No comments:

Post a Comment