Tuesday, October 2, 2012

အိမ်မွေးတိရစ္ဆာန်(ခွေး)များ လိုင်စင်ပြုလုပ်ပေးပြီး ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်


နေပြည်တော် စည်ပင် သာယာရေး ကော်မတီ တိရစ္ဆာန် ဆေးကုနှင့် သားသတ်ရုံများ ဌာနမှ တိရစ္ဆာန် ဆေးကု ဆရာဝန် အဖွဲ့သည် နေပြည်တော် လယ်ဝေး မြို့နယ်ရှိ မြို့ပေါ် ရပ်ကွက်များသို့ စက်တင်ဘာ ၂၇ ရက်က သွားရောက်၍ အိမ်မွေး တိရစ္ဆာန်(ခွေး) ငယ်စာရင်းများ ပြုစု၍ မှတ်ပုံတင် စာအုပ်၌ ပိုင်ရှင်၊ မျိုးစိတ်၊ မျိုးရိုး၊ အထီး၊ အမ၊ အသက်၊ ထင်ရှား အမှတ် အသားနှင့် အရောင်၊ ကိုယ်အလေးချိန်၊ အတိုင်းအတာ၊ ပုံပန်း သဏ္ဌာန်များ ကောက်ခံ ရေးသွင်းခြင်း၊ အိမ်မွေး တိရစ္ဆာန်(ခွေး) မွေးမြူခွင့် လျှောက်လွှာ များ လက်ခံမှတ်တမ်း တင်ခြင်း၊ ခွေးရူးရောဂါ ကာကွယ်ဆေး (Anti-rabies Vaccine) ထိုးနှံပေးခြင်း၊ ကာကွယ်ဆေး ထိုးနှံပြီး ကြောင်း မှတ်တမ်း ကတ်ပြားများ ထုတ်ပေးခြင်းနှင့် ပိုင်ရှင် အသိ အမှတ်ပြု လည်ပတ်များ တပ်ဆင် ပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ခွေး ၅၉ ကောင်အတွက် ဆောင်ရွက်ပေးနိုင်ခဲ့သည်။

နေပြည်တော် စည်ပင် သာယာရေး ကော်မတီ အနေဖြင့် အိမ်မွေး တိရစ္ဆာန် များတွင် ထိုးနှံရမည့် ကာကွယ် ဆေးများ ထိုးနှံပေးခြင်း၊ ရာသီအလိုက် ဖြစ်ပွားတတ်သည့် ရောဂါများမှ ကာကွယ် ကုသခြင်း လုပ်ငန်းများအား နေပြည်တော် ကောင်စီနယ်မြေ မြို့နယ် (၈) မြို့နယ်အတွင်း စီမံချက် ချမှတ်၍ ဆက်လက်ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရှိရသည်။
From-မြ၀တီ

No comments:

Post a Comment