စက်သုံးဆီအရောင်းဆိုင်များ ရှိ လီတာပန့်များ၏ တစ်ဂါလန်
အမှန်ဆီထွက်နှုန်းအားကို ၄ ဒသမ ၅၄၆လီတာ အဖြစ် စံနှုန်းသတ်မှတ်ပြီး
တစ်နိုင်ငံလုံးတစ်ပြေးညီ သတ်မှတ်ရောင်းချရန် စွမ်းအင်ဝန်ကြီး ဌာနမှ
အောက်တို ဘာလ ၁၁ရက် နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပါ သည်။
စက်သုံးဆီဆိုင်ရှိ လီတာပန့် များ၏ Display Unit တွင် ၄ဒသမ ၅လီတာဟု
ဖော်ပြသည့် အချိန်တွင် အမှန်ဆီထွက်နှုန်းအားကို ၄ ဒသမ ၅၄၆လီတာပမာဏဖြစ်စေရန်
ပန့် ၏ဂါလန်မီတာကို ချိန်ညှိပြီးတိကျစွာ စံတိုက်၍ တစ်ပြေးညီသတ်မှတ်
ရောင်းချရမည်ဟု ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် စွမ်းအင်ဝန် ကြီးဌာနအပါအ၀င် အစိုးရဌာနဆိုင်ရာ
အားလုံးသည် နိုင်ငံတကာ၌ အသုံးပြုလျက်ရှိသော မတ်ထရစ် စနစ်သို့ပြောင်းလဲမှု
ဆက်စပ်ပုံသတ်မှတ်ချက်များအတိုင်း အသုံးပြုလျက် ရှိပြီး
စက်သုံးဆီအခြင်အတွယ်စနစ် ပြောင်းလဲမှုဆက်စပ်ပုံ သတ်မှတ်ချက်အရ တစ်ဂါလန်လျှင်
၎ ဒသ မ ၅၄၆လီတာဖြစ်ကြောင်း စွမ်း အင်ဝန်ကြီးဌာန မြန်မာ့ရေနံထွက်
ပစ္စည်းရောင်းဝယ်ရေး လုပ်ငန်းမှ ထုတ်ပြန်ေ ကြညာထားပါသည်။
မြန်မာနိုင်ငံတစ်ဝန်းရှိ လီတာပန့်အသုံးပြုပြီး တရားဝင်ဖွင့်လှစ်
ရောင်းချနေသော စက်သုံးဆီ အရောင်း ဆိုင်အားလုံး အဆိုပါသတ်မှတ်ချက်ကို
သိရှိလိုက်နာဆောင်ရွက်ရမည် ဖြစ်ကြောင်းနှင့် ထိုသို့လုပ်ဆောင်
နိုင်ရေး အတွက် မြန်မာနိုင်ငံစက်သုံး ဆီတင်သွင်း ရောင်းချဖြန့်ဖြူးရေး
အသင်းနှင့် ပြည်နယ်၊ တိုင်းဒေသကြီး ရေနံ ထွက်ပစ္စည်းများတင်သွင်း သိုလှောင်
သယ်ယူဖြန့်ဖြူးရောင်းချ ခြင်းလုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေး
ဆပ်ကော်မတီများထံ မြန်မာ့ရေနံ ထွက်ပစ္စည်းရောင်းဝယ်ရေး လုပ်ငန်း က
အသိပေး အကြောင်း ကြားပြီး ဖြစ်ကြောင်း သိရပါသည်။
ပုဂ္ဂလိကစက်သုံးဆီဆိုင်များ ဆီအခြင်အတွယ် မပြည့်မှုအကြောင်း
အများပြည်သူအကြား ကျယ်ကျယ်ြ ပန့်ပြန့်ဝေဖန်မှုများ ထွက်ပေါ်ခဲ့သောကြောင့်
ရန်ကုန်တိုင်းအတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များကို
ဝင်ရောက် စစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း သိရပါသည်။
မြန်မာ့ ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်း၊ ရန်ကုန်တိုင်း
ဒေသကြီးတိုင်းရောင်းဝယ်ရေး အရာရှိရုံး၊ ရန်ကုန်တိုင်းဒေသကြီး ပြည်တွင်း
အခွန်များဦးစီးဌာန၊ ရန်ကုန်တိုင်း ဒေသကြီး မီးသတ်ဦးစီးဌာနနှင့် ရန်
ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီတို့မှ ကိုယ်စားလှယ်များ ပါဝင်သော
စစ်ဆေးရေးအဖွဲ့သည် စက်တင်ဘာလ ၂၆နှင့် ၂၇ ရက်နေ့ များတွင် ရန်ကုန်စည်ပင်သာယာ
နယ်နိမိတ်အတွင်းရှိ ပုဂ္ဂလိက စက်သုံးဆီ အရောင်းဆိုင် ၂၃ ဆိုင်ကို
ရှောင်တခင် ၀င်ရောက်စစ်ဆေးပြီး နောက်၂၁ဆိုင်တွင် စက်သုံးဆီ
အခြင်အတွယ်ပြည့်မီခြင်း မရှိကြောင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်ပါသည်။
လက်ရှိ မြန်မာ တစ်နိုင်ငံလုံး တွင် ဖွင့်လှစ်ရောင်းချနေသော ပုဂ္ဂ
လိကစက်သုံးဆီဆိုင် ၄၀၀ ၀န်း ကျင်ရှိပြီး အသစ်ဖွင့်ခွင့်ပြုရန် စိစစ်နေသည့်
အရောင်းဆိုင် ၅၀၀ ကျော် ရှိပါသည်။ ပုဂ္ဂလိက စက်သုံးဆီ
သိုလှောင်ဖြန့်ဖြူးရောင်းချခွင့်ကို ယခင်ကအစိုးရကသာ ထိန်းချုပ်ထားပြီး
၂၀၁၀ပြည့်နှစ် ဇွန်လ ၁၀ ရက်နေ့မှ ပုဂ္ဂလိက စက်သုံးဆီ အရောင်းဆိုင်များ
ဖွင့်လှစ်ရောင်းချခွင့် ပြုခဲ့ခြင်းဖြစ်သည်။
From- Eleven Media Group
No comments:
Post a Comment