Wednesday, October 3, 2012

ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်စေလိုလျှင် အခြေခံဥပဒေပြင်ဆင်မှု ဦးစားပေး လုပ်ဆောင်သင့်

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်မည်ဆိုလျှင်ကြိုဆိုေ ကြာင်း နိုင်ငံတော်သမ္မတ၏ပြောကြားချက်သည် သံတမန်ရေးအရ ရလဒ်ကောင်းများ ပေါ်ထွက်လာရန် ပုဂ္ဂိုလ်ရေးအရ ပြောကြားခြင်းဖြစ်ပြီး အမှန် တကယ်ဖြစ်စေလိုလျှင် အခြေခံဥပဒေကို ပြင်ဆင်နိုင်ရန် ဦးစားပေးဆောင်ရွက် သင့်ကြောင်း မြန်မာနိုင် ငံရှေ့နေများကွန်ရက် အဖွဲ့ဝင်ဖြစ်သူ ဦးကိုနီက ပြောသည်။''ဥပဒေ ရှုထောင့်အရဆိုရင် လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေ အရ ဒေါ်အောင်ဆန်းစုကြည်ဟာ ဘယ် နည်းနဲ့မှ သမ္မတ မဖြစ်ပါဘူး။ ဥပဒေကို ပြင်ဆင်မှရမှာပါ''ဟု ၄င်း ကပြောသည်။ ၂ဝဝ၈ ခုနှစ်က အတည်ပြု ပြဋ္ဌာန်းခဲ့သည့် အခြေခံ ဥပဒေ အခန်း ၃ ပုဒ်မ ၅၉ ပါ နိုင်ငံ တော်သမ္မတနှင့် ဒုတိယသမ္မတများ ၏ အရည်အချင်း ဖော်ပြချက် အချက် ၇ ချက်၌ မိမိကိုယ်တိုင်သော် လည်းကောင်း၊ မိမိ၏မိဘတစ်ပါး ပါး သော်လည်းကောင်း၊ မိမိ၏ဇနီးသို့မဟုတ်ခင်ပွန်းသော်လည်းကောင်း၊ ထို တရားဝင်သားသမီးတစ်ဦးဦး၏ ဇနီး သို့မဟုတ် ခင်ပွန်းသော် လည်း ကောင်း နိုင်ငံခြားအစိုးရ၏ ကျေးဇူး သစ္စာတော်ကို ခံယူစောင့်ရှောက် ရိုသေသူ သို့မဟုတ် နိုင်င
ံခြား အစိုးရ၏ လက်အောက်ခံဖြစ်သူ သို့မဟုတ် တိုင်းတစ်ပါး၏ နိုင်ငံသား ဖြစ်သူများ မဖြစ်စေရ။ ထိုသူများ သည် နိုင်ငံခြားအစိုးရ၏ လက် အောက်ခံဖြစ်သူ သော်လည်း ကောင်း၊ တိုင်းတစ်ပါး ၏ နိုင်ငံ သား ဖြစ်သူသော်လည်းကောင်း ခံစား ရသော အခွင့်အရေးများနှင့် ကျေး ဇူးခံစားခွင့်များကို ခံစားနိုင်ခွင့် ရှိသူ များ မဖြစ်စေရဟု ပုဒ်မခွဲ(စ)အဖြစ် ဖော်ပြထားခဲ့သည်။

ယင်းအချက်သည် လက်ရှိ အင်္ဂလန်နိုင်ငံသား သားကြီးအလက် ဇန်းဒါးနှင့် သားငယ်ကင်အဲရစ်တို့ ၏ မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစု ကြည်မှာ ငြိစွန်းနေခြင်းကြောင့် သမ္မတအဖြစ် တင်မြှောက်ရန် အ မည်စာရင်း တင်သွင်းခံရသည့်တိုင်သမ္မတဖြစ်ခွင့်မရှိကြောင်း အခြေခံ ဥပဒေရေးရာကျွမ်းကျင်သူအချို့က ပြောသည်။

''ဒီကိစ္စက ပါးပါးလေးတွေပါ။ ဒေါ်စုကို တကယ်လို့ သမ္မတဖြစ်စေ ချင်လို့ ကျော်လွှားချင်တယ်ဆို လည်း လွှတ်တော်က ကျော်လွှား နိုင်တဲ့ နည်းလမ်းတွေ အများကြီး ရှိပါတယ်။ လုပ်မယ်ဆိုရင် လုပ် နိုင်စရာတွေအများကြီးရှိပါတယ်။ ကျွန်တော်ဆိုလိုချင်တာက ဒီလိုပါ။ သမ္မတကြီးအနေနဲ့ ဒီလို ထုတ် ပြောတာကို ကြိုဆိုရမယ်။ တကယ် ဖြစ်စေ ချင်တယ်ဆို လုပ်နည်းလုပ် ဟန်တွေ ပေါ်လာမှာပါ''ဟု ၈၈ မျိုးဆက်ကျောင်းသား ကိုဂျင်မီက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည် သမ္မ တအဖြစ် ရွေးချယ်ခံနိုင်ရန်မှာပထမ ဦးဆုံး အခြေခံဥပဒေပြင်ဆင်နိုင် ဖို့အခြေခံ ဥပဒေပြင်ဆင်ရန် ဆန္ဒရှိ သည့် လွှတ်တော်ကိုယ်စားလှယ် များလွှတ်တော်တွင်းရှိရန် လိုအပ် ကြောင်း အခြေခံဥပဒေရေးရာ ကျွမ်းကျင်သူအချို့က ပြောသည်။ အခြေခံ ဥပဒေပြင်ဆင် ရန်မှာ ပြည် ထောင်စုလွှတ်တော်ရှိ ကိုယ်စား လှယ်စုစုပေါင်း၏ ၂ဝ ရာခိုင်နှုန်း ကျော်က ဥပဒေကြမ်း အဖြစ် ပြည် ထောင်စုလွှတ်တော်သို့ တင်သွင်းရ မည်ဖြစ်ပြီး ပြည်ထောင်စုလွှတ် တော်ကိုယ်စားလှယ် အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် သဘောတူလက်ခံပြီးနောက် ပြည် လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပ၍ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏ ထက်ဝက်ကျော် ဆန္ဒမဲဖြင့်သာ ပြင် ဆင်နိုင်မည်ဖြစ်ကြောင်း အခြေခံ ဥပဒေတွင်ဖော်ပြထားချက်အရ သိ ရသည်။

From- Popular Myanmar News Journal‎

No comments:

Post a Comment