Thursday, October 25, 2012

ရခိုင်ပြည်နယ်တောင်ပိုင်းမှ ထွက်ပြေးတိမ်းရှောင်လာသော ဘင်္ဂလီကုလားများ မောင်တော်မြို့နယ်ကျောက်ပန်းတူရွာတွင်ခိုလှုံနေ


 

ယခုရက်ပိုင်းအတွင်း ရခိုင်ပြည်နယ်အနှံဖြစ်ပွားခဲ့သောအရေးအခင်းတွင် ရခိုင်ပြည်နယ်တောင်ပိုင်းမှ ထွက်ပြေး တိမ်းရှောင်လာခဲ့ကြသော ဘင်္ဂ လီကုလားဦးရေ (၂၀၀)ထက်မနည်းသူတို့သည် ယနေ့တွင် ကျောက် ပန်းတူ ရွာတွင်ခိုလှုံနေကြောင်းသိရပါသည်။

အဆိုပါဘင်္ဂလီများသည် ပင်လယ်ရေကြောင်းခရီးဖြင့် ထွက်ခွာလာပြီး ကျောက်ပန်းတူရွာသို့ ကမ်းတက်ခွင့်အား သက်ဆိုင်ရာမှခွင့်ပြုသဖြင့် ခိုလှုံနေခြင်းဖြစ်ကြောင်းသိရသည်။ မနက်ဖြန်တွင် မောင်တောမြို့၊ သက်ဆိုင်ရာ ဌာနများမှ အဆိုပါထွက်ပြေးတိမ်းရှောင်ခိုလှုံရန်ရောက်ရှိလာကြသူများအတွက် ယာယီရွက် ဖျင်တဲများဆောက် လုပ်ရန်အတွက်စီစဉ်ထားရှိပြီးဖြစ်ကြောင်း မောင်တောမြို့မှ မြို့ခံသားတစ်ဦးကပြောကြားခဲ့ပါသည်။ ကျောက် ပန်းတူရွာသို့ သွားရောက်ရန် အတွက်ကားများကို ကြိုတင်စီစဉ်ထားပြီဟုလည်း ကားငှားရမ်းခြင်းခံထားရသည့် ကားမောင်းဆရာတစ်ဦးမှပြောကြားခဲ့ပါသည်။ ကျောက်ပန်းတူရွာသည် မောင်တောမြို့မြောက်ဘက်ပိုင်း အလယ်သံကျော် အလွန်တွင်တည်ရှိပါသည်။

ယမန်နေ့ညနေပိုင်းတွင်ဖော်ပြခဲ့သော မောင်တောမြို့နယ်အတွင်း ကုလားများ ပွဲတော်အထိမ်းအမှတ်အဖြစ် မနက်လင်းအာရုဏ်တွင် သံချောင်းတီးခတ်မည့် အစီအစဉ်အား လုံခြုံရေးအခြေအနေအရ မပြုလုပ်ခဲ့ကြောင်း သိရသည်။
 
ဆက်စပ်သတင်း - 
ကျောက်ဖြူမြို့အနီးပတ်ဝန်းကျင်မှ ဘင်္ဂလီများအား သက်ဆိုင်ရာမှ လုံခြုံရေးအပြည့်ဖြင့် ထိန်းသိမ်းစောင့်ရှောက် မှုများပေးအပ်
---------------------------------------------------------------
ယခုလတ်တလောဖြစ်ပွားခဲ့သော အရေးအခင်းပဋိပခများကြောင်း ထွက်ပြေးတိမ်းရှောင်လာသော ဘင်္ဂလီများကို ကျောက်ဖြူမြို့ ကျောက်တစ်လုံးဘုရားအနီး ဆားကွင်းတွင် သက်ဆိုင်ရာ၏ စီစဉ်ပေးမှုဖြင့် လုံခြုံရေးအပြည့်ထားရှိပေးကာ ကောင်းမွန်စွာကာကွယ်စောင့်ရှောက်ပေးနေပြီဖြစ်ကြောင်းသိရသည်။ ယခု ယာယီခိုလှုံခွင့်ပေးထားသည့် ဆားကွင်းတွင် မည်သည့်အချိန်ကာလထိ နေထိုင်ခွင့်ပေးမည်ကိုမသိရှိရသေးကြောင်းစုံစမ်းသိရှိရပါသည်။

Rakhine Straight Views မှကူးယူဖော်ပြပါသည်။

No comments:

Post a Comment