Thursday, October 25, 2012

မြန်မာ့ အိမ်မွေးနွား(၂၉၉၃)ကောင် ဘင်္ဂလာသို့တင်ပို့


http://arakantimes.net/burmese/images/cowexporttobg.jpg

မြန်မာနိုင်ငံမှ ဘင်္ဂလဒေ့ခ်ျနိုင်ငံ မူဆလင် ဘာသာရေးပွဲတော်ဖြစ်သော ကူရဘင် သို့ နွား(၂၉၉၃)ကောင် ယခုအပတ်အတွင်း တင်ပို့ခဲ့ကြောင်း သတင်းရရှိသည်။မြန်မာနိုင်ငံ အနောက်ဘက် ရခိုင်ပြည်မှ ဘင်္ဂလာသို့ နယ်စပ်စီးပွားရေးတရားဝင် လမ်းကြောင်းမှ ယင်း(၂၉၉၃)ကောင်နွားကို
တင်ပို့ခဲ့ခြင်း ဖြစ်ကြောင်း၊ ကျွဲနှင့် တခြားအိမ်မွေးတိရိစ္ဆာန်များ တင်ပို့မှုများလည်းရှိခဲ့ကြောင်းနှင့် မှောင်ခိုလမ်းများမှ အမြောက်အများ တင်ပို့ခဲ့မှုများရှိခဲ့ကြောင်း နယ်စပ်သတင်းများက ဆိုသည်။

မြန်မာမှ ဘင်္ဂလာဒေ့ခ်ျနိုင်ငံ မူဆလင်ဘာသာရေးပွဲတော် စနေနေ့တွင် ကျရောက်ကျင်းပမည့် ကူရဘင်ပွဲတော်သို့ တင်ပို့ခဲ့သော နွားတစ်ကောင်၏တန်ဖိုးမှာ တာကာ(၂၅၀၀၀ိ/-)မှ (၄၀၀၀၀ိ/-)အထိ ကာလပေါက်ဈေးရှိကြောင်းနှင့် ယင်းမြန်မာ့အိမ်မွေးနွား(၂၉၉၃)ကောင် ဘင်္ဂလာတွင် ကာလပေါက်ဈေး စုစုပေါင်းတန်ဖိုးမှာ တာကာ(၇၄၈၂၅၀၀၀ိ/-)မှ တာကာ(၁၁)ကုဋေ (၉၇၂၀၀၀၀ိ/-)ရှိကြောင်း သိရှိရသည်။ မြန်မာ-ဘင်္ဂလာအကြား နယ်စပ်ငွေလှည်းလှဲနှုန်းထားမှာ (၁)တာကာကို (၉)ကျပ်ရှိကြောင်း သိရှိရသည်။

ထို့ပြင် ဘင်္ဂလာ သက်ဆိုင်ရာအာဏာပိုင်များက မြန်မာမှ ဘင်္ဂလာသို့ တင်သွင်းလာသော နွားအကောင်(၃၀၀)ခန့်အား လျှို့ဝှက် တရားမ၀င် လုပ်ဆောင်နေသည့် NGO များမှဝယ်ယူပြီး ဘင်္ဂလီမူဆလင်များအား လှူဒါန်းရန်စီစဉ်နေချိန်တွင် ယမန်နေ့ကအထိ ဖမ်းဆီးခဲ့ကြောင်း ဒေသထုတ်ဝပ်ဆိုက်ဒ်နှင့် သတင်းစာများက ဖေါ်ပြခဲ့သည်။ ဘင်္ဂလာ အာဏာပိုင်များအနေဖြင့် ဒေသအတွင်း ပန်းဝါ (ရာမူး)မြို့နယ်အတွင်း အကြမ်းဖက်မှုတွင် အကြမ်းဖက်သောင်းကျန်းသူများနှင့် ရခိုင်ပြည်တွင် အကြမ်းဖက်ခဲ့သော ဘင်္ဂလီမူဆလင်များ ပါဝင် ပတ်သက်မှုများရှိကြောင်း ထုတ်ဖေါ်ပြောဆိုထားသည်။
ယင်းနှစ်များက မြန်မာ့နွားများ ဘင်္ဂလာသို့တင်ပို့မှု ယခုနှစ်ထက်များပြားခဲ့သော်လည်း နွားဈေးမှာ အဆမတန်ဈေးတက်ခဲ့ကြောင်းနှင့် ယခုနှစ်တွင် တာခ်နာနှင့် ကော့စ်ဘဇားမြို့နယ်အတွင်း နွားသားတကေဇီတန်ဖိုး (၃၀၀)မှ (၂၀၀)သို့ ဈေးကျဆင်းသွားကြောင်း ဒေသခံများကပြောသည်။

Arakantimes.net မှ ကူးယူဖော်ပြပါသည်။

No comments:

Post a Comment