အစိုးရတပ်နှင့်ကချင်လွတ်
လပ်ရေးတပ် KIA တို့အကြားဖြစ် ပွားခဲ့သည့် စစ်ပွဲများကြောင့်
ဖားကန့်မြို့အတွင်း ထွက်ပြေးတိမ်း ရှောင်နေရသော စစ်ပြေးဒုက္ခသည်
(၈၀၀၀)ကျော်အနက်အချို့သည် မိမိနေရပ် သို့ အောက်တိုဘာ လဆန်းပိုင်းမှစပြီး
ပြန်သွားကြပြီ ဖြစ်ကြောင်း သိရသည်။ဖားကန့်မြို့ပေါ်ရှိ ကက်သလစ်အသင်းတော်ဘုရားကျောင်း နှစ်ခြင်းအသင်းတော်ဘုရားကျောင်း၊ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း တို့ တွင် ဒုက္ခသည်စခန်း ၃၉ခု ဖွင့် လှစ်ထားခဲ့ရသည်။ KIO နှင့် ပြည်ထောင် စုငြိမ်းချမ်းရေးလုပ်ငန်း ဖော်ဆောင်ရေး ကော်မတီကိုယ် စားလှယ်များ တွေ့ဆုံဆွေးနွေးမှု များ နှစ်လကျော် ရပ်ဆိုင်းထားပြီး ယနေ့အထိ ပြန်လည်တွေ့ဆုံမည့် နေရာကို ညှိနှိုင်း၍မရသေးကြောင်း အင်တာနက် သတင်း များပျံ့နှံ့ လျက်ရှိသည်။
From- The Hot News
No comments:
Post a Comment