Friday, October 12, 2012

ရိုးရိုးပဲနေချင်သည်ဆိုသော သမ္မတကြီး

ယနေ့ညနေပိုင်းတွင် ကြေညာခဲ့သော ငြိမ်းချမ်းရေးနိုဘယ်ဆု နှင့် ပတ်သက်ပြီး သမ္မတရုံး တာဝန်ရှိသူ ဦးဇော်ဌေး က The Voice Weekly သို့ အောက်ပါအတိုင်းမှတ်ချက်ပြု ပြောကြားသည်။ "နိုဗယ်ကြေညာတဲ့ ကိစ္စကို သမ္မတ မသိပါဘူး။ သမ္မတက ၀န်ကြီးတွေ အစည်းအဝေးခန်းထဲရောက်နေပါတယ်။

ဒီမိုကရေစီ လမ်းကြောင်းပေါ်ရောက်ဖို့ ပြုပြင်ပြောင်းလဲရေးလုပ်ဆောင်နေတာဟာ အဖွဲ့အစည်းတွေ နိုင်ငံ တကာက ပေးတဲ့ ဆုတွေ လိုချင်လို့မဟုတ်ပါဘူး။ ပြည်သူဘ၀ တိုးတက်ပြီး ဒီ လမ်းကြောင်း ပေါ်ရောက်စေ ချင်တဲ့အတွက် ကြိုးစားလုပ်ဆောင်နေတာပါ။

ယခင် အစိုးရ လက်ထက် ၀န်ကြီးချုပ် ဘ၀နဲ့ တာဝန်ထမ်းဆောင်စဉ်က နိုင်ငံတကာ တက္ကသိုလ်အချို့က ဆုတံဆိပ် ချီးမြင့်ဖို့ အကြိမ်ကြိမ်ကမ်းလှမ်းခဲ့ပေမယ့် လက်မခံခဲ့ပါဘူး။


သမ္မတကြီးရဲ့ စိတ်ဆန္ဒကတော့ ရိုးရိုးပဲနေချင်တယ် ထင်ပေါ်ကျော်ကြားတာကို မလိုချင်ပါဘူး။ Short List (ဇကာတင်စာရင်း) ထဲမှာ ပါတာက မြန်မာ သမ္မတကြီးဆောင်ရွက်နေတဲ့ လုပ်ဆောင်ချက်တွေ တိုးတက်ပြောင်း လဲ တိုးတက်မှုတွေ ကနေပြီး ရောင်ပြန်ဟပ်တဲ့ သဘောလို့ ထင်ပါတယ်။


နိုင်ငံတကာ သူရဲ့လုပ်ဆောင်ချက်တွေ အပေါ် ထောက်ခံအားပေးတဲ့ သဘောလို့ မှတ်ယူပါတယ်"
 
From- The Voice Weekly 

2 comments:

  1. ကိုယ့်အလုပ်ကိုကိုယ် စိတ်ရှင်းရှင်းလင်းလင်း လုပ်ပါစေ၊ မလိုအပ်သော မျှော်လင့်ချက်များမရှိပါစေနှင့်၊ မိမိပြည်သူ၊နိုင်ငံ၊အဖွဲ့အစည်းပေါ် ရေရှည်သစ္စာရှိသောလမ်းမှန်ကို ရွေးချယ်ပါ၊ ၂၀၁၅ အပြီးတစ်ခုတည်း မကြည့်ပါနှင့်။ ကပ်၍မြှောက်ပေးနေသူများ အတင်းကြီးမလုပ်ကြပါနှင့်၊ သမိုင်းမလှ၍ လုပ်မယူကြပါနှင့်။ပြည်သူတစ်ဦး၏ ထာဝရလက်ခုပ်သံသည် ၎င်းဆုထက် တန်ဖိုးကြီးပါသည်။

    ReplyDelete
  2. သမတကြီးကို အေးချမ်းစွာနဲ့ဘဲတိုင်းပြည်တာဝန်တွေထမ်းဆောင်စေချင်ပါသည်။ နိုဘယ်ဆု၏နောက် ကွယ်မှ နှောင်ကြိုးများကမနှောင်ဖွဲ့စေချင်ပါ။ ဂေါ်ဘာချော့ဗ်၊ ဒေါ်စုကြည်တို့ လိုမဖြစ်စေချင်ပါ။

    ReplyDelete