Tuesday, October 23, 2012

မြောက်ကိုရီးယားနဲ့ ကိစ္စ လမ်းကြောင်းမှန်ပေါ် မြန်မာ ရှိဟု "ကန်" ဆို

 မြောက်ကိုရီယား ပေါ်လစီဆိုင်ရာ အမေရိကန် အထူးသံတမန် Glyn Davis က ပီကင်းတွင် သတင်းထောက်များအားပြောနေပုံ၊ ဓာတ်ပုံ- ရိုက်တာ 
မြန်မာနိုင်ငံဟာ မြောက် ကိုရီယားနိုင်ငံနဲ့ စစ်ရေး ဆက်ဆံမှု ရှိနေတာကို နောက်ဆုတ်ဖို့အတွက် လမ်းကြောင်း မှန်ပေါ် ရောက်နေပြီလို့ အမေရိကန် ပြည်ထောင်စုက ယုံကြည်ကြောင်း၊ ဒါပေမယ့် ဒါကို အခိုင်အမာ အသိအမှတ်ပြုနိုင်ဖို့ အတွက် အချိန်ယူရအုံးမှာ ဖြစ်တယ်လို့ မြောက်ကိုရီယားနျူးကလီးယား အငြင်းပွားမှု ဆိုင်ရာ အမေရိကန် အထူး သံတမန် က ယမန်နေ့က ပြောလိုက်ပါတယ်။ 

မြောက်ကိုရီယား ပေါ်လစီဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် Glyn Davies က တရုတ်နိုင်ငံ ပီကင်း ကို ရောက်စဉ်မှာ တချိန်က ဘာမားခေါ်တဲ့ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးမြှင့်တင်နေ ခဲ့ကြောင်း၊ မြောက် ကိုရီယား နဲ့ မြန်မာ ဆက်ဆံရေးဟာ ၀ါရှင်တန်ကို စိတ်ပူမှု ဆက်ဖြစ်စေခဲ့တာလို့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ 

“မြန်မာဟာ အနေနဲ့ မြောက်ကိုရီယားနဲ့ သူတို့ရဲ့ ဆက်ဆံရေးကို အခြေခံ ကျကျ အဆုံးထိ မဟာ ဗျူဟာမြောက် ဆုံးဖြတ် ချက်ကိုတော့ ချမှတ်ပြီးဖြစ်တယ်ဆိုတဲ့ လမ်းမှန်ပေါ် ရောက်နေပြီလို့ ကျနော် ထင်တယ်။ မြောက်ကိုရီယား( DPRK) နဲ့ သူတို့ ဆက်ဆံရေး နောက်ဆုံး အန္တိမ ထိ ရောက်ဖို့ပေါ့” လို့ Davies က မြောက်ကိုရီယားရဲ့ တရားဝင်နာမည်ဖြစ်တဲ့ (Democratic People’s Republic of Korea- DPRK) လို့ သုံးစွဲပြီး ပြောခဲ့တာပါ။ 

မြန်မာ- မြောက်ကိုရီယား ၂ နိုင်ငံ ဆက်ဆံရေးက အချိန်တော်တော် ကြာကတည်းက ရှိနေခဲ့ပြီး ဒီလို ဆက်ဆံရေးကို ကျော် လွှားဖို့ကလည်း အချိန်နည်းနည်းတော့ ယူရမှာဖြစ်ကြောင်း၊ အခုထိတော့ ဆက် ဆံရေးဖြစ်စဉ်က ရှိနေသေးကြောင်း သူက ဆက်ပြောထားပါတယ်။ 

မြန်မာနိုင်ငံဟာ ဆယ်စုနှစ်တွေနဲ့ ချီပြီး စစ်အုပ်ချုပ်ရေးနဲ့ တသီးတခြား နေလာခဲ့ရာက ယမန်နှစ်လောက်က စပြီး အဖက် ဖက်က ပြုပြင်ပြောင်းလဲရေးကို စလုပ်ခဲ့တာပါ။ နိုင်ငံရေး အကျဉ်းသားလွှတ်ပေး တာ၊ ရွေးကောက်ပွဲ ကျင်းပပေးတာ၊ စီးပွား ရေး ဒဏ်ခတ်ပိတ်ဆိုမှုတွေ ဖယ်ရှားပေးခဲ့တဲ့ အမေရိကန်နဲ့ ပုံမှန်ဆက်ဆံရေး ပြန်ထူထောင်မှု စတာတွေ လုပ်ခဲ့တာပါ။ 

အရှေ့တောင် အာရှ နိုင်ငံရဲ့ ကာကွယ်ရေး ၀န်ကြီးကလည်း မြန်မာဟာ တိုးတက်မှု တစုံတရာ မရဖူးတဲ့ နျူးကလီယား အစီအစဉ် သုတေသန လုပ်ငန်းကို စွန့်လွှတ်ခဲ့ပြီဖြစ်ကြောင်း၊ မြောက်ကိုရီယားနဲ့ စစ်ရေး၊ နိုင်ငံရေး အနီးကပ် ဆက်ဆံမှု ခြေလှမ်းတွေ ပြန်ဆုပ်ခဲ့ကြောင်း ပြီးခဲ့တဲ့ ဇွန်လ က ပြောခဲ့ပါတယ်။ 

လွန်ခဲ့တဲ့ ၂ နှစ်လောက်က သတင်းပို့ချက်တွေမှာ မြန်မာဟာ အနုမြူလက်နက် အစီအစဉ်အတွက် ကဏ္ဍ 
တော်တော် များများမှာ တလျှောက်လုံးဆက်ဆံလာခဲ့တဲ့ မြောက်ကိုရီယားဆီက ယူရေနီယံ သန့်စင်ဖို့ အတွက် နည်းပညာ ရယူခဲ့တယ်လို့ ရိုက်တာ သတင်းတပုဒ်က ဆိုထားခဲ့ပါတယ်။ 

ကုလသမဂ္ဂ ဆွေးနွေးပွဲ တခုမှာ လေ့လာစောင့်ကြည့်သူတွေက မြောက်ကိုရီယားအပေါ် ဒဏ်ခတ် ပိတ်ဆို့ မှုတွေ ဆက်ရှိနေဖို့ ပြောဆိုထောက်ပြခဲ့ပါတယ်။ ဒါကလည်း စုံစမ်းစစ်ဆေးမှု ဆိုင်ရာ သတင်း ပို့ချက်အရ ပြုံယမ်း၊ ဆီးရီးယားနဲ့ မြန်မာတို့ဟာ လက်နက်ဆိုင်ရာ ကိစ္စဆက်နွယ်မှုတွေ  ရှိနိုင်တယ်ဆိုတဲ့ အချက် 
ကြောင့်ပါပဲ။ 

အခုချိန်ထိလည်း မြောက်ကိုရီယားနိုင်ငံကို ကုလသမဂ္ဂအဖွဲ့ကြီးက  ကြီးမားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ဆက်လက် ထားရှိဆဲဖြစ်ပါတယ်။ 
From -ဧရာဝတီ

No comments:

Post a Comment