Tuesday, October 23, 2012

နိုင်ငံတော် သမ္မတ ကို ဒေါ်အောင်ဆန်းစုကြည် ဝေဖန်

သမ္မတကြီးပြောကြားခဲ့သော ပြည်သူလူထုကသာလိုလားပါက ဒုတိယသက်တမ်းကို ထမ်းဆောင်သွားမည်ဟူသော မေးခွန်းအပေါ် “နောက်သက်တမ်းမှာ အရွေးချယ်ခံချင်တဲ့ မည်သူမဆို အားလုံးကနေ မျှမျှတတအခြေခံပေါ်ကနေ ရွေးချယ်နိုင်အောင်လို့ ကြိုးစားပေးစေချင်တယ်။ အကုန်ပြင်ရမှာပဲ။ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေကြီးက တရားမျှတမှုမှမရှိတာ။ တရားမမျှတတဲ့ ဥပဒေအရတော့ ခေါင်းဆောင်လုပ်ချင်စိတ် မရှိသင့်ဘူးလို့ ဒီလိုပဲမြင်တယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြန်လည်ဖြေကြားခဲ့သည်။



ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ရန် လွှတ်တော်အမတ်များပေါ်တွင်သာမူတည်ကြောင်း သမ္မတကြီး၏ပြောကြားချက်အပေါ် “တကယ် ဒီမိုကရေစီလိုလားတဲ့သူတိုင်းမှာ ဒီမိုကရေစီနဲ့မကိုက်ညီတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေထဲက ပုဒ်မတွေကို ပြင်ဆင်ဖို့က ကိုယ့်တာဝန်ပဲလို့ မှတ်ယူရပါမယ်။ နောက်ပြီးတော့ နိုင်ငံတော်သမ္မတကြီးက ဖွဲ့စည်းပုံအခြေခံဥပဒေညီလာခံရဲ့ဥက္ကဋ္ဌမဟုတ်ဘူးလား”ဟု ဒေါ်အောင်ဆန်းစုကြည်က မေးခွန်းထုတ်ဖြေကြားခဲ့သည်။
From -EMG

No comments:

Post a Comment