Thursday, October 25, 2012

ကျောက်ဖြူမြို့ အဝေးပြေးဂိတ်နားမှ ရွှေနံသာကျောင်းနှင့် မာရမာကြီးကျောင်းသို့ ဘင်္ဂလီများ မီးရှို့ရန်သွားရောက်


http://arakantimes.net/burmese/images/KyaukPhru_Fire_1.jpg

ကျောက်ဖြူမြို့၊ မြစ်နားတန်းရပ်ကွက်နှင့် ပိုက်သည်ရပ်ကွက်တွင် ဘင်္ဂလီ များ အကြမ်းဖက် မီးရှို့တိုက်ခိုက်မှုကြောင့် ရခိုင် (၂) ဦး သေဆုံး သွားကြောင်း သတင်းရှိရသည်။ယနေ့နေ့လည် (၁၁)နာရီကျော်တွင်လည်း ဘင်္ဂလီများသည် အဝေးပြေးဂိတ်နားမှ ရွှေနံသာကျောင်းနှင့်
မာရမာကြီးကျောင်း သို့ ဘင်္ဂလီများ မီးရှို့ရန်သွားသဖြင့် လုံခြုံရေးနှင့် မီးသတ်ကားများ ရောက်ရှိနေကြောင်း သိရှိရသည်။ကျောက်ဖြူမြို့ ပရဟိတ ကျောင်းဆရာတော်က " မနေ့ အခင်းဖြစ်ပွားမှုမှာ ရခိုင် (၂)ယောက်သေလို့ ဒီနေ့ပဲ မီးသဂြိုလ်လိုက် ပါတယ်။ အခုလမ်းတွေလည်း အကုန်လုံး ပိတ်ထားပါတယ်။ တစ်ယောက်မှ ဝင်ခွင့်မပေးပါဘူး။

လုံခြုံရေးကို စစ်တပ်ကကိုင်ထားပြီးတော့ ကျောက်ဖြူမြို့တစ်ခုလုံးက တပ်ရင်း (၃) ခုဖြစ်တဲ့ ခမရ (၅၄၁ ၊ ၅၄၂ ၅၄၃) က တာဝန်ယူထား ပါတယ်။ အိမ်မီးထဲပါသွားတဲ့ ဒုက္ခသည်(၂၀၀) နီးပါးခန့်ကို သာသနာ့ဗိမာန်မှာ ထားရှိထားပါတယ်။ မနေ့ညတုန်းက ဘင်္ဂလီ (၇၀)ကျော်လောက် စုဝေးပြီးတော့ ရွှေနံသာကျောင်းနှင့် မာရမာကြီးကျောင်းကို မီးရှို့ရန်ကြိုစားတာ ရဲနှင့် မီးသတ်တို့ ရောက်ရှိလာလို့ တားဆီးနိုင်လိုက်ပါတယ်။ 

အခုလက်ရှိ အခြေအနေမှာ ခမရ စစ်တပ်အဖွဲ့ကမြို့ထဲကိုလှည့်၍ ပုဒ်မ (၁၄၄) ညမထွက်ရအမိန့်ကတော့ နံနက် (၆) နာရီ ကနေ ည (၆) နာရီထိ ထုတ်ပြန်ဖြစ်မယ် ထင်ပါတယ်။ " ဟု ပြောသည်။ဘင်္ဂလီများသည် မိမိအိမ်ကို မိမိရှို့ကာ ဘုတ်၊ လှေ အစီး (၄၀)ခန့်ဖြင့် ထွက်ပြေးသွားပြီး ကျောက်ဖြူနှင့် ရေမိုင် (၁၀) ကျော်ခန့် အဝေးတွင်စုဝေးနေကြကြောင်း သိရှိရသည်။

Arakantimes.net  မှကူးယူဖော်ပြပါသည်။
============================================================

ဆက်စပ်ရုပ်သံသတင်း

စစ်တွေမြို့အထွေထွေရောဂါကုဆေးရုံကြီးတွင်ရောက်ရှိနေသောလူနာအချို့နှင့်(DVB)မေးမြန်းချက် ရုပ်သံ


No comments:

Post a Comment