Thursday, October 25, 2012

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကြေညာချက်

ရခိုင်ပြည်နယ်ဒေသအချို့တွင် အဆောတလျင်ဖြစ်သည့် စိတ်ငြိုငြင်စေမှု ၊ သို့မဟုတ် အန္တရာယ်ဖြစ်လိမ့်မည်ဟု စိုးရိမ်ဖွယ်ရှိသဖြင့် တားဆီးနိုင်ရန် ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ အရ အမိန့်ထုတ်ပြန်ထားရှိပါသည်။
 ယခုအခါ ရခိုင်တိုင်းရင်းသား နှင့် ဘင်္ဂလီလူမျိုးတို့အကြား ကျောက်ဖြူ ၊ မင်းပြား ၊ မြောက်ဦး ၊ အမ်း ဒေသ များတွင် ပဋိပက္ခများထပ်မံဖြစ်ပွားလာသဖြင့် လူအသေအပျောက်များရှိခဲ့ပြီး ၊ ဒဏ်ရာရရှိသူအများ အပြားလည်းရှိကြောင်း ၀မ်းနည်းဖွယ်ရာကြားသိရပါသည်။
 ရခိုင်ပြည်နယ်၌ဖြစ်ပွားခဲ့သော ပဋိပက္ခများကို ထိန်းသိမ်းရေး နှင့် တည်ငြိမ်အေးချမ်းမှု ရရှိစေရေး အတွက်နိုင်ငံတော် အစိုးရ နှင့် လုံခြုံရေးဆိုင်ရာတာဝန်ရှိသူများက ပိုမိုဝိရိယစိုက် ထုတ်ဆောင်ရွက် ရန်လို အပ်နေပါသည်။
 နိုင်ငံတော်အစိုးရနှင့် လုံခြုံရေးဆိုင်ရာ တာဝန်ရှိသူများက ပိုမိုထိရောက်သော လုပ်ဆောင်မှုများ အမြန်ဆုံးေ ဆာင်ရွက်ပါရန် အလေးအနက်တိုက်တွန်းပါသည်။(၂၄.၁၀.၂၀၁၂)တွင် ပြုလုပ်သော ဗဟိုအလုပ်အမှုဆောင် အဖွဲ့၏ အစည်းအဝေးဆုံးဖြတ်ချက်အရ သိရှိရပါသည်။  - Hot News သတင်းအဖွဲ့-


Hot News Journal မှ ကူးဖော်ပြပါသည်။
============================================================
ရန်ကုန်မြို့ ဆက်စပ်သတင်း

ယဉ်မောင်းလား လူမိုက်လား

 

ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဉ်လိုင်းပေါင်းစုံထိန်း သိမ်းရေးကော်မတီဌာနခွဲ (၃) လက်အောက်ရှိ ဒဂုံမြို့သစ်အရှေ့ ပိုင်းမြို့နယ် ၁၃ ရပ်ကွက်မှ ဆူးလေ သို့ပြေးဆွဲလျက်ရှိသော (၃၆ မ.ထ.သ) မော်ေ တ်ာယာဉ်အမှတ် ၄ဃ/၆၀၀၁-မှ ယာဉ်မောင်းကို လှိုင်ဇော်ထွန်းနှင့် ယာဉ်အကူကို ကျော်လှိုင်မင်းကို သက်မင်းထိုက် တို့သည် အောက်တိုဘာ ၂၁ ရက်  (တနင်္ဂနွေနေ့) နံနက် ၁၀း၄၅ နာရီအချိန်ခန့်တွင် ၁၃ ရပ်ကွက် ဂိတ်ရင်းမှစ၍ ကုန်ပဒေသာမှတ် တိုင်အထိ မှတ်တိုင်မဟုတ်သော  နေရာများတွင် ခရီးသည်တင် ဆောင်ခြင်းပြုလုပ်နေကြောင်း တွေ့ရှိရသည်။ ခရီးသည်များ ကား  ပေါ်ရောက်လျှင် ယာဉ်မောင်းနှင့်  ယာဉ်နောက်လိုက် (၃) ယောက်  မှ မချေမငံရိုင်းပြစွာပြောဆိုဆက် ဆံ၍ ခရီးသည်များနှင့် စကားများ    နေသည်ကိုကားပေါ်တွင်ပါလာ သော ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် (၁၃) ရပ်ကွက်မှ ကိုအောင်နှင့် (၈)  ရပ်ကွက်မှ ကိုဟန်မြင့်အောင်တို့ နှင့် အတူတွေ့မြင်နေရပါသည်။

အဆိုပါကားသည် ရန်ကင်း စာတိုက်မှတ်တိုင်အရောက် (၂) နှစ်ကျော်ခန့်ကလေးကိုချီထားသော  မိန်းကလေး တစ်ယောက်ကားပေါ်   တက်ရောက်နေစဉ် ယာဉ်မောင်း  က လီဗာနင်းကလပ်လွှတ်လိုက်၍ ကားဆောင့်ထွက် ရာခြေနင်းခုံတွင်   မတ်တတ်ရပ်နေသောမိန်းကလေး  မှာ ယိုင်ထိုးသွားခြင်းကြောင့် မိန်းကလေး၏ ခင်ပွန်းဖြစ်သူ က စပယ်ယာက မမောင်းခိုင်းဘဲ မောင်းရမလားဟုယာဉ်မောင်း အား တစ်ခုခု ဖြစ်သွားနိုင်ကြောင်း  ပြောရာ ယာဉ်မောင်းမှ ငါလည်း ဘက်  ကြည့်မှန်ကြည့်မောင်းတာ စသည်ဖြင့် မချေမငံရိုင်းပြ စွာ ပြောဆို ဆက်ဆံခြင်းကြောင့် မိန်း ကလေးမှ ဆက်ပြီးစကားများမည် စိုး၍ ရန်ကင်းကြားမှတ်တိုင်တွင် သူမ၏ ခင်ပွန်းကိုခေါ်၍ ကား ပေါ်မှ ဆင်းသွားသည်ကိုတွေ့မြင် ရသည်။

မော်တော်ယာဉ်လုပ်သား များလိုက်နာရမည့် အဓိဋ္ဌာန် (၅) ချက်မှ နံပါတ် (၂) ဖြစ်သော ခရီး သည်များ အားပြေပြစ်စွာဆက်ဆံ ပါမည်နှင့် နံပါတ် (၃) ဖြစ်သော   ယာဉ်စည်းကမ်းလမ်းစည်းကမ်းကို တိကျစွာ လိုက်နာ ပါ မည်ဆိုသော ဆိုသောအဓိဋ္ဌာန် (၂) ခုအား ဖောက်ဖျက်ရာကျကြောင်း ခရီး သည်လင်မယား (၂) ယောက်နှင့်  အဆိုပါ ကားပေါ်တွင်ပါလာသော   ကိုအောင်နှင့် ကိုဟန်မြင့်အောင်  တို့ကပြောပြ၍ သိရသည်။
အရိန္ဒမာ (ဘိုကလေး)
Hot News Journal



1 comment:

  1. ထိထိရောက်ရောက်အရေးယူပေးမှ နောင်မလုပ်မှာပါ

    ReplyDelete