အမေရိကန်အစိုးရသည် ယခုအခါ စစ်အုပ်ချုပ်ရေး လက်အောက်၌ ဆယ်စုနှစ်များစွာ ရှိခဲ့သော မြန်မာအပေါ် ဒဏ်ခတ်ပိတ်ဆို့ အရေးယူထားမှုများ အားလုံးကို ထင်ထင်ရှားရှားပင် ရုပ်သိမ်းပြီးသလောက် ဖြစ်နေပြီဖြစ်သည်။ ပြီးခဲ့သည့် လကုန်ပိုင်းကလည်း အမေရိကန်ကွန်ဂရက်သည် အာရှဖွံ့ဖြိုးရေးဘဏ်၊ ကမ္ဘာ့ဘဏ်နှင့် နိုင်ငံ တကာငွေကြေးရန်ပုံငွေအဖွဲ
ကမ္ဘာ့ဘဏ်သည် ယခုအခါ အာရှဖွံ့ဖြိုးရေးဘဏ်နှင့်တွဲ၍ မြန်မာအပေါ် တင်ရှိနေသော ကြွေးကျန် ဒေါ်လာသန်း ၉၀၀ ခန့်ကို ဖယ်ရှားရန် ပူးတွဲလုပ်ဆောင်နေပြီး ကြွေးမြီလျှော်ပစ်ခြင်းကိစ္စ အပြီးသတ်ပါက ယခုအမေရိကန်၏ ဘဏ္ဍာရေး ဖြေလျော့မှုနှင့်အတူ ၂၀၁၃ နှစ်ဆန်းပိုင်းတွင် မြန်မာသို့ ချေးငွေများ ပြန်ထုတ်ပေးနိုင် ရန် ပြင်ဆင်ေ နကြောင်း ပြောကြားထားသည်။
မြန်မာသို့ အာရှဖွံ့ဖြိုးရေးဘဏ်နှင့် ကမ္ဘာ့ဘဏ်တို့၏ နောက်ဆုံး ထုတ်ချေးခဲ့သော ကြွေးမြီများမှာ ၁၉၈၀ နှောင်းပိုင်းကာလများက ဖြစ်သည်။
From- 7Day News Journal
No comments:
Post a Comment