Thursday, October 11, 2012

ပညာရေးစနစ် မည်မျှပြောင်းပြောင်း ကျောင်းသားလိုက်မပြောင်းလျှင် တိုးတက်မည်မဟုတ်ဟု ဒေါ်အောင်ဆန်းစုကြည်ဆို

ကော့မှူးမြို့နယ် အခြေခံပညာ အထက်တန်းကျောင်းအတွင်းရှိ စာသင် ခန်းများသို့ ဝင်ရောက်ပြီး ကျောင်း သူ ကျောင်းသားတွေကို လက်ရှိတက်နေ သည့်ကျောင်းနှင့် ပတ်သက်ပြီး အကြိုက်ဆုံးနှင့် မကြိုက်ဆုံးအရာဆို ပြီး မေးမြန်းသည့်အခါတွင် ကျောင်း သူတစ်ဦးက ကျောင်းနှင့်ပတ်သက်ပြီး စာသင်ရသည်ကို ကြိုက်နှစ် သက် ကြောင်းပြောပြခဲ့ပြီး ကျောင်းသားတစ် ဦးက စာမရသည့်အခါ ဝိုင်းကဲ့ရဲ့ကြ သည်ကို မကြိုက်ေ ကြာင်း ပြောပြ သည်။ယင်းအဖြေနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ''ကဲ့ရဲ့တာ ကို အမေမကြိုက်ဆုံးပဲ။ သူများကို လက်ညှိုးတစ်ချောင်းထိုးတော့မယ်ဆို ရင် ကိုယ့်ကို သုံးချောင်းပြန်ထိုးနိုင် တယ်ဆိုတာ သတိရရမယ်။ ကိုယ်က စာမကျက်လို့ မရတာလား။ စာကျက် ရဲ့သားနဲ့ စာမရတာဆိုရင်တော့ တစ် မျိုးပေါ့။ ကိုယ်ကလဲ ပိုကြိုးစားဖို့လို တယ်။ သူများကိုကဲ့ရဲ့ချင်တဲ့သူဟာ ကိုယ်ညံ့လို့ ကိုယ့်ထက်ညံ့တဲ့သူရှိပါ သေးလားဆိုပြီး ကဲ့ရဲ့တတ်တာ''ဟု ဆက်လက်ဆုံးမစကား ပြောသည်။
ယင်းနောက် ဒေါ်အောင်ဆန်းစု ကြည်သည် စာသင်ခန်းတစ်ခုထဲဝင်၍ အတန်းထဲမှ အင်္ဂလိပ်စာအမှတ်အများ ဆုံးသူကို မတ်တပ်ရပ်ပြစေပြီး လက်ရှိ သင်ပြီးသော သင်ခန်းစာမှ အင်္ဂလိပ် စာပိုဒ်တစ်ခုကို အသံထွက်ဖတ်ခိုင်း သည်။ ထို့နောက် ကျောင်းသားတစ်ဦး ကို ယင်းဖတ်ပြပြီးသော စာပိုဒ်နှင့်ပတ် သက်ပြီး ဘာတွေမှတ်မိ သနည်းဟု မေးမြန်းပြီး ရှင်းပြစေသည်။
''အခုခေတ်မှာ အင်္ဂလိပ်ဘာသာ ကို ကျွမ်းကျွမ်းကျင်ကျင် တတ်နေဖို့ သိပ်အရေးကြီးတယ်။ နိုင်ငံက ကမ္ဘာနဲ့ ယှဉ်ပြီး အလုပ်လုပ်နေတဲ့ နိုင်ငံဖြစ်နေ ပြီ။ ကမ္ဘာက အများဆုံးသုံးတဲ့ ဘာ သာစကားဖြစ်တဲ့ အင်္ဂလိပ်ဘာသာ စကားကို ကျွမ်းကျင်ဖို့ လိုအပ်တယ်။ အဲ့ဒါကိုတော့ ကြိုးစာပါ''ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
 From- The Street View

No comments:

Post a Comment