Thursday, October 11, 2012

ရှေးဟောင်းအမြောက်ကြီးတူးဖော်တွေ့ရှိခဲ့ခြင်း

ပြည်သူရင်ပြင်၌ အဆောက်အဦးဆောက် လုပ်ရန်အတွက် တွင်းတူး စဥ်မြေ ဆယ်ပေ အနက် အရောက်တွင် ရှေးဟောင်း အမြောက်ကြီး တူးဖော်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ၎င်းအမြောက်ကြီးမှာ အရှည် ၁၃ ပေ ၁ လက်မ၊လုံးပတ် ၁၀ ပေ ၃ လက်မ ပြောင်းအချင်း ၁၈ လက်မ ၊ ကျဉ်ထွက်ပေါက် ၉ လက်မ ရှိကြောင်းသိရသည်။

ထိုအမြောက်ကြီးကို မြေတူးစက် ၂စီးဖြင့် မြေပေါ်သို့ လှိမ့်တင်ခဲ့ရပြီး မည်သည့်ခေတ်က အမြောက်ဖြစ်ကြောင်း ကို ရှေးဟောင်းသုတေသနဦးစီးဌာန မှစုံစမ်းစစ်ဆေးသွားမည်ဟု သိရသည်။ယင်းအမြောက်ကြီးကို ယန္တရား စက်မောင်းဦးကျော်ကျော်လေး က တွေ့ရှိခဲ့ခြင်းဖြစ်သည်။

From- News of Myanmar

No comments:

Post a Comment