Thursday, October 11, 2012

သတင်းထောက်များ အလိုရှိသည်

Living Color Media က ထုတ်ဝေမည့် နေ့စဉ်ထုတ် သတင်းစာနှင့် Online မီိဒီယာ လုပ်ငန်း များတွင် တာဝန် ထမ်းဆောင်ရန် အတွက် နေပြည်တော် အပါအဝင် အောက်ဖော်ပြပါ မြို့ကြီး များမှ သတင်းမီဒီယာ လုပ်ငန်း စိတ်ပါဝင်စားသူ ဒေသခံ သတင်းထောက်များ အလိုရှိသည်။ ၁။ နေပြည်တော်၊ မြစ်ကြီးနား၊ မင်းတပ်၊ လွိုင်ကော်၊ ဘားအံ၊ မြဝတီ၊ ကလေး၊ မော်လမြိုင်၊ ကော့သောင်း၊ မြိတ်၊ စစ်တွေ၊ တောင်ကြီး၊ လားရှိုး၊ ကျိုင်းတုံ၊ တာချီလိတ်၊ ပဲခူး၊ တောင်ငူ၊ ပြည်၊ မကွေး၊ မိတ္ထီလာ၊ ပုသိမ်မြို့တို့ တွင် နေထိုင်သူများ လျှောက်ထားနိုင်သည်။

၂။ အနိမ့်ဆုံး ပညာအရည်အချင်း တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူဖြစ်ရမည်။
၃။ အသက် (၆၀)နှစ်ထက် မကြီးသူဖြစ်ရမည်။
၎။ လျှောက်ထား လိုသူများသည် မှတ်ပုံတင်၊ သန်းခေါင်စာရင်း၊ တက္ကသိုလ်ဝင်တန်း အောင်လက်မှတ် မိတ္တူနှင့် ကိုယ်ရေးအကျဉ်း ပြည့်စုံစွာ ဖော်ပြ၍ (၃၀-၁၀-၂၀၁၂) နောက်ဆုံးထား၍ ပေးပို့ရမည်။

ဆက်သွယ်ရန်လိပ်စာ

အမှတ်(၄၅၈-၄၆၀)၊ (၄)လွှာ၊ မဟာဗန္ဓုလလမ်းနှင့် ၃၁လမ်းထောင့်၊ ပန်းပဲတန်းမြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း/ဖက်စ် ၀၁ ၃၈၉၂၁၀၊ ၃၈၉၂၁၁၊ Email: newsroom@thevoiceweekly.net သို့ ပေးပို့ လျှောက်ထားနိုင် သည်။

မှတ်ချက် - ရွေးချယ်ခံထားရသူများကို ရန်ကုန်ရုံးတွင် အခြေခံ သတင်းစာ ပညာ ရက်တို သင်တန်း ပို့ချပေးမည် ဖြစ်သည်။

No comments:

Post a Comment