Thursday, October 11, 2012

ငွေကြေးရမ္မက်နှင့် ချောက်ကမ်းပါးထက်က ဘဝဈေးပွဲတော် သို့မဟုတ် အမှောင်ခြမ်းမှ အနွမ်းပန်းများ



”အစ်ကို သွားမလား”ရုတ်တရက် ဘေးနားတိုးကပ်ပြီး မေးလိုက်သည့်  အသံကြောင့် ကြောင်တောင်တောင်ဖြစ် သွား မိ၏။ နောက်မှ ညဥ့်ငှက်တို့၏ အစာရှာ သံမှန်းခန့်မှန်းလိုက်မိသည်။  မသွား သေးပါဘူးကွယ်ဟု ရိုးရိုးပဲပြန်ပြော လိုက်မိသည်။ ဘဝရှင်သန်ရပ်တည် မှုအတွက်ဤနေရာ ဤအချိန်မျိုး တွင် ယခုကဲ့သို့ သွားမလား အစ်ကို ဟု မေးမြန်းပြီး တစ်စုံတစ်ရာအစာ ရလျှင် ခပ်ပေါပေါ တည်းခိုခန်းတစ်ခု ၌ အာသီ သဖြေဖျောက်သူတို့ လက်ထဲ သူတို့ဘဝကို မိနစ်ပိုင်းမျှ ချခင်း ကာ နောက်တစ်ဖန် အစာတစ်ခု ကို သွားဦးမလား အစ်ကိုဟုဆိုကာ သူတို့ပြန်လည်ရှာဖွေကြဦးမည်ဖြစ်သည်။ သူတို့အတွက် ထိုဘဝသည် မာယာဘုံဖြစ်သည်။ သူတို့အတွက် ထိုဘဝသည် အိမ်နိမ့်စံဖြစ် သည်။ သူတို့အတွက် ထိုဘဝသည် ဆာ လောင်မှုဖြစ်သည်။ သူတို့အတွက် ထိုဘဝသည် မျက်ရည်ဖြစ်သည်။ သူတို့အတွက်ထိုဘဝသည် မီးပြ တိုက်ဖြစ်သည်။သွားဦး မလား အစ်ကိုဟု ဆို ကာ ရန်ကုန်မြို့အချက်အချာနေရာ များစွာတွင် ကျင်လည်


ရင်း ဘဝ အသက်မွေးမှုအတွက် ပြည့်တန်ဆာ လုပ်ငန်းကိုလုပ်ကိုင်နေကြသူများ မည်မျှ ရှိသနည်းဆိုလျှင် မရေ မတွက်နိုင်အောင်ရှိသည်ဟု  ဆိုရ မည်ဖြစ်သည်။ ရန်ကုန်တစ်မြို့ တည်းတွင်လား ဆိုပါလျှင်လည်း မဟုတ်ဟု ဆိုရမည်ဖြစ်သည်။ မြန် မာနိုင်ငံ အတွင်း ပြည့်တန်ဆာလုပ် ငန်းလုပ်ကိုင်နေသည့် နေရာများ သည် နေရာ အနှံ့တွင် ရှိသည်။ ပြည့်တန်ဆာ လုပ်ငန်းလုပ်ကိုင်နေ သည့် မိန်းကလေးများသည်လည်း တရားဝင် အသက်မပြည့်သေးသော အရွယ်မှသည် အရွယ်စုံဖြစ်သည်။ သူတို့သည်  ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်သူ  ( Sex Worker)အဖြစ် ဘဝဖြစ်စဉ်အထွေထွေေ ပ်ါအခြေခံ ကာ ဖြစ် တည်ခဲ့ကြသူ များဖြစ် သည်။ အထူးသဖြင့် ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်သူ ဖြစ်လာခဲ့ကြသည့်မိန်း ကလေးများ၏ တူညီသော ဘဝ အခြေအနေ သည် ငွေကြေးအဆင်မ ပြေသော ဆင်းရဲလွန်းသည့် အခြေ အနေပင်ဖြစ်သည်။


 ”ကျွန်မ အသက် ၁၄ နှစ် လောက်ထဲက ဒီလောကထဲ( ပြည့် တန်ဆာအဖြစ် လုပ်ကိုင်ခဲ့ခြင်းကို ဆိုလိုခြင်း ဖြစ်၏။)ရောက် တယ်။  အဲဒီအချိန်တုန်းက အိမ်မှာ အဖေက   လေဖြတ်ပြီး အိပ်ရာထဲမှာ။ အမေ က နောက်အိမ်ထောင် ပြုသွားတယ်။ကျွန်မ တို့နေတဲ့အိမ်ကလည်း ငှား နေရတာ။  နောက်တော့ ရပ်ကွက် ထဲ က အမျိုး သ မီးတစ်ေ ယာက်က နင့်အဖေဆေးဖိုးနဲ့ အိမ်လခ ပေးဖို့ ငွေကို ယောက်ျားတစ်ယောက်နဲ့ တစ်ညနေရတာနဲ့ ရမယ်ဆိုပြီးပြော တာနဲ့  အဲဒီကစပြီး ဒီလောကထဲ ရောက်လာတာ”ဟုအသက် ၂၉ နှစ်အရွယ်(လက်ရှိတွင်လည်း ပြည့် တန်ဆာအလုပ် လုပ်ကိုင်နေသူ) မအေးအေးသန်း က ပြော သည်။ထိုစဉ် တုန်းက ယောက်ျားတစ် ယောက်နှင့် တစ်ည တာနေခွင့်အ တွက် ငွေကျပ်တစ် သိန်းရ ခဲ့ကြောင်း ၄င်းက ဆိုသည်။ယခုအချိန်တွင်တော့ ယောက်ျား တစ်ယောက်နှင့်တစ်ညတာနေထိုင် မှုအတွက် သူရရှိသည့် ငွေကြေး သည်ကျပ် ၁၅ဝဝဝသာဖြစ်သည်။”ဒီအလုပ်ကို စားဝတ်နေရေး အရ လုပ်နေရပေမယ့် အသက် ရလာတော့ မလုပ်ချင်တော့ဘူး”ဟု ၄င်းက ပြောသည်။ မည့်သည့်မိန်းကေ လးဖြစ်စေ ဘဝ ကို ရောင်းစားရသည့် လုပ် ငန်းကို လုပ်ကိုင်လိုစိတ်တော့ ရှိ မည်မဟုတ်ပါ။ သို့ပေမယ့် ဖြစ်တည် လာသည့် ဘဝပေး အရ ဝါသနာမပါ ပေမယ့် ပျော်အောင်   နေထိုင်လုပ် ကိုင်ရသည့် အခြေအနေမျိုးဖြစ် သည်။မရေ တွက်နိုင်သော ယောက်ျားသားများနှင့် အိပ်စက်ခဲ့ ခြင်းသည် သူတို့၏ ဘဝရပ်တည်မှု ဖြစ်သည်။ သို့ရာတွင် ၄င်းသည် အခြေအနေ များစွာထဲမှ အခြေ အနေငယ်တစ်ခုသာ ဖြစ်ပေသည်။ ပြည့်တန်ဆာလုပ်ငန်းနှင့် လုပ်ကိုင် သူတွေအကြောင်း ဖြန့်ကြက် စဉ်း စားလျှင်များစွာ စဉ်းစားရပေမည် ဟုထင်၏။ ဘဝရပ်တည်မှု အတွက် ပြည့်တန်ဆာအဖြစ် လုပ်ကိုင်မှု နောက်ဆက်တွဲရှေးဦးအဖြစ် လိင် ဆက်ဆံမှုမှတစ်ဆင့် ကူး စက်ပြန့် ပွား မှုရောဂါ များ ဖြစ်သည်။ လိင် ဆက်ဆံမှုမှတစ်ဆင့် ကူးစက်တတ် သောရောဂါများတွင် အဆိုးဝါးဆုံး ရောဂါတစ်ခုဖြစ်သည့်  HIV/AIDS  ရောဂါဖြစ်ပွားမှု အများဆုံးနိုင်ငံ ၁ဝ နိုင် ငံတွင် မြန်မာနိုင်ငံ လည်း ပါဝင် နေခဲ့သည်။  ထို့ပြင် မြန်မာနိုင်ငံတွင်း ထိုရော ဂါဖြစ်ပွားမှု၊ ပြန့်ပွားမှု များ နှင့်သက်ဆိုင် သည့် ပြည်သူလူထု အသိဥာဏ်၊ ပညာပေး လုပ်ငန်း   ဆောင်ရွက်မှုသည် လွန်စွာအား နည်းလျက်ရှိသည့် အခြေ အနေ၌ ပင်ဖြစ်သည်။ ထို့အတူ မြန်မာနိုင်ငံ ၏ ပြည့်တန်ဆာလုပ်ငန်း၊ ကာရာ အိုကေဟန်၊ အနှိပ် ခန်း ဟန်ပြု ကာ ပြည့်တန်ဆာလုပ်ငန်းလုပ်ကိုင်နေမှု များသည် နေရာအနှံ့၊ တိုင်းပြည် အနှံ့တွင် တည်ရှိနေ သည် မှာ ငြင်းချက်ထုတ်ရန်မလိုသည့် သေချာမှု ပင်ဖြစ်သည်။

သို့ပေမယ့် ထိုလုပ်ငန်းများ သည် တရားဝင်မဟုတ်သော လုပ် ငန်းများဖြစ်သည်။ သို့သော် တရား ဝင်သ ဖွယ် လုပ်ကိုင်နေကြခြင်းဖြစ် သည်။ မြန်မာ့ယဉ်ကျေးမှုစံနှုန်းများ အရ ထိုလုပ်ငန်းသည် မကောင်းမှု လုပ်ငန်း တစ်ခု သဖွယ် ရှိနေခဲ့ပြီးလူမှုအသိုင်းအဝိုင်းမှလည်း ထို လုပ်ငန်းလုပ်ကိုင်သူကို ရွံရှာ ဖွယ် ရှောင်ကြဉ်ေ လ့ ရှိကြသည်။ ထို့ အတူဆက်ဆံသူ ယောက်ျားသား များမှလည်း အာသီ သြေ ဖဖျောက် နိုင်မှု အပေါ် စိတ် ထားပေမယ့် တစ် ဆင့်နှိမ့် ဆက်ဆံလေ့ရှိကြသည်။ ထို(ပြည့်တန်ဆာလုပ်ငန်း) အလုပ်လုပ်ကိုင် သည့်အခါ မိမိအပေါ် နား လည်သူထက်နားမလည်သူက ပိုမို များပြားကြောင်း ရန်ကုန်မြို့ သိမ် ကြီးဈေးဝန်းကျင်၌  ၁ဝ နှစ် ကျော် ကြာပြည့်တန်ဆာ လုပ်ငန်း လုပ် ကိုင်ခဲ့သူ မကြည်ပြာ (နာမည်လွဲ)က ပြော သည်။သူတို့အတွက် ထိုလုပ်ငန်း သည် နိမ့်ကျသည့်လုပ်ငန်းဖြစ် သည့်တိုင်လူ့ အခွင့်အရေး အရ တန်း တူခံစားနိုင် မှုသည် ယနေ့တိုင် မရှိ သေးဟု ဆိုရမည်ဖြစ်သည်။ ထို့ အတူ ကျန်းမာရေး အရ နားလည် သိရှိသည့်တိုင် လက်မခံသေးသည့် လူမှုအသိုင်းအဝိုင်း၏ ငြင်းပယ်မှုကို ခံစားေ နရဆဲဖြစ်သည်။

 ထိုကိစ္စသည် ဖြေရှင်းရန်ခက်ခဲ သော ကိစ္စရပ်ဖြစ်၏။ ယနေ့ ဒီမိုက ရေစီ ပြုပြင်ပြောင်းလဲရေး သို့သွား နေ သည့် အစိုးရစီမံခန့်ခွဲမှုအောက် တွင်  လိင်အလုပ်သမားများ အတွက် တောင်းဆိုမှုများ သည် ပေါ်ပေါက် လာခဲ့ပြီဖြစ်သည်။”ဗုဒ္ဓဘာသာနိုင်ငံ ဖြစ်တဲ့ အတွက် တချို့တွေက မကောင်းဘူး လို့ပြောကြတယ်။ ဒါပေ မဲ့ ရှောင်လွှဲ လို့မရတဲ့ ကိစ္စတွေ ကြုံလာနိုင်တယ်။ တရားဝင်မှတ်ပုံတင်ခွင့်သာ ပေး လိုက်မယ်ဆိုရင် တခြား မထိခိုက်သင့်တဲ့သူတွေလည်း မထိခိုက်ဘူး။မှတ်ပုံတင်ပြီးသားဖြစ်တဲ့အတွက် ကျန်းမာရေး စစ် တမ်းကောက် ယူတဲ့ အခါမျိုးမှာဖြစ်ဖြစ် နောက်ကြောင်း ပြန်လိုက်ရတာမျိုး ရှိတဲ့အတွက် သတ်သတ် မှတ်မှတ် ဖြစ်အောင် လုပ်ပေးစေချင်တယ်”ဟု လိင်အ လုပ်သမားများ၏အခွင့်အရေး အတွက် ဆောင် ရွက်နိုင် ရန် မြန်မာ လိင်အလုပ်သမကွန်ရက် ဖွဲ့စည်း ကာ တရားဝင်ပြည့်တန်ဆာ လုပ် ကိုင် ခွင့် ပေါ်ပေါက်စေ လိုသူ မြန်မာ လိင်အလုပ်သမကွန်ရက် ဥက္ကဋ္ဌ မနှင်းနှင်းယုက အောက်တိုဘာ၂ ရက်ထုတ်မဇ္ဈိမသတင်းဂျာနယ်နှင့် အင်တာဗျူးတွင် ဖြေကြားထားခဲ့ သည်။ထိုကိစ္စရပ်နှင့် ပတ်သက်ပြီး အငြင်းပွားမှုများ များစွာပေါ်ပေါက် ခဲ့သည်။ ပွင့်လင်းလာသည့်၊ လူမှုဖွံ့ဖြိုးမှုတွေပျံ့နှံ့စိမ့်ဝင်ကူးလူး တိုး တိုက်လာ သည့်အခြေအနေတွင် လိင်မှုဆိုင်ရာ ဖွံ့ဖြိုးမှုသည်လည်း ယခင်ကထက်များစွာ အမြင်ကျယ် မှု ဖြစ်ထွန်းလာခဲ့သည်။

ယင်းနည်းတူ ယော က်ျား သားများကရော လိင်ကိစ္စလိုက်စား သူအဖြစ် မိမိပတ်ဝန်းကျင်၊ မိမိလူမှုအ သိုင်းအဝိုင်း၊ (ပြည့်တန်ဆာနေ အိမ်များသို့ ပေါ်ပေါ်ထင်ထင်ဝင် ထွက်ရဲသည့်သတ္တိ)တွင် နေထိုင်ရဲမှု ရှိပါ့မလား။  တစ်ဖက်တွင်လည်း တရားဝင် လုပ်ကိုင်ခွင့်ပြုခြင်းသည် ကျန်းမာရေးအရ ရောဂါကူးစက်မှုကို ဟန့်တားနိုင် သလို လိင်မှတစ်ဆင့် ကူးစက်ရောဂါဆိုင်ရာပညာပေးမှု များ။ ကျန်းမာရေးဆိုင်ရာ ပညာ ပေး မှုများ အပေါ် ပိုမိုထင်သာမြင် သာ သိမြင်နားလည်လာနိုင်မည် ဖြစ်သည်။ ထိုကိစ္စ ရပ်အပေါ် စဉ်းစားမှု တွင် တစ်ဖက်တည်း ၊ ရှုထောင့်တစ် ခုတည်းက စဉ်းစားလျှင် မှားယွင်း သော အဖြေရလဒ်မျိုးဖြစ်ပေါ် လာနိုင်ခြေရှိ သည်ဟုထင်၏။ အဘယ် ကြောင့် ဆိုသော် မြန်မာလူမျိုးများ သည် ယဉ်ကျေးမှု စံနှုန်းထိန်းသိမ်း မှု၌ထိန်းသိမ်းမှုအမှားဖြင့် ပိတ်မိ နေသူများရှိသလို စံနှုန်းများ၏ အပြင်ဘက်သို့ရောက် ရှိကာ အယူ လွဲနေသူများလည်း ရှိခြင်းကြောင့် ဖြစ်သည်။


““    ကျွန်မတို့အနေနဲ့ ဒီကွန်ရက်ကို လုပ်ဆောင်ဖြစ်တယ်ဆိုတာ လိင် အလုပ်သ မတွေကြုံတွေ့ရ တဲ့ ရောဂါ ဖြစ်ပွားမှု၊ခွဲခြားဆက်ဆဲခံရမှု အခြေ အနေပေါ်မှာ အကောင်း ရှုမြင်စိတ်နဲ့ ရှုမြင်ကြဖို့ပါ။ ဒါကို နားလည်မှု လွဲတဲ့အခါ ကျွန်မတို့ဘက်မှာလည်းအာဏာပိုင်(ရဲတွေ)ရဲ့ဖိအားပိုပေးတာကိုခံရပါတယ်”ဟု မနှင်းနှင်း ယု က ပြောသည်။

မြန်မာနိုင်ငံ၌ လိင်အလုပ်သမ အဖွဲ့အစည်းတစ်ခု ပေါ်ပေါက်ရန် ဆိုသည်မှာ မည်သို့မျှ လွယ်ကူသော ကိစ္စတစ်ရပ် မဟုတ်ပေ။ မြန်မာ့ ယဉ်ကျေးမှုအရလည်း ဖြစ်နိုင်မည် မဟုတ်ချေ။ နိုင်ငံတကာ တွင် လည်း ပြည့် တန်ဆာ လုပ်ငန်းလုပ်ကိုင်မှု၊ ပြည့်တန်ဆာ ဈေးကွက်ဖော်ဆောင် မှု၊ လိင်အလုပ်သမ အဖွဲ့အစည်းများ နှင့်ပတ်သက်၍ ယခုတိုင် အငြင်း ပွားဖွယ်အခြေအနေ၌ပင်ရှိ နေခဲ့ သည်။အထူးသဖြင့် မိမိကြည့်ရှုသည့် ရှုထောင့်အမြင်အားလုံးသည် မိမိ အမြင်နှင့်မိမိမှန်ကန်သော ရှုထောင့် များဖြစ်နေခြင်းေ ကြာင့် ဖြစ်သည်။ ဤနေရာတွင်ပွင့်လင်းမြင်သာခြင်းနှင့် တရားဝင်ခြင်းအခြေအနေသည် သက်ဆိုင်ခြင်း မရှိဟု ထင်မြင် ကြောင်း HIV & YOUTH  အဖွဲ့မှ  Assistant Representative   ဒေါက်တာနေဝင်းက သူ၏အမြင်ကို ပြောသည်။

”ပွင့်လင်းမြင်သာရှိမယ်ဆိုရင် ပညာပေးအရကြည့်ရင် ပြည့်တန် ဆာတွေရဲ့ တည်နေရာကိုသိခြင်းမှာ လွယ်ကူတဲ့အတွက် ပညာပေးရ လွယ်တယ်။ သူတို့ကိုယ်တိုင် HIV /AIDS  ကူးစက်မှုကိုကာကွယ်ဖို့ နည်းလမ်းတွေ သိရင် ရောဂါကူးစက် မှုနည်းမယ်”ဟု ဒေါက်တာနေ ဝင်းက ဆိုသည်။  မြန်မာနိုင်ငံ တွင်  ပြည့်တန်ဆာ ပပျောက်ရေး လုပ်ငန်းဆောင်ရွက်မှု သည် ယခင်ကတည်းကရှိခဲ့ကြောင်း သတင်းမှတ် တမ်း များအရ သိရ သည်။ ထိုဆောင်ရွက်ချက်၏ နောက်ဆက်တွဲရလဒ်သည် ပြည့် တန်ဆာ လုပ်ငန်း ပပျောက်ခြင်း ထက် ပြည့်တန်ဆာလုပ်ငန်းလုပ် ကိုင်သူ မိန်းမလေးများအတွက် နှိမ်နင်းရန် လုပ်ဆောင် သူများ၏  ခြိမ်းခြောက်အနိုင်ကျင့်ခြင်း၊ ဥပဒေ လေးစား မှုအားနည်းစေခြင်း ကိုသာ ဖြစ်ပေါ်စေခဲ့ သည်။  ပြည့်တန်ဆာလုပ်ငန်းလုပ်ကိုင်မှုကြောင့် ဖမ်းဆီး ထိန်းသိမ်းခံရသူများ ဖမ်းဆီးထိန်းသိမ်း မှုမှ ပြန်လည်လွတ်မြောက်လာ သည့်အခါ ကောင်းမွန်သည့် လုပ် ငန်း လုပ်ကိုင်မှုသို့ ကူးပြောင်းလုပ် ကိုင်သွား သူအရေအတွက်မှာ လွန် စွာနည်းပါးပြီး မူရင်းပြည့်တန်ဆာ လုပ်ငန်းကို ယခင်ကထက်ပို မိုပြီး အကြောက်အရွံ့ကင်းစွာ ပြန်လည်လုပ်ကိုင်ကြသူများဖြစ်လာခဲ့သည်။

 ”တစ်လင်တစ်မယား စနစ် သာနေမယ်ဆိုရင် ဒီလိုတွေဖြစ်လာ စရာ အကြောင်းမရှိဘူး”ဟု စာရေး ဆရာ မ မြနှောင်းညိုကပြောသည်။ လက်ရှိတွင် မြန်မာနိုင်ငံတွင်းပြည့် တန်ဆာလုပ်ငန်းသည် တရားဝင် အနေဖြင့်မရှိသော်လည်း တရား ဝင်သဖွယ် ဖွင့်လှစ်လုပ်ကိုင်နေသည့် လုပ်ငန်းများသည် နေရာအနှံ့တွင် ရှိနေခဲ့သည်။  လူသိအများ ဆုံးသည်  ပဲခူး၊ မန္တလေး၊ မြို့များ၌ ဖွင့်လှစ်လုပ်ကိုင်နေသည့် ပြည့်တန်ဆာလုပ် ငန်းအိမ်များဖြစ်သည်။ ပဲခူးမြို့ပေါ် တွင် နေရာ ၆ ခုမျှရှိပြီး မန္တလေးမြို့ ပေါ်တွင် ၁ဝ ခုမက ရှိသည်။ ထို အရာသည် အနှိပ်ခန်း၊ ကာရာ အိုကေ သဖွယ်လုပ်ငန်းများ မဟုတ် ပေ။ ပြည့်တန်ဆာအိမ်အဖြစ် ဖွင့် လှစ်ကာ လုပ်ငန်းလုပ်ကိုင်နေသည့်   နေရာ များဖြစ်သည်။ ရန်ကုန်မြို့တွင် လည်း အနှိပ်ခန်း၊ ကာရာ အိုကေ ဟန် အသွင်ယူ၍ ဖွင့်လှစ်ထားသည့် ပြည့်တန်ဆာလုပ်ငန်းများများစွာ ရှိ ကြောင်း သိရသည်။ သို့ဆို လျှင်   ပြည့်တန်ဆာလုပ် ငန်းနှင့် ယင်း၏ နောက်ဆက်တွဲ ကောင်းကျိုး ဆိုးကျိုးများအတွက် အနီးစပ် ဆုံးနှင့် အကောင်းဆုံး ဆောင်ရွက် ဖော်ဆောင်နိုင်ရန် ကျန်းမာရေး၊ လူမှုရေး၊ ယဉ်ကျေးမှု၊ နှင့် သက်ဆိုင် ရာ အာဏာပိုင်များ စသည့် ရှုထောင့်ပေါင်းစုံမှရှုမြင် သုံးသပ်အဖြေရှာရန် လိုအပ်လိမ့် မည်ဟု ထင်မိသည်။ ၁၉၈၈ ခုနှစ် နောက်ပိုင်း ကတည်းက HIV/AIDS    ရောဂါပြန့်ပွားမှု ကာကွယ်ရန် ဆောင်ရွက်ချက်များစွာ အားနည်း နေသေးသည့် ၊ အကြမ်းဖျဉ်းအားဖြင့် လိုအပ်ချက်များရှိနေသေးသည့် မြန် မာနိုင်ငံ၏ လိင်မှုဆိုင် ရာ ပညာ ပေးလုပ်ငန်းများအတွက် ပြည့်တန် ဆာလုပ်ငန်းနှင့် လုပ်ကိုင်သူများ အပေါ် ကိုင်တွယ်မှုသည် ညင် သာ ပျော့ပြောင်းရန်လို အပ်ပြီး၊ အကာ အကွယ်ပစ္စည်း လက်ဝယ်ထား ရှိခြင်းအပေါ်တွင်  ကျန်းမာရေး အသိ ဖြင့် အမြင်ကျယ်ရန်လိုအပ်မည်ဟုထင်မိသည်။ တရားဝင်မဟုတ်လျှင် တောင် လူမှုအ သိုင်း အဝန်း မှ ငြင်း ပယ်ထားခြင်းထက် စည်းမျဉ်းစည်း ကမ်းနှင့်နားလည်မှု ထားရှိပေးနိုင် မည်ဆိုလျှင် လိင်အ လုပ်သမများ အတွက်  ခြိမ်းခြောက်ခံရခြင်း အနိုင်ကျင့်ခံရခြင်း   လျော့နည်း သွားမည်ဟု ထင်မိသ ည်။ ”အစ်မ ဒီအလုပ် စလုပ်တော့ ကိုယ့်ကိုယ်ကိုယ်ရွံတယ်။ ဘုရားမှာ သွားဆုတောင်းတယ်။ နောက်ဘဝ မှာ ဒီလိုမျိုးမဖြစ်ပါစေနဲ့လို့ေ ပါ့””ဟု မဇ္ဈိမဂျာနယ်နှင့်အင်တာဗျူးတွင် မနှင်းနှင်းယု က ဖြေကြားခဲ့ သည်။သူတို့တွင်လည်း ထိုလုပ်ငန်း လုပ်ကိုင်နေရသော်လည်း ထိုစိတ် မျိုးဖြစ်ခဲ့သည်မှာ သေချာခဲ့ သည် ဆိုလျှင် သူတို့အတွက် လူမှုဝန်း ကျင်သည်လည်းမည်ကဲ့သို့ သေချာ သင့်သည်လဲဆိုသည်ကတော့ ဝိုင်း ဝန်းစဉ်းစား အဖြေရှာကြရဦးမည် ထင်ပါသည်။



ဥာဏ်လင်းအောင်
သတင်းအချက်အလက်၊
သူရထွန်း၊ အိရွှေစင်၊ အောင်ဇော်၊

No comments:

Post a Comment