မြန်မာနိုင်ငံ ချင်းပြည်နယ်အပါအ၀င် ကချင်၊ ရှမ်း၊ ရခိုင်၊ ကရင်ပြည်နယ် ဒေသဖွံ့ ဖြိုးရေးလုပ်ငန်း အကောင် အထည်ဖေါ်ဆောင် နိုင်ရန် ကမ္ဘာ့ကုလသမဂ္ဂက ကူညီသွားမည်ဖြစ်ကြောင်း သိရသည်။
နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးနှင့် အပြည်ပြည် ဆိုင် ရာကြက်ခြေနီအဖွဲ့ တို့  ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌တွေ့ ဆုံစဉ် ဆွေးနွေးခဲ့ခြင်း ဖြစ်ကြောင်း ယနေ့ ထုတ် မြန်မာ့အလင်းသတင်းစာ တွင်ဖေါ်ပြထားသည်။
ထို့ နောက် ၀န်ကြီးသည် ပြင်သစ်သံအမတ်ကြီး Mr. Thiery Mathou နှင့်တွေ့ ဆုံရာတွင် ကချင် ပြည်နယ်၊ ရခိုင်ပြည်နယ်မြောက်ပိုင်းနှင့် ချင်းပြည်နယ် ဒေသဖွံ့ ဖြိုးရေးလုပ်ငန်း အကောင်အထည် ဖေါ် ဆောင် ရွက်မှုများကို ဆွေးနွေး ခဲ့ကြောင်း သိရသည်။
အဆိုပါဆွေးနွေးပွဲတွင် “၀”ဒေသ အခြေခံ ကျမ်းမာရေးအခြေအနေ၊ ရခိုင်ပြည်နယ် ကယ်ဆယ် ရေးနှင့် ပြန် လည်နေ ရာချ ထားရေး အခြေအနေ၊ ကရင်ပြည်နယ် နေရာပြန်လည် ချထားရေးနှင့် ကျေး လက်ဒေ သဖွံ့ ဖြိုးရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ကိစ္စများကိုဆွေးနွေးခဲ့ကြောင်း သတင်းတွင်ဖေါ်ပြ ထားသည်။
သို့ သော် ငွေရေးကြေးရေးမည်၍မည်မျှကူညီမည်ကိုမူ အစိုးရသတင်းစာက ဖေါ်ပြထားခြင်း မရှိသော်လည်း ယင်းကိစ္စနှင့် ပတ်သက်ပြီး တနင်္လာနေ့ ထုတ် မဇ္ဈိမသတင်းတွင် အဆိုပါပြည်နယ် များအတွက် အမေရိ ကန် ဒေါ်လာ ၁၄၄ သန်းကူညီမည်ဖြစ်ကြောင်း ဖေါ်ပြထားသည်။
ယင်းအကူအညီကို သက်ဆိုင်ရာတာဝန်ရှိသူများက အလုပ်ရုံဆွေးနွေးပွဲတရပ်ကျင်းပပြုလုပ်အပြီး ကူညီရေးအ စီအစဉ် စတင်မည်ဖြစ်ကြောင်း၊ ယင်းအကူအညီကို ယခုနှစ် ဒီဇင်ဘာလမှစတင် အ ကောင်အထည်ဖေါ်ဆောင် ရွက်သွားဘွယ်ရှိကြောင်း သိရသည်။
၂၀၁၁ ခုနှစ် ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် (UNDP) ၏ စစ်တမ်း ကောက်ယူချက်အရ ချင်းပြည် နယ်သည် မြန်မာနိုင်ငံရှိ ပြည်နယ်နဲ့ တိုင်း ၁၄ ခုအနက် ဖွံ့ဖြိုးမှု အနည်းဆုံးနှင့် အဆင်းရဲ ဆုံး ပြည် နယ် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံ၏ ပြည်နယ်နှင့်တိုင်း ၁၄ ခုအနက် အဆင်းရဲဆုံးဖြစ်သော ချင်းပြည်နယ်အတွက် ၂၀၁၁ခုနှစ်တွင် ဂျပန်နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (Japan International Cooperation Agency – JICA) က ကျပ်ငွေ သန်း ၉၉၀၀ ခန့် ကိုလည်းကောင်း၊ အိန္ဒိယအစိုးရက အမေရိကန်ဒေါ်လာ ၆ သန်းကို လည်းကောင်း ထုတ်ချေးခဲ့သည်ဟု သိရသော်လည်း ယခုအထိမည်သည့် ဖွံ့ ဖြိုးရေးလုပ်ငန်း များတွင် အသုံးပြုနေသည်ကို အစိုးရက တရားဝင် ထုတ်ပြန်ခြင်းမရှိသေးပေ။
khonumthung
No comments:
Post a Comment