Friday, October 19, 2012

ရခိုင်ပြည်လုံးဆိုင်ရာသံဃာ့ညီညွတ်ရေးအစည်းအဝေး အောင်မြင်စွာကျင်းပပြီးစီး


Rakhine Monks Meeting19-10-12

ရခိုင်ပြည်လုံးဆိုင်ရာ သံဃာ့ညီညွတ်ရေးအစည်းအဝေးကို ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ဒက္ခောင်းကျောင်းတွင် (၁၈-၁၀-၂၀၁၂)ရက်နေ့ က အောင်မြင် စွာကျင်းပပြီးစီးသွားကြောင်း သတင်းရရှိသည်။

ရခိုင်ပြည်နယ် (၁၇)မြို့နယ်မှ သံဃာကိုယ်စားလှယ်တွေက နံနက်(၇း၃၀)နာရီအချိန်မှ ညနေ(၄း၀၀)နာရီအချိန်အထိ ဆွေးနွေးတိုင်ပင်ပြီး ဆုံးဖြတ်ချက်(၁၀)ချက်ကို ချမှတ်နိုင်ခဲ့ကြသည်။ တစ်မြို့နယ်လျှင် အနည်းဆုံး ကိုယ်စားလှယ်(၃)ဦး တက်ရောက်ခဲ့ကြကြောင်း ပါဝင်တက်ရောက်ခဲ့သူ စစ်တွေဒေသ ဥက္ကဌ ဆရာတော် ဦးဥာဏက အာရ်ကန်တိုင်းမ်စ်သို့ ပြောသည်။
ဆုံးဖြတ်ချက်များမှာ -
၁။ ပြည်နယ်လုံးဆိုင်ရာ သံဃာ့ညီညွတ်ရေးအစည်းအဝေးမှ တူညီသောခေါင်းစီးတစ်ခု ရွေးချယ်ကြရာ စည်းကမ်းထိန်းသိမ်းရေးနှင့်  ကူညီစောင့်ရှောက်ရေးကို ပူးပေါင်းလုပ်ဆောင်ကြရန်။
၂။ စည်းကမ်းထိန်းသိမ်းရေးနှင့် ကူညီစောင့်ရှောက်ရေးကို ရဟန်းပျိုများနာမည်ဖြင့် ဖွဲ့စည်းရန်။
၃။ ရခိုင်ပြည်လုံးဆိုင်ရာ သံဃာ့ညီညွတ်ရေးအစည်းအဝေးအား အခြေခံဒေသ(၃)ခု၌ ကျင်းပပြုလုပ်ရန်။ (စစ်တွေအခြေခံဒေသ၊ သံတွဲအခြေခံဒေသ၊ ကျောက်ဖြူအခြေခံဒေသ)
၎။ ရသေ့တောင် လူထုအစည်းအဝေး၏ ဆုံးဖြတ်ချက်များကိုထောက်ခံရန်။
၅။ ကုလသမဂ္ဂ လက်အောက်ခံမဟုတ်သော ဒေသခံများအား အကျိုးမဖြစ်စေသည့် INGOs အဖွဲ့အစည်းများကို ကန့်ကွက်ကြရန်။
၆။ ပြည်ပနိုင်ငံများမှ ဒုက္ခသည်များအား လှူဒါန်းသည့်အခါ ပြည်နယ်အစိုးရ လက်ဝယ်မှတစ်ဆင့်သာ လှူဒါန်းမှုပြုရန်။
၇။ တစ်မြို့နယ်တွင် အခက်အခဲရှိပါက အခြားမြို့နယ်များမှ ၀ိုင်းဝန်းကူညီဖြေရှင်း ကြရန်။
၈။ ဘင်္ဂလီလူမျိုးများကို အားပေးသောသူတို့အား အမျိုးသားသစ္စာဖောက်အဖြစ် သတ်မှတ်၍ ဓါတ်ပုံနှင့်တကွ မြို့နယ်တိုင်းကို ဖြန့်ဝေရန်။    ၉။ ၂၀၁၂ ခုနှစ်၊ ဇူလိုင်လ(၁)ရက်နေ့တွင် ဘင်္ဂလီတို့နှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတကြီး မိန့်ကြားခဲ့သော ၁၉၈၂ ခု နိုင်ငံသားဖြစ်မှုအက်ဥပဒေအား လျှင်မြန်စွာအကောင်အထည်ဖော်ပေးရန်။
၁၀။ ရခိုင်ပြည်လုံးဆိုင်ရာ ဘာသာယဉ်ကျေးမှု မဂ္ဂဇင်းတစ်စောင် ဖြစ်ပေါ်လာရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရန်နှင့် မြို့နယ်အသီးသီး၌ စာပေကော်မတီများဖွဲ့စည်းရန်တို့ဖြစ်ကြသည်။
နောက်လာမည့် အစည်းအဝေးကို သံတွဲအခြေခံဒေသ၌ ပြုလုပ်သွားမည်ဖြစ်သည်။ ရခိုင်ပြည်နယ် လက်ရှိအနေအထားအရ သံဃာ့လှုပ်ရှားမှုများကို ပြည်နယ်အစိုးရမှ စောင့်ကြည့်လျှက်ရှိသော်လည်း ယခုပြုလုပ်ခဲ့သော အစည်းအဝေးကို ပိတ်ပင်တားဆီးမှု တစ်စုံတစ်ရာမရှိခဲ့ကြောင်း သိရသည်။

No comments:

Post a Comment