Saturday, October 27, 2012

ဆက်သွယ်ရေးကဏ္ဍကို ပြည်ပလုပ်ငန်းရှင်များ စိတ်ဝင်စားနေ

မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍကို နိုင်ငံတကာလုပ်ငန်းရှင်များအနေဖြင့် စိတ်ဝင်စားမှု အ
ထွတ်အထိပ်သို့ ရောက်ရှိ နေကြောင်း မြန်မာနိုင်ငံကွန်ပျူတာ အသင်းချုပ်မှ အထွေထွေအ
တွင်းရေးမှူး ဖြစ်သူ ဦးဇော်မင်းဦးက Myanmar Telecom Reform ပွဲတွင် ပြောသည်။

"လက်ရှိလုပ်စရာတွေက အများကြီး ပဲ။ လျှပ်စစ်ကဏ္ဍလည်း လုပ်ရမှာပဲ။ ဆက်သွယ်ရေးကဏ္ဍ
လည်း လုပ်ရမှာပဲ။ စိုက်ပျိုးရေးကဏ္ဍလည်း လုပ်ရမှာပဲ။ သိသိသာသာနဲ့ မြန်မြန်လုပ်ပြီး မြန်မြန်
အမြတ်အစွန်းထွက်နိုင်တဲ့ ကဏ္ဍက ဆက်သွယ်ရေးကဏ္ဍပဲ ဖြစ်ပါတယ်"ဟု ဦးဇော်မင်းဦးက
ပြောသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေ ဖြင့် ယခုအချိန်တွင် ပြုပြင်ပြောင်းလဲမှုနှင့် ဖြေလျှော့မှုများ
ပြုလျက်ပေးလျက်ရှိပြီး ဆက်သွယ်ရေးဥပဒေသစ်ကိုလည်း ပြဋ္ဌာန်းနိုင်ရန် ကြိုးပမ်းဆောင်ရွက်
လျက်ရှိသည်ဟု ဆိုသည်။
မြန်မာ့ဆက်သွယ်ရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံလိုသူ အများစုမှာ ဥရောပမှ နိုင်ငံအများစု၊ ဂျပန်
နှင့်ကိုရီးယား အများစုဖြစ်ကြောင်း ဦးဇော်မင်းဦးက ပြောသည်။
ပြည်ပလုပ်ငန်းရှင်များအနေဖြင့် မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍတွင် စိုးရိမ်လျက်ရှိသည့်
အရာမှာ ရရှိလာမည့် အမြတ်အစွန်းများကို အကာအကွယ် ပေးရေးဖြစ်သည်ဟု ဆိုသည်။
"အင်တာနက်လိုင်း မကောင်းတာတို့၊ ဘာတို့က အကုန်ဖြေရှင်းလို့ရတယ်။ သူတို့ စိုးရိမ်တာ
က သူတို့ရဲ့ ရင်းနှီးမြှပ်နှံမှု က ဒီမှာလာထားရမှာ။ ဒီပိုက်ဆံတွေ ကျိန်းသေပေါက် မြတ်ဖို့ရယ်၊
အဲဒီ အမြတ်ကို ကာကွယ်ပေးဖို့ရယ်က သူတို့ အတွက် အစိုးရိမ်ဆုံးအချက်ပါပဲ"ဟု
ဦးဇော်မင်းဦးက ပြောသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ၂၀၁၅-၁၆ တွင် တယ်လီဖုန်း သိပ်သည်းဆ ၇၅ ရာခိုင်နှုန်းမှ
၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားရန် အစီ အစဉ်များရှိကြောင်းနှင့် ဖုန်းလိုင်းအင် အားအနေဖြင့်
၃၉ ဒသမ ၅ သန်းအထိ တိုးချဲ့ရန်ရှိကြောင်း သိရသည်။
From -မြန်မာ့တိုင်းမ်

No comments:

Post a Comment