Saturday, October 27, 2012

ဩစတြေးလျသားတွေကို အရူးလုပ်လိုက်တဲ့ ဗီယက်နမ်သူလျှို

သူလျှိုတွေနဲ့ တွေ့ဆုံရင်ဆိုင်ရတာဟာ ရင်တဖိုဖို တထိတ်ထိတ်နဲ့ စိတ်ဝင်စား စရာလည်း
ကောင်းတယ်။ တိတ်တဆိတ် ချိန်းဆိုတွေ့ရလို့ ဖြစ်ပေါ်လာတဲ့ ခံစား မှုကို အသာထားဦး၊
အဖြစ်မှန်တဲ့ အချက်တစ်ချက်ကတော့ ဒီလို သူလျှို မျိုးတစ်ယောက်ဟာ အသုံးစရိတ် အ
တော်များများရရှိထားသူ ဖြစ်တယ်။

ကျွန်တော့ရဲ့ ဣနြေ္ဒသမ္ပတ္တိနဲ့ အသက်ဘေးအန္တရာယ်ကို ထောက်ရှု အလေးထားတဲ့အတွက်
ကြောင့်လည်း လွန်ခဲ့တဲ့ နှစ်အစိတ်လောက်ကတည်း က အချို့နိုင်ငံခြား ထောက်လှမ်းရေး
ဌာနအကြီးအကဲအချို့နဲ့ နေ့လယ်စာ စားခဲ့တာတွေ ရှိခဲ့သလို သူတို့ရဲ့နာမည် တွေကိုလည်း
မရေးလိုတော့ပါဘူး။
ကိုယ်တွေ့ အတွေ့အကြုံကို အသာ ထားဦး။ ဒီသူလျှိုတွေရဲ့အကြောင်းဟာ ပြီးခဲ့တဲ့လက တုန်
လှုပ်ချောက်ချား ဖွယ် ခေါင်းဖော်လာခဲ့တယ်။ အရှေ့ဘက်မှာ ရှိတဲ့ ဗီယက်နမ်နဲ့ ဩစတြေးလျ
နိုင်ငံ တွေမှာ ဖြစ်ခဲ့တယ်။
ယုံနိုင်စရာမရှိလောက်တဲ့ အမှုတစ်ခု ကတော့ ဆက်ဆံရေးမှာ အလွန်ညက် ပြီး ပညာတတ်
သူလျှိုတစ်ယောက်ဖြစ်သူ လူအန်ငေါ့အန်းဟာ ဩစတြေးလျသား တွေဆီက အမေရိကန်
ဒေါ်လာ သန်း ၂၀ ရိတ်ခဲ့တယ်လို့ သိရတဲ့အပြင် ဩစတြေးလျရဲ့ ထိပ်တန်းကုန်သွယ်မှု သံတ
မန် တစ်ဦးကို အသည်း ဘ၀င်ခိုက်အောင် လုပ်ခဲ့တယ်လို့ သိလိုက်ရတယ်။
၁၀ နှစ်ကြာခဲ့ပြီးနောက် အခုအချိန် မှာတော့ အစိုးရရဲ့ ပံ့ပိုးမှုနဲ့ လုပ်ခဲ့တဲ့ အလွန်ကြီးမားတဲ့
လူဆိုးဖမ်းထောင် ချောက်ရဲ့ အသေးစိတ် အချက်အလက် တွေ မဲလ်ဘန်းရာဇ၀တ် တရား
သူကြီး ရုံးမှာ တဖြည်းဖြည်းနဲ့ ဘူးပေါ်သလို ပေါ်လာခဲ့တယ်။
ဗိုလ်မှူးကြီး အန်းဟာ ပြည်သူ့လုံခြုံရေး ၀န်ကြီးဌာနမှာ လုပ် တယ်။ တစ်နည်းပြောရရင် ဒီဌာ
နဟာ ဗီယက်နမ် ထောက်လှမ်းရေး အေဂျင်စီ ဖြစ်တယ်။ သူ့ရဲ့ နိုင်ငံရေးအဆက် အသွယ်တွေ
ကလည်း ပေါလစ်ဗျူရို အဆင့်ထိအောင် ရှိတယ်လို့ ဆိုတယ်။
ငယ်စဉ်က မွဲတေခဲ့ပေမယ့် သူ့ရဲ့ သဘာဝအရည်အသွေးတွေက ကွဲပြား ခြားနားစေခဲ့တယ်။
အာဏာရ ကွန်မြူနစ် ပါတီတွင်းက ကေဒါတွေက သူ့ကို တွေ့ရှိခဲ့ရာက သူ့ကို မဲလ်ဘန်းမြို့မှာ
ရှိတဲ့ မိုနက်ရှ် တက္ကသိုလ်သို့လွှတ်ပြီး ပညာသင်ကြားစေခဲ့တယ်။
သူဟာ ဆက်သွယ်ရေးနည်းပညာကို အဓိကသင်ယူခဲ့ရာမှ ဟနွိုင်းမြို့သို့ ပြန်အရောက်မှာ သူ့ရဲ့
သူလျှိုဆရာကြီး တွေက Company For Technology & Development လို့ခေါ်တဲ့
ကုမ္ပဏီ အတုကို သူ့အတွက် တည်ထောင် ဖွဲ့စည်းပေးခဲ့တယ်။
ဒီကုမ္ပဏီရဲ့ ရည်ရွယ်ချက်ကတော့ တခြားနိုင်ငံတွေက အချက်အလက် တွေကို စုဆောင်းတာ
အပြင် သတိထား ရတဲ့ ကဏ္ဍတွေဖြစ်တဲ့ ဘဏ်လုပ်ငန်း၊ ကာကွယ်ရေးဌာနတွေနဲ့ ပြန်ကြားရေး
နည်းပညာတွေက နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုတွေရရှိရေးအတွက် ဖြစ်တယ်။
ဒီကဏ္ဍတွေမှာ အန်းဟာ ကျွမ်းကျင် လိမ္မာစွာ အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်ခဲ့တယ်။
သူ့ရဲ့ အအောင် မြင်ဆုံး ကြိုးပမ်းချက်ကတော့ အလွန် ချောမောလှပတဲ့ ဩစတြေးလျက
ထိပ်တန်းကုန်သွယ်မှု ကိုယ်စားလှယ် အယ်လစ်ဇဘက် မာဆာမူနီးနဲ့ သိခွင့် ရခဲ့တာပဲဖြစ်
တယ်။
၁၉၉၉ ခုနှစ်၊ ဇွန်လမှ အယ်လစ် ဇဘက် ဟနွိုင်းသို့ တာဝန်နဲ့ ရောက်လာ ခဲ့ပြီးတဲ့နောက်မှာ
သူဟာ အန်းနဲ့သိလာ ခဲ့ပြီး သူ့ရဲ့နှစ်လို့ဖွယ်ကောင်းတဲ့ အခွင့် အလမ်းတွေကို အန်းဟာ
သဘောကျ လာခဲ့တယ်။
တရားရုံးက ဖွင့်ဟလိုက်တဲ့ လျှို့ဝှက်ချက်တွေအရ အန်းဟာ အယ်လစ် ဇဘက်ကို ရေမွှေး၊
ဒီဗီဒီစက်နဲ့ ရုပ်မြင် သံကြားစက်တွေ အပါအ၀င် လက်ဆောင် တွေကိုပေးတဲ့အပြင် အယ်
လစ်ဇဘက်နဲ့ တရင်းတနှီး ဆက်ဆံခဲ့တယ်လို့လည်း သတင်းတွေ ထွက်ပေါ်ခဲ့တယ်။
အရင်လက တရားရုံးမှာ အယ်လစ် ဇဘက်က သူ့အိမ်ထောင်ရေး အဆင် မပြေတဲ့အချိန်
အန်းကိုကြိုက်ခဲ့တယ် လို့ ဖွင့်ဟခဲ့တယ်။ ဒါပေမယ့်လည်း အန်းဟာ လိင်ကိစ္စတစ်ခုတည်း
နဲ့ အယ်လစ်ဇဘက်ကို စိတ်ဝင်စားနေတာ မဟုတ်ဘူးဆိုတာ ပေါ်လွင်လာခဲ့တယ်။
အယ်လစ်ဇဘက်ရဲ့ အလုပ်အကိုင် တည်မြဲမှုဟာ ဗီယက်နမ်မှာ ဩစတြေး လျကုမ္ပဏီတွေ
ကန်ထရိုက်ရဖို့ဆိုတာ အန်း နားလည်သဘောပေါက်တယ်။ အန်းရဲ့ ၀န်ကြီးဌာနမှ ကန်ထ
ရိုက် အချို့ကို အယ်လစ်ဇဘက်ရဖို့ အန်းက ဆွဲဆောင်နိုင်တာကိုလည်း အန်းက သဘော
ပေါက်တယ်။
ဒီကန်ထရိုက်တွေရတဲ့အခါ အယ်လစ် ဇဘက်က အချီးမွမ်းခံရပြီး အန်းကို ကျေးဇူးဆပ်ဖို့ပင်
ရှိလိမ့်မယ်ဆိုတာကို လည်း အန်းက နားလည် သဘောပေါက် တယ်။ ဩစတြေးလျအစိုးရ
ရဲ့ သက်ဆိုင် သူတွေသာ သိသင့်တဲ့ အသေးစိတ် ရှင်းလင်း ညွှန်ကြားချက်တွေကိုလည်း
အယ်လစ်ဇဘက် လက်လှမ်းမီတာကို အန်းကသိတယ်။
ဒီအချက်အလက် တွေကိုသာ အန်းရဲ့ ထောက်လှမ်းရေး ဆရာတွေ သိရရင် သဘောအလွန်ကျ
မယ်ဆိုတာကို အန်းကသိတယ်။ မြိုးမြိုးမြက်မြက်ကလေး အဖြစ်ဆုံး ကတော့ အန်းဟာ အယ်လစ်
ဇဘက် ကန်ထရိုက်တွေရအောင် လုပ်ပေးတဲ့ အတွက် ကော်မရှင်ကောင်းကောင်း ရမယ်ဆိုတဲ့
အချက်ပဲ။ Reserve Bank of Australia ရဲ့ လက်အောက်ခံကုမ္ပဏီ Securency က
ဗီယက်နမ်အစိုးရအတွက် ပလတ်စတစ် ငွေစက္ကူလုပ်ပေးတဲ့ ကန်ထရိုက်ရဖို့ ကြိုးစားတဲ့အခါ
အန်းအတွက် မကြုံစဖူး အခွင့်ကောင်းပေါ်လာခဲ့တယ်။
Securency ကန်ထရိုက်ရအောင် လုပ်ပေးနိုင်တယ်။ ဒါပေမယ့် ကြိုတင် ငွေကို လိုချင်တယ်
လို့ အန်းက အယ်လစ် ဇဘက်ကို ပြောလိုက်တဲ့အခါ အယ်လစ် ဇဘက်က Securency ကို
တစ်ဆင့်ပြော ခဲ့ပြီး ဗီယက်နမ်မှာ လုပ်ငန်းသဘောအရ ဒါမျိုးရှိတယ်လို့ ပြောလိုက်တဲ့အခါမှာ
ကုမ္ပဏီက အန်းကို ဒေါ်လာသန်း ၂၀ လောက် လာဘ်ထိုးခဲ့တယ်။
ဒီကိစ္စတွေ ဖြစ်ပျက်ခဲ့ပြီးတဲ့နောက်မှာ ပိုပြီး ဦးနှောက်ခြောက်စရာကောင်းတဲ့ အချက်ကတော့
အန်းဟာ အယ်လစ် ဇဘက်နဲ့မတွေ့ခင်ကတည်းက သူလျှို ဆိုတာ ဩစတြေးလျအစိုးရက
သိနေ တဲ့အချက်ပဲဖြစ်တယ်။ အတိုချုံးလိုက်ရင်တော့ Securency ကုမ္ပဏီက ကန်ထရိုက်
ရသွားတယ်။ အယ်လစ်ဇဘက်က သူ့ဆောင်ရွက်မှု အတွက် ဆုကြေးရတယ်။
အန်းကတော့ မြိုးမြိုး မြက်မြက်ကလေး ရသွားတဲ့အပြင် လျှို့ဝှက် သတင်းအချက်အလက်တွေ
တောင် ရသွားမလားမပြောတတ်ဘူး။ အယ်လစ်ဇဘက် တရားရုံးရှေ့မှောက် ရောက်သွားပေ
မယ့် သူ့ရဲ့ဝန်ကြီးဌာန သို့မဟုတ် ထောက်လှမ်းရေးက လူကြီး တွေတော့ အခုအထိ တရားရုံး
က မခေါ် သေးဘူး။အန်းကိုလည်း အရေးယူ မယ့်လူ မပေါ်သေးဘူး။
(ယခုဆောင်းပါး မှာ ဆောင်းပါးရှင် ရော်ဂျာမစ်တန်၏ အာဘော်သာ ဖြစ်ပါသည်။)
(MTE) 
From -မြန်မာ့တိုင်းမ်

No comments:

Post a Comment