Saturday, October 27, 2012

နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု အကူအညီများ လက်ခံသည့် ကိစ္စ

၁။ နိုင်ငံတော်သမ္မတကြီးသည် နိုင်ငံတော်ဝန်ကြီးချုပ်        တာဝန်ထမ်းဆောင်ခဲ့စဉ်က
နာဂစ်မုန်တိုင်း ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အနီး ကပ်ကြီးကြပ်တာဝန်ယူဆောင်ရွက်ခဲ့သူ ဖြစ်ပါသည်။

၂။ ပဋိပက္ခနှင့် သဘာဝဘေးအန္တရာယ် ကြုံတွေ့ရချိန်တွင် နိုင်ငံတော်နှင့် ပြည်သူ
များ၏ ဝိုင်းဝန်းကူညီ ထောက်ပံ့မှုများ အဓိကကျသလို နိုင်ငံတကာမှ လူသားချင်း စာနာထောက်ထားမှုထောက်ပံ့ကူညီမှုများသည်လည်း တစ်တပ်တစ်အား ဖြစ်ကြောင်း သိရှိထားပါသည်။ ဆိုလိုသည်မှာ ပြည့်အင်အားသည် ပြည်တွင်းမှာသာ ရှိသည် ဟု ခံယူထားသလို ပြည်ပမှ အပြုသဘော ထောက်ပံ့မှုသည်လည်း အကျိုး ရှိသည် ဟူသော သဘော ဖြစ်ပါသည်။

၃။ ရခိုင်အရေးကိစ္စနှင့်စပ်လျဉ်း၍ နိုင်ငံတကာအသိုင်းအဝိုင်းအားလည်း လူသားချင်းစာနာထောက်ထားမှုဖြင့် ပေးအပ်သော ထောက်ပံ့ကူညီမှုများကို လက်ခံမည် ဖြစ်ကြောင်း၊ သို့သော်လည်း လူမျိုးဘာသာ မခွဲခြားဘဲ အညီအမျှ ပေးအပ်စေလိုကြောင်း အတိအလင်း ထုတ်ဖော်ပြောကြားထားပါသည်။

၎။ နိုင်ငံတကာတွင်လည်း ထိုကဲ့သို့သော ဖြစ်စဉ် ဖြစ်ရပ်များ ဖြစ်ပေါ်လာခဲ့ပါက ဝိုင်းဝန်းကူညီကြသည့် သဘောသဘာဝ ရှိသလို မြန်မာနိုင်ငံသည်လည်း ကမ္ဘာ့မိသားစုဝင်နိုင်ငံ တစ်နိုင်ငံဖြစ်သည့်အားလျော်စွာ လိုက်လျောညီထွေ ဆောင်ရွက်ရပါသည်။ အထူးသဖြင့် ယခုကဲ့သို့ နိုင်ငံတကာဆက်သွယ်ဆက်ဆံမှုများ ပိုမို ကျယ်ပြန့်လာနေသည့် အချိန်အခါမျိုးတွင် ပိုမို၍ အလေးထားရန် လိုအပ်ပါသည်။

၅။ သို့ပါ၍ လက်ရှိအခြေအနေတွင် နိုင်ငံတော်အစိုးရ၏ အမျိုးသားရေးနှင့် လူသားချင်းစာနာထောက်ထားမှု (၂)ခုစလုံးကို ချိန်ဆ ဆောင်ရွက်နေရသည့် အခြေအနေများကို သိမြင်နားလည်ကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
 
Hmuu Zaw

No comments:

Post a Comment