Tuesday, October 16, 2012

၈၈မျိုးဆက်ကျောင်းသားများအဖွဲ့ အမည်အလွဲသုံးစားသူများပေါ်ပေါက်



တနသာင်္ရီတိုင်းဒေသကြီး မြိတ်မြို့နယ်တွင် ၈၈မျိုးဆက်ကျောင်းသားများ အမည်ခံ အဖွဲ့အတု ပေါ်ပေါက်နေခြင်း ကို နိုဝင်ဘာလတွင် သွားရောက်စုံစမ်းမည်ဖြစ်ကြောင်း ၈၈မျိုး ဆက်ကျောင်းသားများအဖွဲ့မှ ကိုပြုံးချိုက ပြော သည်။တနသာင်္ရီတိုင်းဒေသကြီး မြိတ်မြို့နယ်တွင် ၈၈မျိုး ဆက်ကျောင်းသားများ အမည်ခံ အဖွဲ့အတု ပေါ်ပေါက်နေခြင်း
ကို နိုဝင်ဘာလတွင် သွားရောက်စုံစမ်းမည်ဖြစ်ကြောင်း ၈၈မျိုး ဆက်ကျောင်းသားများအဖွဲ့မှ ကိုပြုံးချို က ပြောသည်။ ပြည်တွင်းပြည်ပ၌ ၈၈ မျိုးဆက်ကျောင်းသားများရှိနေသော်လည်း လက်ရှိလုပ်ငန်းများတွင် တာဝန်ခံလုပ်ဆောင်နေသူများနှင့် ပတ်သက်၍ ရှင်းရှင်းလင်းလင်းဖြစ်အောင် ပြောကြားရန် လိုအပ်လာကြောင်း ကိုပြုံးချိုက 7DayNews သို့ပြောသည်။စက်တင်ဘာလဆန်းပိုင်းတွင် မြိတ်မြို့နယ်၌ ၈၈ မျိုးဆက်ကျောင်းသား အမည်ခံ အဖွဲ့တစ်ဖွဲ့ပေါ်ပေါက်လာပြီး မြိတ်တွင် တည်ဆောက်မည့် ကျောက်မီးသွေး ဓာတ်အားပေး စက်ရုံ၏ ကောင်းကျိုးများကိုပြောကာ ဒေသခံပြည်သူများကို စည်းရုံးမှု ပြုလုပ်နေကြောင်း မြိတ်ခရိုင် ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က သဘောထားကြေညာချက် ထုတ်ပြန်ခဲ့သည်။ “ရည်ရွယ်ချက် လမ်းကြောင်းချင်းက မတူတော့ ဒေသခံတွေ ယုန်ထင်ကြောင်ထင်ဖြစ်သွားမှာစိုးတယ်”ဟု မြိတ်ခရိုင် ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့မှ ကိုတင်ကိုကိုဦးက ပြောသည်။

အဆိုပါ ကျောက်မီးသွေးသုံးဓာတ်အားပေးစက်ရုံ တည်ဆောက်မည့်ကိစ္စနှင့် ပတ်သတ်၍် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုဆိုင်ရာ ပညာပေးရေးလုပ်ငန်းများနှင့် ပွင့်လင်းလူ့အဖွဲ့အ စည်း ဖော်ဆောင်ရေးလုပ်ငန်းများကို မြိတ်ခရိုင်၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က ဆောင်ရွက်နေကြောင်း ကိုတင်ကိုကိုဦးကဆိုသည်။ မြိတ်ခရိုင် ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ကို အဖွဲ့ဝင် ၈ ဦးဖြင့် ဖွဲ့စည်းထားပြီး ၈၈ မျိုးဆက်ကျောင်းသားများ ပွင့်လင်းလူ့အဖွဲ့အစည်း ရန်ကုန်ရုံးနှင့် ဆက်သွယ်မှုရှိကြောင်း ရန်ကုန်ရုံးအဖွဲ့မှူး ကိုဇော်မင်းက ပြောသည်။ မြိတ်ခရိုင်အတွင်း ၈၈ မျိုးဆက်ကျောင်းသားများအမည်ခံ လူတစ်စုသည် ရန်ကုန်ရှိ ၈၈ မျိုးဆက်ကျောင်းသားများနှင့် တိုက်ရိုက်ဆက်သွယ်ထားမှု မရှိခြင်းနှင့် ၎င်းလူစု၏ လုပ်ဆောင်နေမှု အရပ်ရပ်အား ပြင်းပြင်းထန်ထန်ကန့်ကွက်ကြောင်း မြိတ်ခရိုင် ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့မှ စက်တင်ဘာလ ၂၂ ရက်တွင် သဘောထားကြေညာချက် ထုတ်ပြန်ခဲ့သည်။
 
From - planet.com.mm 

No comments:

Post a Comment