Tuesday, October 16, 2012

မြန်မာနိုင်ငံတွင်ပတ္တမြားအထွက်နှုန်း ကျဆင်းလာ


မြန်မာနိုင်ငံမှထွက်ရှိသော ပတ္တြမားအထွက်နှုန်းမှာ တစ်နှစ်ထက်တစ်နှစ် ပိုမိုကျဆင်းလာကြောင်း SPGEMS & JEWELRY ကုမ္ပဏီမှ ဒါရိုက်တာ ကိုအောင်ကျော်ဇင်ကပြောသည်။မြန်မာနိုင်ငံမှထွက်ရှိသော ပတ္တြမား အထွက်နှုန်းမှာ တစ်နှစ်ထက်တစ်နှစ် ပိုမိုကျဆင်းလာကြောင်း SPGEMS & JEWELRY ကုမ္ပဏီမှ ဒါရိုက်တာ ကိုအောင်ကျော်ဇင်ကပြောသည်။ “ဝယ်လိုအားများလာပြီး ကုန်ကြမ်းရှားလာတဲ့သဘောပါ”ဟု
ကိုအောင်ကျော်ဇင်ကပြောသည်။ ထို့အပြင် ပတ္တမြားတူးဖော်သည့် ကျောက်တွင်းများ၏အနက်ပေများ မြင့်မားလာခြင်း၊ တူးဖော်သည့်နည်းစနစ်များ မြင့်မားလာခြင်း၊ ခွင့်ပြုမိန့်ရရှိသည့်လုပ်ကွက်များ ချထားပေးမှု နည်းပါးလာခြင်းတို့ကြောင့် ယခုလို အထွက်နှုန်းကျဆင်းလာခြင်းဖြစ်ကြောင်း ၎င်းကပင်ပြောသည်။

သတ္တုတွင်းဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းများအရ သတ္တုတွင်းများမှ သဘာဝပတ်ဝန်းကျင်ကို တိုက်ရိုက် အကျိုးသက်ရောက်စေသော တွင်းများအား စိစစ်ခွင့်ပြုပေးနေကြောင်း၊ အထွက်နှုန်းကျဆင်းမှုမှာ မူလတွင်းပိုင်ရှင်၏ အသုံးပြုသော နည်းပညာများပေါ်တွင်သာ မူတည်နေကြောင်း သတ္ထုတွင်းဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။ မြန်မာနိုင်ငံ၏ ပတ္တမြားအထွက်နှုန်းမှာ ကျဆင်းလာသော်လည်း ဝယ်လိုအားမှာမူ တစ်နှစ်ထက်တစ်နှစ် ပိုမြိုမင့်တက်လာဆဲဖြစ်ပြီး တရုတ်နှင့် အိမ်နီးချင်းနိုင်ငံများ အပါအဝင် ဥရောပနိုင်ငံများမှ ဝယ်လိုအားမြင့်တက်နေဆဲဖြစ်ကြောင်း ပတ္တမြားကုန်သည်တစ်ဦးက ပြောသည်။


မိုးကုတ်မြို့နယ်မှ ပတ္တမြားအထွက်နှုန်းမှာ နှစ်စဉ် ကာရက်ငါးသောင်းဝန်းကျင် ထွက်ရှိပြီး ယခုနှစ်စပိုင်းမှစတင်ကာ ထိုနှုန်းအောက်သို့  တဖြည်းဖြည်း ကျဆင်းလာကြောင်း မိုးကုတ်မြို့မှ သတ္တုတူးဖော်သည့် လုပ်ငန်းရှင်တစ်ဦးကပြောသည်။ လက်ရှိတွင် မြန်မာနိုင်ငံ၌ ပတ္တမြားကို မိုးကုတ်နှင့် မိုင်းရှူးဒေသတို့မှ အဓိက တူးဖော်ထုတ်လုပ်နေပြီး အချောထည်ရော အကြမ်းထည်ပါ နှစ်မျိုးစလုံး ပြည်ပသို့ တင်ပို့နေဆဲဖြစ်သည်။ သို့သော် မိုးကုတ်ဒေသထွက် ပတ္တမြားမှာ အရည်အသွေးမြင့်ပြီး ကမ္ဘာတွင်ပါ ကျော်ကြားသည်။

မိုးကုတ်နှင့် မိုင်းရှူးအပြင် တနိုင်း၊ မြိုင်ကြီးငူ၊ ပြင်လုံစသောဒေသများတွင်ပါ ပတ္တြမားအနည်း ငယ်ထွက်ရှိကြောင်း ကျောက်မျက်လုပ်ငန်းရှင်အချို့က ပြောသည်။ ထို့အပြင် မိုးကုတ်မြို့၌ယခင်က မိရိုးဖလာပုံစံဖြင့် တစ်ပိုင်တစ်နိုင် တူးဖော်သည့်လုပ်ငန်းအချို့မှာ စက်အင်အား အကူအညီနည်း ပါးနေခြင်း၊ ငွေကြေးတတ်နိုင်သော ကုမ္ပဏီအကြီးစားများကိုသာ တိုက်ရိုက် တူးဖော်ခွင့်များပြု ထားခြင်းတို့ကြောင့် ဒေသတွင်း တစ်ပိုင်တစ်နိုင်သာ လုပ်ကိုင်နိုင်သည့် လုပ်ငန်းရှင်အချို့မှာ အခက်အခဲဖြစ်နေရကြောင်း မိုးကုတ်မြို့မှ ဒေသခံတစ်ဦးကပြောသည်။

သတ္တုတွင်းဥပဒေအရ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ မြစ်ချောင်းများနှင့် မြေများမထိခိုက်မပျက်စီးနိုင်ရေး သတ္တုတူးဖော်ထုတ်လုပ်မှု တစ်နိုင်ငံလုံး၏ စာရင်းမှန်ကန်စွာရရှိနိုင်ရေး လက်လုပ်လက်စား တစ်ပိုင်တစ်နိုင် သတ္တုတူးဖော်မှုများအား ခွင့်ပြုပေးခြင်းမရှိကြောင်း ဇူလိုင်လအတွင်းကပြုလုပ်ခဲ့သော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် တနိုင်းမဲဆန္ဒနယ်မှ ဦးမျိုးဆွေ၏ မေးမြန်းမှုကို ယခင် သတ္တုတွင်းဝန်ကြီး ဦးသိန်းထိုက်က ပြန်လည်ဖြေကြားသည်။

Credit: မိုးညို (7Day News Journal)

No comments:

Post a Comment