Thursday, October 18, 2012

နိုင်ငံပိုင်သတင်းစာများ ရောင်စုံစာမျက်နှာဖြင့် စတင်ထွက်ရှိ


http://www.planet.com.mm/mocintranet/userfiles/Image/themirror-color500.jpgယခုနှစ် ဒီဇင်ဘာလလယ်တွင် နိုင်ငံပိုင် သတင်းစာများအားလုံးကို ရောင်စုံသတင်း စာများ အဖြစ် မြင်တွေ့ရမည်ဖြစ် သည် နိုင်ငံပိုင်သတင်းစာ များဖြစ် သည့် မြန်မာ ဘာ သာဖြင့် ထုတ်ဝေသော မြန်မာ့အလင်း၊ ကြေးမုံနှင့် အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသော The New Light of Myanmar သတင်းစာတို့ကို
ယနေ့မှစ၍ ရောင်စုံစာမျက်နှာများအဖြစ် ပုံနှိပ်ထွက်ရှိလာပြီ ဖြစ်သည်။ နေပြည်တော်နှင့် မန္တလေးတို့တွင် အဆိုပါ သတင်းစာများကို ရောင်စုံစာမျက်နှာများဖြင့် နေ့စဉ် ပုံနှိပ်ထုတ်ဝေသွားမည် ဖြစ်သည်။
ရန်ကုန်ထုတ်တွင် ပုံနှိပ်စက်တည်ဆောက်နေမှု အခြေအနေကြောင့် မြန်မာ့အလင်းနှင့် ကြေးမုံကို တစ်ပတ်စီ အလှည့်ကျ ရောင်စုံစာမျက်နှာများဖြင့် ထုတ်ဝေမည်ဖြစ်ပြီး ယခုနှစ် ဒီဇင်ဘာလလယ်တွင် နိုင်ငံပိုင် သတင်းစာများအားလုံးကို ရောင်စုံသတင်းစာများအဖြစ် မြင်တွေ့ရမည်ဖြစ်သည်။

မူရင်းသတင်း- planet.com.mm 

No comments:

Post a Comment