Thursday, October 18, 2012

ကရင်ပြည်နယ် သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့ ထုတ်ပြန်ချက် အစ္စလာမ် သာသာရေး ၅ ဖွဲ ဖြေရှင်းပေးရန် လို

ဗုဒ္ဓဘာသာဝင်များ ပိုင်ဆိုင်သော အိမ်ခြံမြေ လယ်ယာများ မွတ်စလင် တို့ကို ရောင်းချခြင်းမပြုရ ဟူသော အချက်အပါအ၀င် စည်းကမ်းချက် ၄ရက်  ကရင် ပြည်နယ် ဂိုဏ်းပေါင်းစုံ သာသနာတော် ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့ မှ ထုတ် ပြန် ဟူ ၍  အမှတ် (၈၁ ) အောက်တိုဘာ ၁၉ရက်နေ့ ၊၂၀၁၂ နေ့ ထုတ်  မြန်မာပို့စ် ဂလိုဘယ် သတင်းဂျာနယ် မျက်နှာ ဖုံးပေါ် တွင် ဖော်ပြခဲ့သည်။

အဆိုပါ သတင်းတွင်
  • ဘားအံမြို့ မဲဘောင်ကျောင်းတိုက် အတွင်း ကျင်းပခဲ့သော အစည်းအဝေးတွင် ဘားအံမြို့ ရပ်ကွက်ပေါင်း ၉ခု အနက် အမှတ် ၂ရပ်ကွက် အုပ်ချုပ်ရေးမှု မှလွဲ၍ ကျန်အုပ်ချုပ်ရေးမှူး များ အပါအ၀င် လူပေါင်း ၁၀၀ကျော်တက်ရောက်ခဲ့ကြောင်း
  • ဇွဲကပင် တောင် ဆရာတော် ဦးက၀ိဓဇက စည်းကမ်းချက်လေးရပ်ကို ကြေညာခဲ့သည်
(၁) ဗုဒ္ဓဘာသာဝင်များ ပိုင်ဆိုင်သော ဘိုးဘွားပိုင် အိမ်ခြံမြေ လယ်ယာများကို မွတ်စလင် များထံ ရောင်းချခြင်း၊ ငှားရမ်းခြင်း ၊ ပေါင်နှံခြင်း ၊ မပြုရန်

(၂) ဗုဒ္ဓဘာသာဝင် အမျိုးသမီးများ မွတ်စလင် နှင့် အိမ်ထောင်မပြုရန်
(၃) ဗုဒ္ဓဘာသာ ၀င်များ သည် ဗုဒ္ဓဘာသာများရောင်းချသော ဆိုင်မှာသာ အားပေးရန် ၊
(၄) ဗုဒ္ဓဘာသာဝင်များသည် မွတ်စလင်များ အတွက် အိမ်ခြံ လယ်ယာမြေ အဆောက်အအုံတို့ကို နာမည်ခံကာ ၀ယ်ယူပေး၊ ဆောက်လုပ်ပေး ၊ ငှားရမ်းပေး ခြင်းမပြုရန်
တို့ဖြစ်သည်။

  • ၄င်းစည်းကမ်းချက်များကို ဖောက်ဖျက်ကျူးလွန်ပါက ထိရောက်သောပြစ်ဒဏ်များ ချမှတ်ခံရမည့်ဖြစ်ကြောင်း၊
  • အောက်တိုဘာ ၁၄ရက်တွင် ကျင်းပခဲ့ပြီး အစည်းအဝေးအပြီး နောက်တစ်ရက်တွင် တစ်မြို့လုံးသို့ ဖြန့်ဝေကြောင်း
  • ယင်းအစည်းအဝေးမတင်မီ  ကရင်ပြည်နယ် ၀န်ကြီးချုပ် ဦးဇော်မင်း ဇွဲကပင်တောင်ဆရာတော်အား လာရောက်ဖူးခဲ့ကြောင်း၊
  • ဗုဒ္ဓဘာသာ ကာကွယ်စောင့်ရှောက်မည့် လုပ်ငန်းစဉ်များ အား ကရင်ပြည်နယ် ၀န်ကြီးချုပ် ၊ ပြည်နယ် လွှတ်တော် ဥက္ကဌ ၊ ကရင်ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေး ၀န်ကြီးဌာန နှင့် သက်ဆိုင်ရာသို့ ပေးပို့ခဲ့ကြောင်း ဖော်ပြထားသည်။
  • အဆိုပါ သတင်းဖော်ပြချက် သည် 
  1. ဘာသာတရားများအကြား ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ကြခြင်းကို တိုက်ခိုက်ခြင်း၊
  2. လက်ရှိကျင့်သုံးနေသော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့် ဆန့်ကျင့်နေခြင်း၊
  3.  နိုင်ငံတော်က ကျင့်သုံးနေသော ဈေးကွက်စီးပွားရေး စနစ်နှင့် ဆန့်ကျင်နေခြင်း ၊
  4.   ပြည်နယ်နှင့် ပြည်ထောင်စု ၏ အုပ်ချုပ်ရေးယန္တယားကို ၀င်ရောက် အနှောက် အယှက်ပြုခြင်း ၊
  5.  စာပေစိစစ်ရေး စည်းမျဉ်းစည်းကမ်းများနှင့် မကိုက်ညီခြင်း  စသည့် အချက်များ နှင့် ငြိစွန်းနေပါသည်။

  • အဆိုပါသတင်း ထည့်သွင်းဖော်ပြသော မြန်မာပို့စ် ဂလိုဘယ် သတင်းဂျာနယ် နှင့် ကရင်ပြည်နယ် ဘားအံမြို့ တွင် ဖြစ်ပေါ်နေသော ဖြစ်ရပ်ကို အား အစ္စလာမ် ဘာသာရေး ၅ဖွဲ့ မှ ထိထိရောက်ရောက် ဖြေရှင်း ဆောင်ရွက် ပေးရန်  တင်ပြလိုက်ရပါသည်။

No comments:

Post a Comment