Monday, October 22, 2012

စစ်တပ်ဆက်ဆံရေး စတင်လာမှုသည် မြန်မာနိုင်ငံနှင့် ဆက်ဆံရေးတွင် ခြေလှမ်းသစ်ဖြစ်


(20 October 2012 ရက်စွဲပါ VOA News မှ Danielle Bernstein ရေးသားသော Military outreach seen as new step in engaging Burma ကိုဘာသာပြန်ပါသည်)
အရှေ့တောင်အာရှတွင် ပြုလုပ်မည့် အကြီးဆုံး နိုင်ငံစုံစစ်ရေး လေ့ကျင့်ပွဲသို့ ပထမဆုံး အကြိမ်အဖြစ် မြန်မာနိုင်ငံအား လေ့လာရန် ဖိတ်ကြားမည် ဖြစ်သည်။ အဆိုပါ ဖိတ်ကြားမှုသည် မြန်မာအစိုးရ၏ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများအတွက် နိုင်ငံတကာ၏ တုန့်ပြန်မှု များထဲမှ တစ်ခုဖြစ်သည်။

                ပင်တဂွန်က ပြောကြားရာတွင် ၎င်းသည် ထိုင်းနိုင်ငံက မြန်မာနိုင်ငံအား Cobra Goldပူးတွဲ စစ်လေ့ကျင့်မှုတွင် ပထမဆုံးအကြိမ် ဖိတ်ကြားရန် စီ စဉ် ခြင်းကို ထောက်ခံခဲ့သည်ဟု ဆိုသည်။ အဆိုပါ ပူးတွဲစစ်လေ့ကျင့်မှုတွင် အမေရိကန်နှင့် အရှေ့တောင်အာရှ နိုင်ငံအချို့မှ အင်အား(၁၀၀၀)ကျော်သည် ထိုင်း နိုင်ငံတွင် နှစ်စဉ်ပြုလုပ်ခဲ့ပြီး၊ ဒေသတွင်းတွင် အကြီးဆုံး နိုင်ငံစုံ လေ့ကျင့်မှုတစ်ခု ဖြစ်သည်။
သြစတြေးလျ အမျိုးသားတက္ကသိုလ် Strategic and Defense Studies Centreမှ အကြီးတန်း ဖဲလိုးဖြစ်သူ John Blaxlandက ပြောကြားရာတွင် စစ်တပ်ချင်း ဆက်ဆံရေးသည် မြန်မာနိုင်ငံ၏ ဈေးကွက်စီးပွားရေးနှင့် ဒီမိုကရေစီ တိုးတက်ထွန်းကားရေးအတွက် အရေးကြီးကြောင်း အဘယ့်ကြောင့်ဆို သော် စစ်တပ်သည် တိုင်းပြည်တွင် အရေးကြီးဆုံးသော အဖွဲ့အစည်းဖြစ်ခြင်းကြောင့် ဖြစ်သည်ဟု ဆိုသည်။
၎င်းကပြောကြားရာတွင် ယခုကဲ့သို့ ဖိတ်ကြားမှုသည် အိမ်နီးချင်းများမှ ကာလရှည်ကြာပစ်ပယ်ခံထားရသော စစ်တပ်အတွက် အသိအမှတ် ပြုခံရမှု ကို ဖြစ်စေပြီး၊ စစ်ရေးလေ့ကျင့်ရာတွင် ပါဝင်သည်ဖြစ်စေ၊ လေ့လာသူအဖြစ် ပါဝင်သည်ဖြစ်စေ ဒေသတွင်း တည်ငြိမ်ရေးအတွက် အရေးကြီးလှသည်ဟု ဆို သည်။
“မြန်မာနိုင်ငံက အာဏာပိုင်တွေဟာ သူတို့ရဲ့ မဟာဗျူဟာဆိုင်ရာ လုံခြုံမှု ဆက်ဆံရေးကို အရင်နဲ့မတူခြားနား စေလိုတယ်ဆိုတာ ရှင်းလင်းနေပါ ပြီ”ဟု ၎င်းကပြောသည်။ “မကြာသေးမီ နှစ်တွေက သူတို့ဟာ တရုတ်နဲ့ အလွန်ရင်းနှီးခဲ့ပါတယ်။ အိန္ဒိယကလည်း ဆက်ဆံရေးစတင်လာပါတယ်။ မြန်မာ နိုင် ငံဟာ အာဆီယံ အဖွဲ့ဝင် ဖြစ်တာနဲ့အညီ Cobra Gold မှာ စတင်ပါဝင်ခွင့်ရလာတာဟာ တကယ်တော့ အရေးကြီးတဲ့ခြေလှမ်းတစ်ခုပါ။ လောလောဆယ် လေ့ လာသူ အဆင့်ရလာတာဟာ ကြီးမားတဲ့ တိုးတက်မှုလို့ ပြောလို့မရပေမယ့် မြန်မာနိုင်ငံကို ဥခွံထဲက ထွက်လာဖို့ အပေါင်းလက္ခဏာဆောင်တဲ့ ခြေလှမ်းတစ် ရပ်တော့ အမှန်တကယ် ဖြစ်ပါတယ်”ဟု ၎င်းကပင်ပြောသည်။         အမေရိကန်သည် မကြာသေးခင်က စီးပွားရေးအရ အရေးယူမှုများ ရုတ်သိမ်းပေးခဲ့ပြီး မြန်မာနိုင်ငံနှင့် ဆက်ဆံရန် အခြားခြေလှမ်းများလည်း လုပ်ဆောင်နေသည်။ ယခုတစ်ပတ်တွင် စစ်တပ်နှင့် လူ့အခွင့်အရေး ကိုယ်စားလှယ်အဖွဲ့ သွားရောက်ခဲ့ သည်။
အမေရိကန်နှင့် မြန်မာစစ်တပ်သည် ၁၉၈၀ခုနှစ်များအထိ ဆက်ဆံရေးများရှိခဲ့ရာ လေ့ကျင့်သင်ကြားပေးမှုများ။ လက်နက်နှင့် အခြားပစ္စည်း ရောင်း ချမှုများလည်း ပါဝင်ခဲ့သည်။ သို့သော် ၁၉၈၈ဒီမိုကရေစီ လှုပ်ရှားမှုများကို စစ်အစိုးရက ချေမှုန်းခဲ့ပြီးနောက် စစ်တပ်ဆက်ဆံရေးများသည် မူးယစ်ဆေးဝါး ဆန့်ကျင်ရေး လုပ်ငန်းများနှင့် ဒုတိယကမ္ဘာစစ်မှ စစ်တပ်ကြွင်းကျန်မှုများ ရှာဖွေရေး ကိစ္စများသာ ရှိပါတော့သည်။
စင်္ကာပူရှိ Institute of Southeast Asian Studiesမှ ပါမောက္ခ ဦးတင်မောင်မောင်သန်းက အရပ်ဖက် ဆက်ဆံရေးမှ တိုးချဲ့၍ စစ်တပ်ချင်း ဆက် ဆံရေး ပြုလုပ်မှုသည် တရုတ်၏ သြဇာလွှမ်းမိုးမှုကို ထိန်းညှိရန် ကြိုးစားမှုဟု ရှုမြင်သည်။
“အမေရိကန်တွေက အရှေ့တောင်အာရှက စစ်တပ်တွေနဲ့ ဆက်ဆံရေးပြုလုပ်တဲ့အခါတိုင်း သူတို့ဟာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး လုပ်ငန်းစဉ် တွေရဲ့ အစိတ်အပိုင်းဖြစ်တယ်လို့ ယူဆချက်နဲ့ ဆက်ဆံပါတယ်။ စစ်တပ်ဟာ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကို မြန်အောင်သော်လည်းကောင်း၊ နှောင့် နှေးအောင်သော်လည်းကောင်း လုပ်နိုင်ပါတယ်။ မြန်မာဖက်က စဉ်းစားတာက အမေရိကန်က နိုင်ငံတကာ အသိုင်းအဝိုင်းမှာ လူတိုင်းနဲ့ ဆက်ဆံနေပါတယ်။ သတိပြုရမယ့် အချက်က တရုတ်ကို စိတ်အနှောင့်အယှက်ဖြစ်အောင် မလုပ်မိဖို့ပါပဲ”ဟု ၎င်းကဆိုသည်။
သို့သော် နိုင်ငံတကာ လူ့အခွင့်အရေး အုပ်စုများကမူ စစ်တပ်နှင့် ဆက်ဆံရေးလုပ်ဆောင်ခြင်းမှာ စောလွန်းသေးကြောင်း သတိပေးခဲ့သည်။ Human Rights Watchမှ မြန်မာအကြောင်း သုတေသနပြုသူ Matthew Smith ကစစ်တပ်သည် တိုင်းရင်းသားများ၏ နယ်စပ်ဒေသများတွင် ကျူးလွန်မှုများ လုပ်ဆောင်နေဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထိုသို့ဆက်ဆံရေးပြုလုပ်ပြီး စစ်တပ်ကို စစ်တပ်ပီသလာအောင် လုပ်နိုင်မည်ဟု ယုံကြည်နေခြင်းမှာ အသိ တရား မရှိရာ ရောက်ကြောင်း ၎င်းကပြောသည်။
“အဓိက အလေးပေးရမယ့် နယ်ပယ်က ဖြစ်ခဲ့တဲ့ ကျူးလွန်မှုတွေကို တာဝန်ယူဖို့ကိစ္စပါ။ မြန်မာစစ်တပ်နဲ့ အခြားစစ်တပ်ကြား ဆက်ဆံရေး တိုး တက် ဖို့ မလိုအပ်သေးပါဘူး။ အထောက်အထားအပြည့်အစုံရှိတဲ့ ကျူးလွန်မှုတွေအတွက် တာဝန်ယူမှုနဲ့ ပတ်သက်ပြီး တိုးတက်မှုတွေ့ရရင်၊ အပေါင်းလက္ခဏာ ဆောင်တဲ့ ပြုပြင်ပြောင်းလဲရေးတွေ့ရတဲ့ လက္ခဏာပါပဲ။ ဒါကို ကျွန်တော်တို့ မတွေ့ရသေးပါဘူး”ဟု ၎င်းကပြောသည်။
မြန်မာအစိုးရသည် လွန်ခဲ့သည့် နှစ်နှစ်ဆယ်အတွင်း ကမ္ဘာပေါ်တွင် အဖိနှိပ်ဆုံးအစိုးရဖြစ်ခဲ့ပြီး၊ ယခုအခါ ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင် နေသည်။ သို့သော် စစ်တပ်သည် ပါလီမာန်တွင် လွှမ်းမိုးထားဆဲဖြစ်ပြီး၊ တိုင်းပြည်၏ အရေးကြီးသော အင်အားစုဖြစ်လျက်ရှိသည်။ ထို့အပြင် ၎င်းသည် တိုင်းရင်းသား သူပုန်များကို ဆက်လက်တိုက်ခိုက်နေဆဲဖြစ်သည်
From-Transparencymyanmar

No comments:

Post a Comment