Sunday, October 28, 2012

မြောက်ဦးမြို့တွင် ဒုက္ခသည်များတိုးလာ (ယနေ့နောက်ဆုံးရသတင်း)


MraukOo Doukenthin

မြောက်ဦးမြို့နယ် အဓိကရုဏ်းတွင် ဒုက္ခသည်အရေအတွက် တိုးပွား လာနေကြောင်း ၄င်းဒုက္ခသည်များ ကို မြောက်ဦးမြို့တွင်ရှိသော အလိုေ တ်ာပြည့်ကျောင်း တိုက်၊လက်ကောက်ေ ဈး ကျောင်းတိုက်၊ ရွှေ ဂူတောင်ေ ကျာင်း တိုက်၊ အောင်ရတနာကျောင်းတိုက်တို့တွင် ထားကြောင်း သိရှိရ သည်။

အလိုတော်ပြည့် ကျောင်းတိုက်သို့ ဒုက္ခသည်အဖြစ် ရောက်ရှိလာကြသော ရွာများ၊ အိမ်ထောင်စုဦးရေ၊ လူဦးရေ များမှာ -

၁။ ကျောက်တွင်းကုန်းရွာ၊ အိမ်ထောင်စု(၃၁)စု၊ လူဦးရေ(၅၂)ဦး
၂။ တော့ဆိပ်ကျေးရွာ၊ အိမ်ထောင်စု(၇)စု၊ လူဦးရေ(၃၁)ဦး
၃။ ပုရိန်ကုန်းကျေးရွာ၊ အိမ်ထောင်စု(၂၆)စု၊ လူဦးရေ(၈၅)ဦး
၎။ မင်္ဂလာကုန်းရွာ အိမ်ထောင်စု(၁၀)စု၊ လူဦးရေ(၃၉)ဦး
၅။ လောင်းကြက်ရွာ အိမ်ထောင်စု(၁၁)စု၊ လူဦးရေ(၄၃)ဦး
၆။ ကျွဲသဲရွာ အိမ်ထောင်စု(၁)စု၊ လူဦးရေ(၁)ဦး
၇။ နန်းကျရွာ အိမ်ထောင်စု ဦးထောင်စု(၄)စု၊ လူဦးရေ(၁၈)ဦး
၈။ ပန်းမော်ရွာ အိမ်ထောင်စု(၇၉)စု၊ လူဦးရေ(၂၅၇)ဦး
၉။ မြရိပ်ကျွန်းရွာ အိမ်ထောင်စု(၄)စု၊ လူဦးရေ(၁၇)ဦး
၁၀။ မဟာထီးရွာ အိမ်ထောင်စု(၁)စု၊ လူဦးရေ(၁၃)ဦးတို့ ဖြစ်သည်။

လက်ကောက်ဈေးကျောင်းတိုက်တွင် ပန်းမော်ရွာမှ အိမ်ထောင်စု(၂၅)စု၊ လူဦးရေ(၇၂)ဦး၊ ရွှေဂူတိုက်ကျောင်း တိုက်တွင် လောင်းကြက်မှ အိမ်ထောင်စု(၂၀)စု၊ လူဦးရေ(၇)ဦး၊ အောင်ရတနာကျောင်းတိုက်တွင် အိမ်ထောင်စု(၄)စု၊ လူဦးရေ(၁၄)ဦး ရောက်ရှိနေကြောင်း သိရှိရသည်။ နောက်ထပ်လည်း ပန်းမြောင်ရွာဖက်မှ ဒုက္ခသည်များ ဆက်လက်ဝင်ရောက်လာနေကြောင်း သိရှိရသည်။

မြောက်ဦးမြို့တွင် ရောက်ရှိနေသော အမျိုးသားတစ်ဦးက " ဒုက္ခသည်တွေက ဆက်ပြီးတော့ ဝင်နေကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘင်္ဂတွေရွာမှာက လုံခြုံရေးတွေကို ချထားပေးပြီး ရခိုင်ရွာတွေမှာ လုံခြုံရေး မချပေးထားပါဘူး။ ဒါကြောင့် ရခိုင်တွေက ဘင်္ဂလီတွေ အကြမ်းဖက်မှုဒဏ်ကို ခံနေရပါတယ်။ အခု ဒုက္ခသည်တွေမှာက ချက်ချင်းထွက်ပြေးလာရတော့ အဝတ်အစားတွေနဲ့ ဘာအသုံး အဆောင်ပစ္စည်းတွေမှ ပါမလာကြဘူး။ ကလေးတွေက တစ်ချို့ဖျားတယ်၊ ဝမ်းသွားတယ်။ လူကြီးတွေက အအေးမိ၊ နှာဈေးချောင်းဆိုး၊ ဖျားနာတယ်။ တစ်ချို့လူကြီးတွေဆိုရင် ကြောက်လန့်ပြီးတော့ သွေးတက်တာတွေ ရှိပါတယ်။ အခုလက်ရှိ ဘင်္ဂလီရွာ(ပုရိန်ရွာ)နဲ့ တစ်မိုင်၊ နှစ်မိုင်လောက်ဝေးတဲ့ မောင်သာကုန်း(ရခိုင်ရွာ)မှာ စပါးရိတ်သိမ်းချိန် ကို ရောက်လာပြီဆိုတော့ ဘင်္ဂလီတွေက ရခိုင်တွေရဲ့ စပါးခင်းတွေကို ရိတ်သွားပြီးတော့သူတို့ရဲ့နွားတွေကို ရခိုင်တွေရဲ့ လယ်ကွင်းထဲကို မောင်းလွှတ်တော့စပါးခင်းတွေ ပျက်စီးကုန်ပါတယ်။ " ဟု ပြေပြသည်။

ထိုဒုက္ခသည်များ၏ စားဝတ်နေရေး၊ အသုံးအဆောင်ပစ္စည်းများ၊ ကျန်းမာရေးလိုအပ်ချက် ပစ္စည်းများကို မြောက် ဦးမြို့နယ်မှ မြောက်ဦးမြို့လူငယ်ကွန်ယက်၊ မြောက်ဦး နာရေးကူညီရေးအသင်း၊ မြို့မိမြို့ဖများက ထောက်ပံ့ပေး လျှက် ရှိနေသည်။ ဝံလက်ဖောင်ဒေးရှင်းမှလည်း ဒုက္ခသည်များအား၏ လိုအပ်ချက်များ ဖြည့်ဆည်းပေးရန် အတွက် စာရင်းများ ကောက်နေကြောင်း၊ အစိုးရအဖွဲ့အစည်း မည်သည့်အကူအညီ အထောက်အပံ့မှ မရသေးကြောင်းနှင့် ဒုက္ခသည်များအတွက် မည်သည့်ထုတ်ပြန်ချက်မှ မထုတ်သေးကြောင်း သိရှိရသည်။

Arakantimes.net

No comments:

Post a Comment