Sunday, October 28, 2012

ရခိုင်မှာ ရွာလုံးကျွတ်မီးလောင်ခဲ့ခြင်းသတင်းနှင့် ဂြိုလ်တုကနေ ရိုက်ထားတဲ့ ဓါတ်ပုံသတင်း


http://wscdn.bbc.co.uk/worldservice/assets/images/2012/10/27/121027080456_burma_304x171__nocredit.jpg

ကျောက်ဖြူမြို့နယ်အတွင်း အိမ်တွေအများအပြားမီးလောင်နေစဉ် ဂြိုလ်တုကနေ ရိုက်ထားတဲ့ဓါတ်ပုံတွေကို Human Right Watch လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။

ကျောက်ဖြူမြို့ရဲ့ ရှေ့ဘက်ကမ်းရိုးတမ်းမှာရှိတဲ့ အိမ်နေရာလိုနေရာ ၈၁၁ခုမှာ မီးလောင်ပြာကျခဲ့တဲ့ နေရာတွေကို ဂြိုလ်တုကနေ မြင်ရတဲ့ ဓါတ်ပုံတွေဖြစ်ပါတယ်။ အောက်တိုဘာလ ၂၅ ရက်နေ့က မြင်ရတဲ့ပုံတွေဖြစ်ပြီး အောက် တို ဘာလဆန်းပိုင်းက ရိုက်ယူထားတဲ့ပုံတွေမှာတော့ အိမ်တွေနဲ့ လှေအိမ်တွေရှိနေသေးတာကို တွေ့ရပါတယ်။

                               ဂြိုလ်တုကရိုက်ယူထားတဲ့ ကျောက်ဖြူက မီးလောင်ပြင်ရပ်ကွက်ပုံ

 မြန်မာအစိုးရအနေနဲ့ ရိုဟင်ဂျာမူစလင်တွေကိုရော ဒေသခံရခိုင်တိုင်းရင်းသားတွေကိုပါ လုံခြုံရေးအကာ အကွယ်ပေးဖို့နဲ့ အကူးအညီတွေပေးအပ်ဖို့လိုအပ်နေတယ်လို့ Human Right Watch အဖွဲ့က ပြောပါတယ်။
အခုဖြစ်ပျက်ခဲ့တဲ့ဒေသဟာ အရင်ဇွန်လတုန်းက ဖြစ်ခဲ့တဲ့ ဒေသတွေထဲမှာ မပါတဲ့ဒေသတခုဖြစ်တဲ့အတွက် အကြမ်းဘက်ပြီး လူအုပ်စုလိုက် တိုက်ခိုက်မှုတွေက တခြားဒေသေတွေကို ကူးလာနေပြီလို့ Human Right Watch လူ့အခွင့်အရေးအဖွဲ့ အာရှဌာနခွဲ က လက်ထောက် ဒါရိုက်တာ Phil Robertson က ပြောပါတယ်။

လူဘယ်လောက် သေဆုံးခဲ့တယ်ဆိုတာနဲ့ပတ်သက်ပြီး အစိုးရရဲ့ ကိန်းဂဏန်းတွေက တကယ်ဖြစ်တာ ထက် လျော့နည်းလေ့ရှိတယ်လို့လည်း သူကဆိုပါတယ်။အစိုးရဘက်က စနေ့နေ့ က ထုတ်ပြန်တဲ့ ကိန်းဂ ဏန်းတွေမှာ လူ ၈၂ ဦး သေဆုံးပြီး ၁၀၀ ကျော် ဒဏ်ရာရတယ်၊ အိမ် ၃၀၀၀ နီးပါး မီးလောင်ခဲ့ တယ်လို့သိရပါတယ်။

BBC - သတင်းဌာန

No comments:

Post a Comment