Wednesday, October 24, 2012

ယခုနှစ်အီးဒ်နေ့တွင် ကုရ်ဘာနီ ပြုလုပ်ခြင်းရပ်ဆိုင်းရန် အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးမှ ကြေငြာထုတ်ပြန်

 
ယခုလ ၂၇ ရက်တွင် ကျရောက်မည့် အစ္စလာမ်ဘာသာဝင်များ၏ နှစ်စဉ်ပြု လုပ်မြဲဖြစ်သောအီးဒ်ပွဲတော်အား လက်ရှိဖြစ်ပေါ်နေသော ရခိုင်ပြည်နယ် အရေးအခင်းများနှင့် အခြားသော အကြောင်းများကြောင့် တစ်နိုင်ငံလုံး တွင် ပြုလုပ်တော့မည်မဟုတ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ် ဘာသာရေး အဖွဲ့ကြီးကသတင်းထုတ်ပြန်သည်။
အစိုးရက ယခုလ ၂၇ ရက်အား တရားဝင် အီးဒ်နေ့ ရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားပြီးဖြစ်သော်လည်း အစ္စလာမ် ဘာသာရေးအဖွဲ့ကြီးက လက်ရှိနယ်ဒေသများတွင် အီးဒ်နေ့ပြုလုပ်ရေးအတွက် ကန့်သတ်ချက်များ ရှိနေခြင်း၊ လုံခြုံရေး အင်အားမရရှိခြင်း အဆိုပါနေ့အား ပြည်တွင်းမငြိမ်သက်မှုကို လိုလားသူအချို့က ဆန့်ကျင်လိုခြင်း၊ ခြိမ်းခြောက်မှုများရှိနေခြင်း ကြောင့် မလိုလားအပ်သည့် ဖြစ်ရပ်များ ဖြစ်ပွားခြင်းမရှိရန်ယင် သို့ ၇ပ်ဆိုင်း ခြင်းဖြစ်ကြောင်းသိ၇သည်။

''ကျွန်တော်တို့ရဲ့ အီးဒ်က (သားသတ်) နွားသတ်မှ အီးဒ်ဖြစ်တာ မဟုတ်ပါဘူး။ အဓိကက အလှူအတန်းပြု လုပ်ဖို့ပါ။ ဒီအတွက် ဒီနှစ်မှာ အဲဒီအတွက် ကုန်ကျမဲ့ငွေကို တခြားသော မရှိဆင်းရဲသားတွေကို လှူဒါန်းတာမျိုးနဲ့လည်း အီးဒ်ဖြစ်ပါတယ်'' ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ မွတ်ဆလင်မ်လူငယ်များအဖွဲ့ချုပ် အတွင်းရေးမှူးဦးဇော်မင်းနိုင်က 7Day News သို့ ပြောသည်။

၁၉၉၇ နှင့် ၁၉၈၃ ခုနှစ်များတွင်လည်း ပြည်တွင်း မငြိမ်သက်မှု အခြေအနေများကြောင့် အီးဒ်ပွဲတော်ကို ကျင်းပပြုလုပ် ခဲ့ခြင်း မရှိခဲ့ဟု သိရသည်။
 
7Day News Journal မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။

No comments:

Post a Comment