Saturday, October 6, 2012

သဇင်အား နာမည်ပြောင်းဖွင့်လှစ်တော့မည့် နယ်စည်းမထားစစ်တွေဆေးခန်း

ပဋိပက္ခ ဖြစ်စဉ်များကာလကပင် ပိတ်ထားခဲ့ရသော နယ်စည်းမထားဆရာဝန်များအဖွဲ့(MSF)၏ ဆေးပေးခန်းအား လာမည့်အပတ် စစ်တွေမြို့ မိဇံရပ်ကွက်၌ ဖွင့်လှစ်ထားရှိမည်ဟု အဆိုပါ အဖွဲ့နှင့်နီးစပ်သူတစ်ဦးကဆိုသည်။

 
ပဋိပက္ခဖြစ်စဉ်များအတွင်း အဆိုပါအဖွဲ့အစည်းမှဝန်ထမ်းအချို့ အရေးယူခံခဲ့ရပြီးစစ်တွေမြို့ ဓညဝတီရပ်ကွက်တွင် ဖွင့်လှစ်ထားသည့် သဇင်ဆေးပေးခန်းကိုလည်း ပိတ်ထားခဲ့ရသည်။
 
အရေးအခင်းကာလတွင် ဆေးဝါးထောက်ပံ့မှုများ ရပ်ဆိုင်းထားခဲ့ရပြီး ARTဆေးဝါးသုံးစွဲနေရသူ အချို့လည်း  ဆေးဝါးပြတ်လပ်မှု များနှင့်ကြုံတွေ့ခဲ့ရမှုများလည်းရှိခဲ့သည်ဟု စုံစမ်းသိရှိရသည်။
 
''ဆေးခန်းဖွင့်ဖို့အတွက် ပြည်သူတွေရဲ့သဘောထားတွေကို ကောက်ခံထားပါပြီ၊၊ မကြာမီဆေး ပေးခန်းကိုဖွင့်တော့မှာပါ''ဟု MSFက တာဝန်ရှိသူတစ်ဦးက ပြောသည်။
 
ထို့အပြင် ဆေးခန်းနာမည်ကိုလည် သဇင်နာမည်အစား သီးသန့်နာမည်တစ်ခုဖြင့်ဖွင့်မည်ဟုသိရသည်။
From-မြစ်မခ

No comments:

Post a Comment