Thursday, October 11, 2012

ဘင်္ဂလားဒေ့ရှ်အစိုးရထံ ရခိုင့်အရေး အချက်(၅)ချက်အား စစ်တွေသံဃာထု တောင်းဆို

သံဃာထုက ရခိုင်အရေးနှင့်ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်ကောင်စစ်ဝန်ရုံးရှေ့တွင် စစ်တွေမြို့မှ သံဃာတော်များ က အချက်(၅)ချက် တောင်းဆို ဆန္ဒ ထုတ်ဖော်ခဲ့ကြသည်။

OIC ကိုလက်မခံခြင်း၊ များမကြာမီက ဖြစ်ပွားခဲ့သော ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဗုဒ္ဓဘာသာဝင်များအား ဘင်္ဂလား ဒေ့ရှ်အစိုးရအနေဖြင့် ကာကွယ်စော င့်ရှောက်ပေးရန် စသည့်အချက်များကို ဘင်္ဂလားဒေ့ရှ်ကောင်စစ်ဝန်ရုံးရှေ့၌ ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။ သံဃာတော်များဆန္ဒထုတ်ဖော်ရာတွင် ''မြန်မာနိုင်ငံ၌ OICလုံးဝအလိုမရှိ၊ ရခိုင်ပြည်၌ OIC လုံးဝ အလိုမရှိ၊ နှစ်ဖက်လုံး ငြိမ်းချမ်း စွာနေနိုင်ရေးအတွက် အင်ဘာလာ(အောင်မင်္ဂလာရပ်ကွက်)ကို မြို့ပြင်သို့ ထုတ်ပေး ပါ၊ ငြိမ်းချမ်းစွာအတူ နေထိုင်သည့် လူနည်း စု ဗုဒ္ဓဘာသာဝင်များကို ဘင်္ဂလားဒေ့ရှ်အစိုးရအနေနှင့် အပြည့် အ၀ တာဝန်ယူ ကာကွယ်ပေးပါ၊ ဘင်္ဂလီများနှင့်ပတ်သက်၍ ပြတ်ပြတ်သားသား ပြောဆိုခဲ့သော သမ္မတကြီး အား ထောက်ခံပါသည်” စသည့်အချက် ငါးချက်ကို တောင်းဆိုခဲ့ခြင်းဖြစ်သည်။

အောက်တိုဘာ(၉)ရက် နေ့လည် (၂)နာရီကျော်တွင် သံဃာတော် အပါး (၁၅၀၀)ခန့်က စစ်တွေမြို့ မြင်းပြိုင် ကွင်းလမ်း အနောက်စံပြရပ်ကွက်ရှိ ဘင်္ဂလားဒေရှ်ကောင်စစ်ဝန်ရုံးရှေ့၌ မိနစ်(၃၀)ကြာ ဆန္ဒထုတ်ဖော်ခဲ့ကြပြီး ဘင်္ဂလားဒေ့ရှ် အစိုးရထံ သံဃာထုမှ တောင်းဆိုချက်(၅)ချက်ပါ စာကို ပေးအပ်ခဲ့သည်။

ယင်းနောက် သံဃာတော်များသည့် လမ်းမကြီးအတိုင်းစီတန်းလှည့်လည်ခဲ့ရာ လူထုပရိတ်သတ်များလည်း သံဃာတော်များနှင့်အတူ စီတန်းဆန္ဒထုတ်ဖော်ခဲ့ကြသည်။

သံဃာထုနှင့်လူထု ဆန္ဒထုတ်ဖော်ပွဲကိုညနေ ၄နာရီတွင် ဒက္ခေါင်းကျောင်းတိုက်တွင် လူစုခွဲ အဆုံးသတ်ခဲ့သည်။
စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ရာ လမ်းတလျှောက်တွင် လည်းပြည်သူများက ကြိုဆိုကြပြီး အချို ရည် နှင့်သောက်ရေသန့်များ လှူဒါန်းခဲ့ကြသည်။

ယင်းသို့ဆန္ဒထုတ်ဖော်ရာတွင် ရုန်းရင်းဆန်ခတ်မဖြစ်စေရန် သက်ဆိုင်ရာအာဏာပိုင်များက ထိန်းသိမ်းခဲ့ပြီး သံဃာတော်များနှင့်လူထုတို့ကလည်း ငြိမ်းချမ်းစွာဖြင့် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

OIC အနေဖြင့် လူသားချင်းစာနာမှု လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ညှိနှိုင်းဆောင်ရွက် ရန်နှ င့် စောင့်ကြည့် လေ့လာရန် ရန်ကုန် စစ်တွေတွင် ရုံးများဖွင့်လှစ်ထားရှိမည့်ကိစ္စကို နယ်စပ်ရေးရာဝန်ကြီးဌာနတို့ စက်တင် ဘာလ (၁၁)ရက်နေ့က နေပြည်တော်တွင် လက်မှတ်ရေးထိုးခဲ့သည်။

စက်တင်ဘာ (၂၅)ရက်နှင့်(၂၆) ရသေ့တောင်၌ ပြုလုပ်ခဲ့သည့် ရခိုင်ဒေသလူထု အစည်းအဝေးတွင်လည်း OIC ရုံးဖွင့်ထားရှိမည့် အစီအစဉ်ကို ကန့်ကွက်ခဲ့ကြသည်။
 
From- မြစ်မခ

No comments:

Post a Comment