Saturday, October 20, 2012

ရခိုင်ပြည်နယ်အတွင်း ဘင်္ဂါလီလူမျိုးများအား တတိယနိုင်ငံသို့ ပို့ဆောင်ပေးရန် သံတွဲတွင် ဆန္ဒပြမည်



ရခိုင်ပြည်နယ်အတွင်းတွင် ဘင်္ဂါလီလူမျိုး များအား မိခင်နိုင်ငံသို့မဟုတ် တတိယနိုင် ငံသို့ ပြန်လည်ပို့ဆောင်ရန်အတွက် သံတွဲမြို့ တွင် အောက်တို ဘာလ ၂၁ရက်နေ့၌ နေ့ လည် ၁၂နာရီတွင် ဆန္ဒပြမည်  ဖြစ်ကြောင်း သံတွဲမြို့ရှိ အစိုးရဝန်ထမ်းတစ်ဦးက Yangon Chronicle သို့  ပြောကြား သည်။


အဆိုပါကိစ္စနှင့် ပတ်သက်၍ ရခိုင်အမျိုးသားလှုပ်ရှားမှုအဖွဲ့အစည်းမှ ဦးဆောင် ဆန္ဒပြခြင်းဖြစ်ပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး၏ ခွင့်ပြုချက်မရရှိသော် ကြောင့် ခရိုင်ရဲတပ်ဖွဲ့ မှုးရုံးသို့လျှောက်ထားရာ ခွင့်ပြုချက်ရရှိခဲ့ကြောင်းနှင့် ဆန္ဒပြရခြင်းမှာ ဘင်္ဂါလီလူမျိုး များသည်လူဦးရေတိုးပွားနှုန်း မြန်ဆန်လွန်းသ ဖြင့် ယခုအချိန်တွင်ပင် ရခိုင်ပြည်နယ်၏  ၇၀ရာခိုင်နှုန်းခန့်သော လူဦးရေအား ဘင်္ဂါလီများမှ ပိုင်ဆိုင်ထားကြောင်း
သိရသည်။

“OIC ကိစ္စတွေ ပြီးသွားပေမယ့်။ အခုလို လူဦးရေတိုးပွားနှုန်းကြောင့် ရခိုင်တိုင်းရင်း သားတွေရဲ့လုံခြုံရေး ထိခိုက်နိုင်တယ်။ ဒါ့ကြောင့် ဒီလူတွေ ကို ရခိုင်ပြည်နယ်ကနေ တတိယနိုင်ငံကို ပို့ဆောင်ဖို့တောင်းဆိုတာပါ”ဟု အထက်ပါအစိုးရဝန် ထမ်းက ဆိုသည်။

မြန်မာနိုင်ငံတွင်းသို့ ဘင်္ဂါလီလူမျိုးများသည် ၁၈၈၄ ခုနှစ်ဝန်းကျင်ခန့်တွင် အလုံး အရင်းဖြင့် ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့၏ လူဦးရေတိုးပွားနှုန်း အား  ထိမ်းချုပ်ထားသည့် ဥပဒေမရှိသေးကြောင်းနှင့် လူဝင်မှုကြီးကြပ်ရေး၏ ဥပဒေ မှာလည်း ပြင်းထန်သောအရေးယူမှုမရှိသေးကြောင်း ရခိုင်အမျိုးသား ကွန်ုယက်
မှ ဥက္ကဌ ကိုတင်ထူးအောင်က ပြောကြားသည်။

“ဥပဒေက ထိန်းချုပ်မှုအားနည်းသေးတယ်။ အကောင်းဆုံးကတော့ သူတို့ကို သူ့နိုင်ငံ သူပြန်ပို့တာ အကောင်းဆုံးပဲ။ တကယ်လို့ တစ်ဖက်နိုင်ငံက လက်မခံရင်လည်း နိုင်ငံတော်နဲ့ ကုလသမဂ္ဂ ညှိနှိုင်းပြီး ဒုက္ခသည်စခန်းမှာ ဒုက္ခသည်လက်မှတ် ကိုင်ဆောင်စေဖို့လိုတယ်။

ဒီလို ဥပဒေကရော သူတို့ကို ထိမ်းချုပ်နိုင်ပြီဆိုရင် တစ်ဖက်က ခိုးဝင်လာမယ့်သူတွေ ရန်ကော၊ လူဥိးရေတိုးပွားနှုန်းကိုလည်း ထိမ်းချုပ်နိုင်မယ်”ဟုကိုတင်ထူးအောင်က  ပြောကြားသည်။

လူဝင်မှုကြီးကြပ်ရေးဥပဒေ၏ ယခုအချိန်ထိ အားနည်းနေသေးမှုနှင့် ယခင်အစိုးရ လက်ထက်တွင် ကိုယ်ကျိုးစီးပွားရှာခဲ့သော အစိုးရဝန်ထမ်းများ ကြောင့် ဘင်္ဂါလီ လူမျိုးတို့သည် ရခိုင်လူမျိုးတို့အား ဝါးမျိုသွားနိုင်ကြောင်း ရခိုင်အမျိုးသားတိုးတက်ရေး ပါတီ၏ ဥက္ကဌ ဒေါက်တာအေးမောင်က “လူမျိုးမျိုရင် လူမျိုးပြုတ်မယ်”ဟု ညွှန်း ဆိုခဲ့သည်။ 

From - ( Yangon Chronicle )


No comments:

Post a Comment