Saturday, October 27, 2012

အမေရိကန်အစီရင်ခံစာကြောင့် ဟွာဝေးရဲ့ ကမ္ဘာ့ပြိုင်ဘက်ကြီး ဖြစ်လာရေး ရည်မှန်းချက်များကို အကြီးအကျယ်အထိနာစေ

ဆမ်ဆောင်းကို ယှဉ်ပြိုင်နိုင်တဲ့ ကမ္ဘာ့ပြိုင်ဘက်ကြီးဖြစ် လာရေးရည်မှန်းချက်တွေဟာ အကြီး
အကျယ် အထိနာသွားပါတယ်။
ဟွာဝေးကုမ္ပဏီကို ၁၉၈၇ ခုနှစ်မှာ တရုတ်ပြည်သူ့လွတ်မြောက်ရေးအဖွဲ့ က အင်ဂျင်နီယာတစ်
ဦးဖြစ်ခဲ့သူ Ren Zhengfe က တည်ထောင်ခဲ့တာဖြစ်ပြီး ဆွီဒင်နိုင်ငံက အဲရစ်ဆန်ကုမ္ပဏီပြီးရင်
ကွန်ရက်အခြေခံအဆောက်အအုံ ကုမ္ပဏီတွေရဲ့ ကမ္ဘာ့ဒုတိယအကြီးဆုံး ပရိုဖိုက်ဒါကုမ္ပဏီကြီး
အဖြစ် အောင်မြင် လာပါတယ်။
တွေ့ဆုံမေးမြန်းခန်းတွေ ဖြေကြား ပေးဖို့ ငြင်းဆိုလေ့ရှိသူ Ren ဟာ ဒေါ်လာ သုံးလေးထောင်
လောက်နဲ့ ဟွာဝေးကို တည်ထောင်ခဲ့တာဖြစ်ပြီး အခုအချိန်မှတော့ သူ့ရဲ့ကုမ္ပဏီဟာ ဒေါ်လာ
၃၂ ဘီလျံတန် လုပ်ငန်းကြီး တစ်ခု ဖြစ်နေပါပြီ။
တရုတ်နိုင်ငံဟာ လုပ်အားအမြောက်အမြား အသုံးပြုတဲ့ စီးပွားရေးလုပ်ငန်း ကနေ အဆင့်မြင့်
နည်းပညာသုံးနိုင်ငံ အဖြစ် တိုးတက်လာအောင် ကြိုးပမ်းနေ တဲ့အတွက် ဟွာဝေးကုမ္ပဏီဟာ
ကမ္ဘာက လေးစားရတဲ့ တရုတ်ကုမ္ပဏီကြီး ဖြစ်လာနိုင်တဲ့ အလားအလာတွေ ရှိ တယ်လို့
သတ်မှတ်ခံထားရပါတယ်။
ဒါပေမယ့် သူတို့ရဲ့ မျှော်လင့်ချက်ကြီး တွေကို နောက်ဆုံးနဲ့ အထိခိုက်ဆုံး ထိုး နှက်တိုက်
ခိုက်လိုက်တဲ့ အရာကတော့ အမေရိကန် House Intelligence Committee (အောက်
လွှတ်တော်စုံစမ်းစစ်ဆေးရေး ကော်မတီ)ရဲ့ အစီရင်ခံစာ မူကြမ်းပဲ ဖြစ်ပါတယ်။
အေအက်ဖ်ပီက အောက်တိုဘာ ၈ ရက်နေ့ တနင်္လာ နေ့မှာ ဖော်ပြခဲ့တဲ့ ဒီအစီရင်ခံစာမှာ
ဟွာဝေးကုမ္ပဏီဟာ တစ်နှစ်တာ စုံစမ်း စစ်ဆေးမှုတွေအရ အမေရိကန်နိုင်ငံရဲ့ လုံခြုံရေးကို
ခြိမ်းခြောက်နိုင်တာကို တွေ့ ခဲ့ရပါတယ်လို့ ရေးထားပါတယ်။
တရုတ်နည်းပညာကုမ္ပဏီကြီး ဇက် တီအီးကိုလည်း ရွေးပြီး ဖော်ပြထားတဲ့ ဒီအစီရင်ခံစာမှာ
အမေရိကန်မှာ ဒီ ကုမ္ပဏီနှစ်ခုနဲ စာချုပ်ချုပ်ဆိုတာတွေ၊ ရှယ်ယာဝယ်ယူတာမျိုးတွေ မလုပ်သင့်
ဘူးလို့ အကြံပေးထားပါတယ်။
ကုမ္ပဏီ နှစ်ခုစလုံးကတော့ စွပ်စွဲထားတာတွေ ကို မဟုတ်မှန်ကြောင်း ပြန်လည်ချေပ ထားပါ
တယ်။
ကမ္ဘာ့အင်အားကြီး နိုင်ငံအဖြစ် တရုတ်နိုင်ငံပေါ်ထွက်လာတဲ့အတွက် တရုတ်နိုင်ငံရဲ့ သိုသိပ်တဲ့
တစ်ပါတီ အစိုးရ နဲ့ သူ့ရဲ့ အလျင်အမြန်ကြီးထွားလာ နေတဲ့ စစ်တပ်နဲ့ပတ်သက်ပြီး အမေရိ
ကန် အစိုးရကို စိုးရိမ်ပူပန် သွားစေတာကြောင့် ဒီကိစ္စဟာအမေရိကန်နဲ့ တရုတ် နိုင်ငံအကြား
မယုံကြည်မှုကနေ အခြေခံ ထွက်ပေါ်လာတာဖြစ်ပါတယ်။
အမေရိကန်နိုင်ငံရဲ့ အရေးပါတဲ့ သတင်းအချက်အလက်စနစ်တွေကို အားနည်းသွားစေနိုင်တာ
မျိုးလို ဆိုက်ဘာစစ်ဆင်ရေးလုပ်နိုင်စွမ်းတွေ တရုတ်နိုင်ငံမှာ အားကောင်းလာနေ ပြီလို့ အမေ
ရိကန် ကာကွယ်ရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူတွေက အထပ်ထပ်သတိပေး ပြောကြားထား
ပါတယ်။
ဒါ့ပြင် တရုတ်အစိုးရက သူတို့ ပါဝင်ပတ်သက်ခြင်းမရှိဘူးလို့ ငြင်းဆို ထားပေမယ့်လည်း တရုတ်
နိုင်ငံဟာ ကမ္ဘာ့ကွန်ပျူတာ တိုက်ခိုက်မှုနဲ့ ဆိုက် ဘာ တိုက်ခိုက်မှုတွေရဲ့ အဓိက အရင်း အမြစ်
ဖြစ်တယ်လို့ စွပ်စွဲထားပါတယ်။
ဟွာဝေးဟာ သူ့ရဲ့ ပလက်ဖောင်းမှာ တရုတ်အစိုးရရဲ့ ကြိုးကိုင်ခြယ်လှယ်မှု ကို ခွင့်ပြုပေးလိုက်
မှာကို အမေရိကန် နိုင်ငံနဲ့ တခြားနိုင်ငံတွေက စိုးရိမ်ပူပန် ကြပါတယ်။
အမေရိကန်ဈေးကွက်အပိတ်ခံလိုက် ရတာဟာ ထိုးနှက်ချက်တစ်ရပ်ဖြစ်နိုင် ဖွယ်ရာရှိပြီး ဟွာ
ဝေးရဲ့ အစီရင်ခံစာ အပေါ် ဒေါသတကြီး တုံ့ပြန်မှုကလည်း ဒါကို ဖော်ပြနေပါတယ်။
"ဒီအစီရင်ခံစာဟာ တရုတ်နိုင်ငံ အပေါ် ပုတ်ခတ်ပြောဆိုပြီး သူတို့ ပြည်တွင်းလုပ်ငန်းကို ပြည်
ပလုပ်ငန်း တွေ ယှဉ်ပြိုင်လို့မရအောင် ကာကွယ် ပေးတဲ့ လုပ်ရပ်မျိုးထက် နည်းနည်းပိုနေ ပါ
တယ်"လို့ ဟွာဝေးရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ၀ီလျံပလမ်းမားက သတင်းထောက်တွေ ကို ပြောပါ
တယ်။
အမေရိကန်ဈေးကွက်ဟာ တိုးတက် ဖို့ ရည်မှန်းထားတဲ့ နည်းပညာ ကုမ္ပဏီ ကြီးတွေ အားလုံး
အတွက် အရေးပါတဲ့ ဈေးကွက်ဖြစ်တယ်လို့ ကုမ္ပဏီရဲ့ နိုင်ငံ တကာရေးရာဆိုင်ရာ ဒုတိယဥက္ကဋ္ဌ
 Ronald Sladek က အေအက်ဖ်ပီကို ပြောပါတယ်။
"အမေရိကန်ဈေးကွက်ဟာ အဓိက တယ်လီကော်မျူနီကေးရှင်းဈေးကွက် ကြီးတစ်ခုဖြစ်သလို
ဆန်းသစ်တီထွင်မှု တော်တော်များများ ထွက်ပေါ်လာတဲ့ နေရာလည်း ဖြစ်ပါတယ်" လို့
Sladek က ကုမ္ပဏီအခြေစိုက်ရာ တရုတ်နိုင်ငံ တောင်ပိုင်း ရှန်ကျန်းပြည်နယ်ကနေ ဖုန်းနဲ့
ဖြေကြားခဲ့ပါတယ်။
ဟွာဝေးကို အမေရိကန်အစိုးရက ဖိအားပေးနေတဲ့အချိန်မှာ မြောက်အမေ ရိကမှာရှိတဲ့ ရင်းနှီး
မြှုပ်နှံမှုတော် တော်များများကို နောက်ဆုတ်ဖို့ ဖိအားပေးခံနေရပါတယ်။
ဒီနှစ်အစော ပိုင်းမှာလည်း ဩစတြေးလျနိုင်ငံရဲ့ အမျိုးသားဘရော့ဒ်ဘန်ကွန်ရက်ကြီး လုပ်ကိုင်
ခွင့်အတွက် ကန်ထရိုက်ဆွဲရာ မှာလည်း ပိတ်ပင်ခံခဲ့ရပါတယ်။
ဥရောပနိုင်ငံတွေရဲ့ တရုတ်နိုင်ငံနဲ့ ပတ်သက်ပြီး တူညီတဲ့ စိုးရိမ်မှုတွေ ရှိနေကြပါတယ်။ဒါပေမယ့်
စီးပွားရေး လုပ် လို့ရစေမယ့် နည်းလမ်းတွေကိုတော့ တွေ့ရှိထားပါတယ်။
ဥပမာ -ဗြိတိန်နိုင်ငံ ရဲ့ တာဝန်ရှိသူတွေဟာ ကုမ္ပဏီရဲ့ အရေးပါတဲ့စနစ်တွေ လုံခြုံမှုရှိအောင် ပင်
ရင်းကုဒ်ကို စေ့စေ့စပ်စပ် ကြည့်ရှု စစ်ဆေးတာမျိုးပါ။
"ဒီလိုလုပ်တာ တချို့ဒေသတွေမှာ တော့ အကျိုးသက်ရောက်မှု ရှိပါတယ်။အထူးသဖြင့် ဥရောပ
နဲ့ အမေရိကန် ဈေးကွက်တွေမှာပေါ့"လို့ ပေကျင်း အခြေစိုက် စီစီအိုင်ဒီ အကြံပေးကုမ္ပဏီ မှ အိုင်
တီဆိုင်ရာ ကျွမ်းကျင်သူ Liang Xiao က ဟွာဝေးနဲ့ ဇက်တီအီး ကုမ္ပဏီ နှစ်ခုစလုံးကိုရည်ညွှန်း
ပြီးပြောပါတယ်။
"ပြည်ပတယ်လီကောမ်ကုမ္ပဏီတွေ ဟာ သူတို့နိုင်ငံရဲ့ လုံခြုံရေးကို ထိခိုက်နိုင် ကောင်း ထိခိုက်
ဖွယ်ရာ အလားအလာ တွေ ရှိတယ်လို့ ဥရောပနဲ့ အမေရိကန် တွေက သတိထားနေကြပါတယ်"
မိုဘိုင်းဖုန်းကွန်ရက် တည်ဆောက်ရာ မှာ အသုံးပြုတဲ့ ဆာဗာတွေနဲ့ အက်ပလီ ကေးရှင်းဆော့ဖ်
ဝဲတွေလို ထုတ်ကုန် တွေအပြင် တခြားပစ္စည်းတွေ ထုတ်ဖို့ ဟွာဝေးက ရည်မှန်းထားပါတယ်။
အက်ပဲလ်နဲ့ ဆမ်ဆောင်းအီလက်ထ ရွန်းနစ်က လွှမ်းမိုးထားတဲ့ လူအများ စိတ်ဝင်စားတဲ့ စမတ်
ဖုန်းဈေးကွက် ထဲကိုလည်း ၀င်လာနေပါပြီ။ Ren ဟာ ကုမ္ပဏီဘုတ်အဖွဲ့ကို နေ့စဉ် လုပ်ငန်းတာ
ဝန်တွေ ပေးထားပြီး ကုမ္ပဏီအတွက် မဟာဗျူဟာမြောက် စိတ်ကူးတွေ ပုံဖော်ပေးတယ်လို့ သူ့ရဲ့
ဘော့စ်ဟာ 'စီးပွားရေးလုပ်ငန်းရှင် သန့်သန့်'ဖြစ်ကြောင်း Sladek က အေအက်ဖ်ပီကို ပြောပြ
ပါတယ်။
ပိုပြီးပွင့်လင်းတဲ့ ပုံရိပ်ကိုပြတဲ့ ကုမ္ပဏီ ရဲ့ မကြာသေးခင်က ကြိုပမ်းမှုတွေထဲက တစ်ခုဖြစ်တဲ့
ဧပြီလမှာ ထုတ်ဝေခဲ့တဲ့ ဟွာဝေးရဲ့ နှစ်စဉ်အစီရင်ခံစာနဲ့အတူ စာတစ်စောင်မှာ Ren က ကုမ္ပဏီ
ရဲ့ အမှုဆောင်ကော်မတီဝင်တွေ အလှည့် ကျတာဝန်ယူတဲ့စနစ်ကို တရုတ် မင်းဆက် အတက်
အကျနဲ့ ခိုင်းနှိုင်း ပြောဆိုခဲ့ပါတယ်။
(အေအက်ဖ်ပီ)
From -မြန်မာ့တိုင်းမ်

No comments:

Post a Comment