Saturday, October 20, 2012

တောင်ကို ရီးယား နိုင်ငံသည် '' Hoguk '' အမည်ရှိ (ကြည်း ၊ ရေ ၊ လေ) ပူးပေါင်း စစ်ရေး လေ့ကျင့် ခန်းကို အောက်တို ဘာလ ၂၅ ရက် နေ့တွင် ပြုလုပ် သွားမည်



တောင်ကို ရီးယား နိုင်ငံသည် မြောက်ကိုရီးယား နိုင်ငံ ဘက်မှ စစ်ရေး ဆိုင်ရာ ခြိမ်းခြောက် မှုများကို ဟန့်တား ကာကွယ်ရန် ရည်ရွယ်၍ ကြည်းတပ်၊ ရေတပ်၊ လေတပ်နှင့် မရိမ်းတပ်ဖွဲ့တို့ ပါဝင်သော'' Hoguk ''
အမည်ရှိ ပူးပေါင်း စစ်ရေး လေ့ကျင့်ခန်း တစ်ရပ်ကို အောက်တိုဘာလ ၂၅ ရက်နေ့မှ နိုဝင်ဘာလ ၂ ရက်နေ့ အထိ နိုင်ငံ တစ်ဝန်းတွင် ပြုလုပ် သွားမည် ဖြစ်ကြောင်း ပူးတွဲ စစ်ဦး စီးချုပ်များ ရုံးက အောက်တို ဘာလ ၁၈ ရက်နေ့တွင် ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့ သည်ဟု သိရှိရပါ သည်။
 
 
အဆိုပါ လေ့ကျင့် ခန်းတွင် အမေရိကန် တပ်ဖွဲ့ဝင် ၅ဝဝ ခန့်လည်း ပါဝင် လေ့ကျင့်သွား နိုင်ဖွယ်ရှိကြောင်း သိရှိရ ပါသည်။ နှစ်နိုင်ငံ အကြား စစ်ပွဲ ဖြစ်ပွား နိုင်ခြေ ရှိမှုနှင့် မြောက်ကို ရီးယား နိုင်ငံ၏ ကျူးကျော် ရန်စမှုများကို ဟန့်တား ကာကွယ် သည့်အနေဖြင့် အထူး လေ့ကျင့်မှု တစ်ရပ် ကိုလည်း အဆိုပါ လေ့ကျင့် ခန်းများတွင် ထည့်သွင်း ပြုလုပ်သွားမည်။

မူရင်းသတင်း  -  မြ၀တီ

No comments:

Post a Comment