Wednesday, October 3, 2012

Obama နဲ့ Romney ဗုဒ္ဓဟူးနေ့ စကားစစ်ထိုးပွဲ အတွက် ပြင်ဆင်

အမေရိကန်သမ္မတ ဘရာ့ခ် အိုဘားမား (Barack Obama) နဲ့ ရီပတ်ဘလီကန်ပါတီ သမ္မတလောင်း မစ်တ် ရွမ်မ်နီ (Mitt Romney) တို့ဟာ ၂၀၁၂ ခုနှစ် သမ္မတရွေးကောက်ပွဲရဲ့ ပထမဆုံးအကြိမ် စကားစစ်ထိုးပွဲအတွက် ဒီကနေ့ အင်္ဂါနေ့မှာ ပြင်ဆင် နေကြပါတယ်။


မစ္စတာရွမ်မ်နီဟာ စကားစစ်ထိုးပွဲအတွက် သူ့ရဲ့မိခင်ပြည်နယ်ဖြစ်တဲ့ မက်ဆာချူးဆက်ပြည်နယ်မှာ ရက်ပေါင်းများစွာ ပြင်ဆင် ခဲ့ပြီးတဲ့နောက် ဗုဒ္ဓဟူးနေ့ စကားစစ်ထိုးပွဲကျင်းပမယ့် ကော်လိုရာဒိုပြည်နယ်၊ ဒန်ဗာမြို့ဆီ တနင်္လာနေ့က ရောက်သွားပါပြီ။ ဒီ စကားစစ်ထိုးပွဲမှာ သူနဲ့ သမ္မတအိုဘားမား ဘယ်သူ အနိုင်ရမလဲဆိုတဲ့ကိစ္စထက် ပိုကြီးမားတဲ့ တစုံတခုရှိပါတယ်လို့ သူ့ကို ထောက်ခံအားပေးသူတွေကို မစ္စတာရွမ်မ်နီက ပြောခဲ့ပါတယ်။

မစ္စတာအိုဘားမားကတော့ တနင်္ဂနွေနေ့ကတည်းက ရောက်နေတဲ့ နီဗားဒါးပြည်နယ်မှာပဲ စကားစစ် ထိုးပွဲအတွက် သူ့ရဲ့ မဲဆွယ် စည်းရုံးရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်တွေနဲ့ နောက်ထပ်တရက် ဆက်ပြီး ပြင်ဆင်နေပါတယ်။

ဗုဒ္ဓဟူးနေ့ကျရင် ဒန်ဗာတက္ကသိုလ်မှာလုပ်မယ့် စကားစစ်ထိုးပွဲကတော့ စီးပွားရေးနဲ့ ကျန်းမာရေး စောင့်ရှောက်မှုလို ပြည်တွင်း ရေးရာကိစ္စရပ်တွေကို အဓိထားပြီး အခြေအတင် ငြင်းခုန် ပြောဆိုကြမှာပါ။

နိုင်ငံခြားရေးမူဝါဒဆိုင်ရာ ကိစ္စရပ်တွေကတော့ အောက်တိုဘာလ ၁၆ ရက်နဲ့ ၂၂ ရက်နေ့တွေမှာလုပ်မယ့် ဒုတိယနဲ့ တတိယ အကြိမ် စကားစစ်ထိုးပွဲတွေမှာ အခြေအတင် ပြောဆိုကြမှာဖြစ်ပါတယ်။

No comments:

Post a Comment