Tuesday, October 2, 2012

[ Voice Of The Day -TheVoiceWeekly]


“လူနာစောင့်က တရားခံလို့ ယူဆရတဲ့ အမျိုးသမီးကို ဆေးရုံမှာ တွေ့နေတော့ ယုံကြည်ပြီး ပေးလိုက်တဲ့ သဘောပဲ။ လူနာစောင့်ကို ဆန်ပြုတ်ဝယ် ခိုင်းပြီး အဲဒီ အမျိုးသမီးက ကလေးကို ယူထားလိုက်တာ။ ဆန်ပြုတ်ဝယ်ပြီး ပြန်လာတော့ သူရော၊ ကလေးရော မရှိတော့ဘူးလို့ သိရတယ်။ အခု တရားခံ လို့ ယူဆရတဲ့ အမျိုးသမီးရဲ့အကြောင်း တော်တော်များများကို သိထားပြီးပြီ။ အဲဒီ အမျိုးသမီးကို လူခိုးမှု ပုဒ်မနဲ့ အရေးယူ ဆောင်ရွက်လျက်ရှိပါတယ်” ဟု အမှုကိုင်ရဲအရာရှိက ဆက်လက်ပြောကြားသည်။



“ဒီကိစ္စမှာ တကယ် အဓိက တာဝန်ရှိတာက အဲဒီနေ့က ဆေးရုံမှာ တာဝန်ကျတဲ့ သူတွေပဲ။ ဗိုက်ခွဲပြီး မွေးတာမို့ ကလေးနဲ့ အမေကို သတ်သတ်စီ ခွဲထားရတယ်။ ကလေးမှာလည်း လက်ကောက်ဝတ်မှာ မိခင် ဘယ်သူရဲ့ကလေး ဆိုပြီး ရီဂျစ်စတာ လုပ်ထား ရတယ်။ ကလေးကိုထားတဲ့ အခန်းကို ကာယကံရှင် မဟုတ်တဲ့သူတွေ ဝင်ခွင့် မပေးဖို့ လိုတယ်။ တာဝန်ကျတဲ့ သူတွေ ဘက်က စည်းကမ်း တကျနဲ့ လုပ်ဆောင်ခဲ့ကြမယ် ဆိုရင် ဒီလိုအဖြစ်မျိုးတွေ မဖြစ်နိုင် ဘူးပေါ့” ဟု ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးကျော်က သုံးသပ်သည်။


စက်တင်ဘာလ ၂၇ ရက်နေ့ထုတ် ရန်ကုန်တိုင်းမ် ဂျာနယ်ပါ ‘ကလေးငိုသံ ကြားရတိုင်း ကျွန်မဘယ်လိုမှ မခံစားနိုင်ဘူး’ ဟု ခေါင်းစဉ် ပေးထားသော အင်းစိန် ဆေးရုံတွင် ကလေးပျောက်ဆုံးခဲ့သော သတင်းမှ ကောက်နုတ်ချက်

No comments:

Post a Comment