Tuesday, October 2, 2012

ဂျိုးဖြူပိုက်ကြီး အမှိုက်ပုံထဲမြုပ်နေ

ရန်ကုန်တိုင်းဒေသကြီးအတွင်း ရှိ မြို့နေပြည်သူများ မရှိမဖြစ် လိုအပ်သောရေကို မြောက်ပိုင်း ခရိုင် တစ်ခုတည်းမှာရှိသော ဂျိုး ဖြူ ဖူးကြီး၊ လှော်ကား (ခ)သာဓု ကန်နှင့် ယခုနောက်ပိုင်း ငမိုး ရိပ်အစရှိသော ရေလှောင်တာ တမံများမှတဆင့် ပြည်သူများ ထံ သို့ ရေပမာဏမြောက်များစွာ ဖြန့်ဖြူးပေးဝေနေ လျက်ရှိသလို
တချို့သောနေရာများတွင် မြေ အောက်အ၀ီစိရေများအား ဖြန့် ဖြူး ပေးဝေနေလျက်ရှိကြောင်း လူဦးရေများပြားလာသည့်ရန်ကုန်မြို့  ပြည်သူများအတွက်  လိုအပ် သော ရေရရှိအောင် ထပ်မံ၍ စီမံကိန်းများတိုးချဲ့ပြီး ငမိုးရိပ် မှရန်ကုန်မြို့သို့ ပိုက်လုံးကြီးများ သွယ်တန်းနေတာကိုလည်းအမှတ် (၃)လမ်း တောင့်လျှောက်တွင် တွေ့မြင်ရပါသည်။ ၄င်းရေပေး ဝေရေးစီမံကိန်းကို ရန်ကုန်မြို့ တော် စည်ပင်သာယာရေး ကော် မတီမှတာဝန်ယူပြီး ရေသန့်ဌာန အဖြစ် တာဝန်ခွဲဝေပေးအပ်ထား ကြောင်းသိရှိရပါသည်။ ၄င်းစီမံ ကိန်းများထဲမှ ကိုလိုနီခေတ်က တည်းက တည်ဆောက်ထား သော ရန်ကုန်မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့ရှိ ဂျိုးဖြူရေလှောင် ကန်မှတဆင့် ရန်ကုန်မြို့သို့  ပိုက် လုံးကြီးများဖြင့် သွယ်တန်း၍ ရေပေးဝေနေသော ဂျိုးဖြူပိုက်လုံး ကြီးမှာ နှစ်ပေါင်းမြောက်မြားစွာ ကြာမြင့်နေပြီး ယခုအခါ မကြာ ခဏ ဂျိုးဖြူပိုက်လုံးကြီးများ ကျန်း မာရေးချို့ယွင်း လာကြောင်း အဆိုပါကျန်းမာရေး ချို့ယွင်းလာ ရသည့် အကြောင်းအရင်းမှာ လည်း ယခင်ကပိုက်လုံးကြီးအား အင်ဂျင်နီယာများမှ နှစ်ရှည်ခံနိုင် ရန် တည်ဆောက်ခဲ့ရာတွင် သေ သပ်ကောင်းမွန်ပြီး ပိုက်လုံးကြီး အန်္တရာယ် မဖြစ်ပွားလေအောင် ပိုက်လုံးကြီး တစ်ဖက်တစ်ချက်ကို အကွာအဝေးများ ထားရှိသလို ရေဆိုးများအမှိုက်များ မရှိအောင် လိုအပ်သည့် ပိုက်လုံးကြီးကြံ့ခိုင် ရေးစစ်ဆေးရန်အတွက် မီးရထား သံလမ်းငယ်ကို စီမံထားပြီး စစ် ဆေးမှုများ ရှိခဲ့သော်လည်း ယခု နောက်ပိုင်းတွင် အဆိုပါသံလမ်း များ တချို့နေရာများတွင် လုံးဝ မရှိတော့တာတွေ့ရသလိုစစ်ဆေး မှုများ လည်းလုံးဝမရှိတော့ ကြောင်း အဆိုပါဂျိုးဖြူပိုက်လုံး ကြီးဖြတ်သန်းသွားရာ မြို့ရွာရပ် ကွက်များတွင် ဂျိုးဖြူပိုက်လုံးကြီး အား အမှိုက်များရေဆိုးများ မြေကြီးများဖုံးအုပ်နေခြင်း တို့ကို တာဝန်ရှိသူများမှ စစ်ဆေးဖော် ဆောင်နိုင်ခြင်းမရှိတော့ပဲ တချို့ နေရာများကိုတော့ စက်ယန္တရား ကြီးများဖြင့် တူးဖော်တာတွေ တော့ရှိကြောင်း မင်္ဂလာဒုံမြို့နယ် အုပ်ချုပ်ရေးမှူးတစ်ဦးမှပြောကြား ပါသည်။ ပိုက်လုံးကြီး ဖြတ်သန်း ရာ မြို့ရွာများတွင် သက်ဆိုင်ရာ ကျေးရွာ အာဏာပိုင်တချို့မှ ဥပဒေကို လက်တစ်လုံး ကြား လုပ်ကာ ပိုက်လုံးသတ်မှတ်ထား သော ဧရိယာတွင် နေအိမ်များ၊ လုပ်ငန်းများ ငှားစားတာတွေ ဖြစ်ပေါ်နေလျက်ရှိကြောင်းအစော ဆုံးဖြစ်ပေါ်မှုကတော့ တာဝန်ရှိ စည်ပင်သာယာမှ ထိန်းသိမ်းရ မည့်ပိုက်လုံးဧရိယာအတွင်း  ဆိုင် ခန်းများ ဆောက်လုပ် ရောင်းစား ငှားစားတာတွေ ဈေးအဖြစ်ရောင်း ချနေသည်ကို တွေ့ရှိရပြီး သမိုင်း ၀င် ဂျိုးဖြူပိုက်ကြီးမှာ အမှိုက်ပုံ တွင် မြုပ်နေကြောင်း ဒေသခံတို့ ကပြောကြားလျက်ရှိသည်။

မောင်ငွေ
From-HotNewsJournal

No comments:

Post a Comment