Friday, November 2, 2012

ASEM9 တက်ဖို့ ဦးသိန်းစိန် လာအို သွားမယ်

 ၉ ကြိမ်မြောက် အာရှနဲ့ ဥရောပနိုင်ငံများရဲ့  အစည်းအဝေး  တက်ဖို့ တနင်္ဂနွေနေ့မှာ ဦးသိန်းစိန် လာအိုသွားမယ် လို့ သိရပါတယ်။ 
ဦးသိန်းစိန်က လာအိုကို ၃ ကြိမ် ရောက်ခဲ့ပြီးပါပြီ။
၂၀၀၇ နိုဝင်ဘာ
၂၀၀၈ မတ်လ
၂၀၁၂ မတ်လ
ဦးသိန်းစိန် တက်ရောက်မယ့် ASEM အစည်းအဝေးကို တနင်္လာ၊ အင်္ဂါနေ့တို့မှာ ပြုလုပ်မှာပါ။
 မြန်မာပြည်ဟာ ၁၉၉၆ မှာ တည်ထောင်တဲ့ ASEM အဖွဲ့ဝင် နိုင်ငံ ဖြစ်ပါတယ်။

၂၀၀၄ မှာ ပြုလုပ်တဲ့ ၅ ကြိမ်မြောက် ASEM   အစည်းအဝေးမှာ လာအို၊ ကမ္ဘောဒီးယား တို့နဲ့အတူ ASEM  အဖွဲ့ဝင် နိုင်ငံ ဖြစ်လာတာလို့ သိရပါတယ်။

အခုဆိုရင် ASEM မှာ အဖွဲ့ဝင် ၄၀ ကျော် ရှိပါတယ်။ ဥရောပသမဂ္ဂ နဲ့ အာဆီယံအတွင်းရေးမှူးချုပ်ရုံးကလည်း ASEM မှာ အဖွဲ့ဝင် ဖြစ်ပါတယ်။

From -ဧရာဝတီ

No comments:

Post a Comment