Friday, November 2, 2012

ပြင်သစ်ကလပ် ပဲရစ်စိန့်ဂျာမိန်း(PSG)အသင်းသည်ခရစ္စတီယာနို ရော်နယ်လ် ဒိုနှင့်ဟိုဆေး မော်ရင်ဟိုတို့အား ပေါင်စတာလင်သန်း(၁၀၀)အကုန်အကျခံ ခေါ်ယူရန် စီစဉ်နေကြောင်းသတင်းများထွက်ပေါ်

https://fbcdn-sphotos-g-a.akamaihd.net/hphotos-ak-ash3/12682_487426077964702_1570872636_n.jpg
 
ပြင်သစ်ကလပ်    ပဲရစ်စိန့်ဂျာမိန်း   (PSG)  အသင်းသည်    ခရစ္စတီယာနို
ရော်နယ်လ် ဒိုနှင့် ဟိုဆေး မော်ရင်ဟိုတို့အား ပေါင်စတာလင် သန်း(၁၀၀) အကုန်အကျခံ ခေါ်ယူရန် စီစဉ်နေကြောင်း သတင်းများ ထွက်ပေါ်လာ သည်။

ကာတာ ကုဋေကြွယ် သူဌေးများ၏ ကျောထောက်နောက်ခံ ဓနအင်အားကြောင့် ငွေကို စိတ်တိုင်းကျ သုံးစွဲနိုင်သော PSGသည် စပိန်ချန်ပီယံ ရီးယဲလ်အသင်းမှ တိုက်စစ်မှူး ရော်နယ်လ်ဒို၊ နည်းပြ မော်ရင်ဟိုတို့အား ချိန်ရွယ်နေခြင်း ဖြစ်သည်။

အဆိုပါ ပေါ်တူဂီသား နှစ်ဦးလုံးသည် ပြီးခဲ့သည့် ဘောလုံးရာသီက ဘာစီလိုနာအသင်း စပိန်ဘောလုံးလောကအား လွှမ်းမိုးထားမှုကို တွန်းလှန်ကာ လာလီဂါ ချန်ပီယံဆုကို ဆွတ်ခူးရယူနိုင်အောင် အဓိက ကူညီပေးခဲ့သူများ ဖြစ်သည်။ ရော်နယ်လ်ဒိုသည် ပရော်ဖက်ရှင်နယ် ရေးရာ အခြေအနေ တစ်ရပ်ကြောင့် အသင်းတွင် မပျော်မရွှင် ဖြစ်နေကြောင်း ဝန်ခံထားဖူးသည်။

သတင်းများကမူ ရော်နယ်လ်ဒိုသည် တစ်နှစ်လျှင် အခွန်နုတ်ပြီး
ပေါင်စတာလင် (၁၄.၅)သန်းမျှ တောင်းဆိုထားကာ ရီးယဲလ်က မလိုက်လျောသည့်အတွက် စိတ်ပျက်နေခြင်းဟု ဖော်ပြထားသည်။
ရော်နယ်လ်ဒိုသည် ရာသီကုန်တွင် ဘာနေဗျူးမှ ထွက်ခွာမည်ဟုလည်း သတင်းထွက်နေသည်။

မော်ရင်ဟိုမှာမူ လက်ရှိ PSGနည်းပြ ကာလို အန်ဆလော့တီထက် စွမ်းဆောင်ရည်ပိုင်း သာလွန်မည်ဟု PSGအသင်း တာဝန်ရှိသူများက ယုံကြည်နေသဖြင့် အစားထိုးရန် ရည်ရွယ်ထားခြင်းဟု သိရှိရသည်။

Source: DailyMail
Planet Myanmar Network

No comments:

Post a Comment