Monday, November 12, 2012

ညီနောင်တိုင်းရင်းသားပါတီများအဖွဲ့က သမ္မတအိုဗားမားနဲ့တွေ့ဆုံလိုကြောင်း တောင်းဆို


နိုဝင်ဘာလ ၁၉ရက်နေ့ မြန်မာနိုင်ငံကို ရောက်ရှိမယ့် အမေရိကန်ပြည်ထောင်စုသမ္မတ အိုဘားမားနဲ့ တွေ့ဆုံလိုကြောင်း တိုင်းရင်းသား (၁၃) ပါတီနဲ့ ဖွဲ့စည်းထားတဲ့ ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း(NBF)အဖွဲ့က ဒီကနေ့ ရက်စွဲနဲ့ ကြေညာချက်တစ်ရပ်ထုတ်ပြန်ပြီး တောင်းဆိုလိုက်ပါတယ်။

AFP
ဇူလိုင်လ ၂၄ ရက်နေႛက ဂဵာမဏီိုံင်ငံ၊ ဘာလင်္ဘမြိႛရြိ အောင်ူမင်မြ အထိမ်းအမတြ် ကေဵာက်တိုင်ရြေႛတငြ် အမေရိကန် ဒီမိုကရက်တစ် သမတလောင်း မင်္စတာ ဘားရက် အိုဘားမား မိန်ႛခနြ်းေူပာုကားနေစဉ်။ (Photo: AFP)
မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေးနဲ့ ငြိမ်းချမ်းရေးအတွက် အမေရိကန်သမ္မတရဲ့ အားပေးထောက်ခံ ဆောင်ရွက်ပေးမှုဟာ အင်မတန်အရေးကြီးတာကြောင့် အခုလို တွေ့ဆုံဖို့ တောင်းဆိုရတာဖြစ်ကြောင်း ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် အိုလံပစ်တာဝါမှာ ဒီကနေ့ညနေပိုင်းက ပြုလုပ်တဲ့ ညီနောင်တိုင်းရင်းသား ပါတီများ ဖက်ဒရေးရှင်း(NBF) အဖွဲ့ခေါင်းဆောင်တွေရဲ့ တွေ့ဆုံဆွေးနွေးပွဲအပြီးမှာ ချင်းအမျိုးသားပါတီ ဥက္ကဌ ဦးဇိုဇမ်က RFA ကို ပြောပါတယ်။
ညီနောင်တိုင်းရင်းသားပါတီများဖက်ဒရေးရှင်း(NBF)အဖွဲ့အနေနဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီထွန်းကားရေးကို အစဉ်တစိုက် အားပေးကူညီခဲ့တဲ့ အမေရိကန်သမ္မတရဲ့ မြန်မာနိုင်ငံခရီးစဉ်ကို ကြိုဆိုကြောင်း၊ ခရီးစဉ်အတွင်း မြန်မာနိုင်ငံမှာ ဖက်ဒရယ်ဒီမိုကရက်တစ် ပြည်ထောင်စုပေါ်ပေါက်လာရေးအတွက် သမ္မတ အိုဘားမားအနေနဲ့ အကြံဥာဏ်ကောင်းတွေပေးနိုင်ဖို့ မျှော်လင့်ကြောင်း စတဲ့အချက်တွေကိုလည်း NBF အဖွဲ့ရဲ့ ဒီကနေ့ ကြေညာချက်မှာ တိုက်တွန်းဖော်ပြထားပါတယ်။
ညီနောင်တိုင်းရင်းသားပါတီများဖက်ဒရေးရှင်း(NBF) အဖွဲ့ထဲမှာ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ၊ ချင်းအမျိုးသားပါတီ၊ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ၊ ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ၊ ကယန်း အမျိုးသားပါတီ၊ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ၊ တိုင်းလိုင်(ရှမ်းနီ)အမျိုးသားဖွံ့ဖြိုး တိုးတက်ရေးပါတီ၊ ဓနုတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ၊ အရှိုချင်းအမျိုးသားပါတီ၊ အင်းအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ၊ တအောင်း(ပလောင်)အမျိုးသားပါတီ၊ 'ဝ' ဒီမိုကရက်တစ်ပါတီတို့ ပါဝင်ပါတယ်။
From -RFA

No comments:

Post a Comment