Tuesday, November 20, 2012

မစ္စတာ ဘားရတ်အိုဘားမား၏ ကိုယ်ရေးအကျဉ်း

မစ္စတာ ဘားရတ်အိုဘားမား  အမေရိကန် ပြည်ထောင်စု ၏(၄၄) ဦးမြောက် သမ္မတ - မစ္စတာ ဘားရတ် အိုဘားမား  အား ၁၉၆၁ ခုနှစ်၊ သြဂုတ်လ ၄ ရက်နေ့တွင်အမေရိ ကန် ပြည်ထောင်စုရှိ ဟာဝိုင် ယီပြည်နယ်၊ဟိုနိုလူလူမြို့ တွင်မွေးဖွားခဲ့သည်။


- ၁၉၈၃ ခုနှစ်တွင် အမေရိကန် ပြည်ထောင်စုရှိ ကိုလံဘီယာ တက္ကသိုလ်မှ နိုင်ငံရေး သိပ္ပံဘွဲ့ ရရှိခဲ့သည်။ ၁၉၉၁ ခုနှစ်တွင် ဟားဗတ် ဥပဒေကျောင်းမှ ဥပဒေပညာဖြင့် ဒေါက်တာဘွဲ့ ရရှိခဲ့ပြီး ဟားဗတ် ဥပဒေ စာစောင်တွင်လည်း ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။

- ၁၉၈၅ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ အမေရိကန် ပြည်ထောင်စု၊ ချီကာဂိုတွင် Community Organizer အဖြစ် ဆောင်ရွက်ခဲ့သည်။

- ထို့နောက် ချီကာဂိုတွင် Civil Rights Attorney အဖြစ် အသက်မွေးဝမ်း
ကျောင်းပြုခဲ့ပြီး ၁၉၉၂ ခုနှစ်မှ ၂ဝဝ၄ ခုနှစ်အထိ ချီကာဂို တက္ကသိုလ် ဥပဒေ ကျောင်းတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်၍ သင်ကြား ပို့ချခဲ့သည်။

- ၁၉၉၆ ခုနှစ်တွင် အီလီနွိုက်ပြည်နယ် ဆီးနိတ်လွှတ်တော် အမတ်အဖြစ်
ရွေးကောက် တင်မြှောက်ခြင်း ခံရပြီး ၂ဝဝ၄ ခုနှစ်အထိ သုံးကြိမ်တိုင်တိုင် တာဝန် ထမ်းဆောင်ခဲ့သည်။

- ၂ဝဝဝ ပြည့်နှစ်တွင် အမေရိကန် ပြည်ထောင်စု အောက်လွှတ်တော်တွင် ဒီမိုကရက်တစ် ပါတီကိုယ်စားပြု ဝင်ရောက်အရွေးခံခဲ့ရာ မအောင်မြင်ခဲ့
သောကြောင့် ၂ဝဝ၄ ခုနှစ်၊ နိုဝင်ဘာလတွင် အထက် လွှတ်တော်၌ ဝင်ရောက်ယှဉ် ပြိုင်ခဲ့ပြီး ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည်။

- ၂ဝဝ၅ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်နေ့တွင် ကွန်ဂရက်၌ အထက်လွှတ်တော် အမတ်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့သည်။

- ၂ဝဝ၈ ခုနှစ် ဒီမိုကရက်တစ် ပါတီ ကိုယ်စားပြု သမ္မတလောင်း နေရာ အတွက် ယှဉ်ပြိုင်ရာတွင် မစ္စစ်ဟီလာရီ ကလင်တန်နှင့် အကြိတ်အနယ် ယှဉ်ပြိုင်ပြီးနောက် အနိုင်ရရှိခဲ့သည်။

- ၂ဝဝ၈ ခုနှစ် အမေရိကန် သမ္မတ ရွေးကောက်ပွဲတွင် ပြိုင်ဘက်ဖြစ်သည့် ရီပတ်ဘလစ်ကန် သမ္မတလောင်း မစ္စတာ ဂျွန်မက်ကိန်းအား အနိုင်ရရှိခဲ့ပြီး ၂ဝ-၁-၂ဝဝ၉ ရက်နေ့တွင် (၄၄)ဦးမြောက် သမ္မတတာဝန်ကို စတင်ထမ်း ဆောင်ခဲ့သည်။

- ၂ဝဝ၉ ခုနှစ်၊ အောက်တိုဘာတွင် ငြိမ်းချမ်းရေး နိုဘယ်လ်ဆု ချီးမြှင့်ခြင်း ခံခဲ့ရသည်။

- အမေရိကန်နိုင်ငံ စီးပွားရေးအတွက် အထောက်အပံ့ဖြစ်စေရန် အမေရိကန် နိုင်ငံ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်ရင်းနှီး မြှုပ်နှံခြင်းဆိုင်ရာ ဥပဒေ (American Recovery and Reinvestment Act) ကို ၂ဝဝ၉ ခုနှစ်၊ ဖေဖော် ဝါရီလတွင် လက်မှတ် ရေးထိုးခဲ့သည်။ ထို့အပြင် အခွန်လျှော့ပေါ့ရေး၊ အလုပ်လက်မဲ့ အာမခံများ ပြန်လည် ခွင့်ပြုခြင်းနှင့် အလုပ်အကိုင် ဖန်တီးရေး ဥပဒေ (Tax Relief, Unemployment Insurance Reauthorization, and Job Creation Act) တို့ကို ၂ဝ၁ဝ ပြည့်နှစ်၊ ဒီဇင်ဘာလတွင် လက်မှတ် ရေးထိုး ခဲ့သည်။

- သမ္မတ အိုဘားမားသည် အခြားသော ပြည်တွင်း မူဝါဒများဖြစ်သည့် Patient Protection and Affordable Care Act, Dodd-Frank Wall Street Reform and Consumer Protection Act? Don't Ask, Don't Tell Repeal Act ESifh Budget Control Act of 2011 တို့ကိုလည်း အစပြုခဲ့သည်။

- နိုင်ငံခြားရေး မူဝါဒများတွင် အီရတ်မှ အမေရိကန် တပ်ဖွဲ့ဝင်များ ပြန်လည် ဆုတ်ခွာရေး၊ အာဖဂန်နစ္စတန် နိုင်ငံသို့ တပ်ဖွဲ့ဝင်များ တိုးမြှင့်ချထားရေး၊ ရုရှားနိုင်ငံနှင့် START လက်နက်ထိန်းချုပ်ရေး စာချုပ်အသစ်အား လက်မှတ် ရေးထိုးခြင်း၊

လစ်ဗျား နိုင်ငံအပေါ် လေယာဉ် မပျံသန်းရဇုန် (No-fly zone on Libya) သတ်မှတ်ရေးနှင့် ပါကစ္စတန် နိုင်ငံရှိ အယ်လ်ခိုင်ဒါ အကြမ်းဖက်ခေါင်း ဆောင် အိုစမာဘင်လာဒင်အား ဖမ်းဆီးနိုင်ရန်အတွက် စစ်ဆင်ရေးတို့ကို လည်း ဆောင်ရွက် စေခဲ့သည်။

- ၂ဝ၁၂ ခုနှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲတွင် ပြိုင်ဘက်ဖြစ်သူ ရီပတ်ဘလစ် ကန်ပါတီမှ မစ္စတာ မစ်ရွမ်နီအပေါ် သမ္မတ ရွေးချယ်ရေး ကိုယ်စားလှယ်မဲ (၃ဝ၃-၂ဝ၆)မဲဖြင့် အနိုင်ရရှိခဲ့ပြီး အမေရိကန် သမ္မတအဖြစ် ဒုတိယ အကြိမ် ထပ်မံရွေးကောက် တင်မြှောက်ခြင်း ခံခဲ့ရသည်။

- သမ္မတ အိုဘားမားသည် ၁၉၉၂ ခုနှစ်တွင် မီရှယ်လ် ရော်ဘင်ဆန်နှင့် လက်ထပ်ခဲ့ပြီး သမီးနှစ်ဦးဖြစ်သော မာလီယာ (၁၉၉၈)နှင့် ဆာရှာ(၂ဝဝ၁)တို့ကို မွေးဖွားခဲ့သည်။

မြ၀တီ

No comments:

Post a Comment