Sunday, November 18, 2012

ဖားကန့်ဒေသမှ ဆက်ကြေး သိန်း ၆၀၀၀၀ ကောက်ခံခြင်းနှင့် ပတ်သက်၍ ကေအိုင်အေ အဖွဲ့အတွင်း သဘောထားကွဲလွဲ

ကေအိုင်အေမှ ဖားကန့်ဒေသ၌ ကျောက်စိမ်း ကုမ္ပဏီတစ်ခုလျှင် ငွေကျပ် သိန်း ၂၀၀ နှင့် သိန်း ၅၀၀ ကြား ကောက်ခံနေခြင်းကြောင့် ကချင်လုပ်ငန်းရှင်အချို့ ကေအိုင်အေဗဟိုသို့ “ ကေ အိုင်အို /ကေအိုင်အေ၏ ကချင် တစ်မျိုးသားလုံး ကောင်းစားရေးဆိုသည်မှာ
လူသတ်ခြိမ်းခြောက်၊

ဆက်ကြေး ကောက်ခံခြင်းလား ” ၊ “ ဗမာစစ်သားခြောက် ကချင်လူမျိုး
မကြောက်၊ ကေအိုင်အေ ခြောက်၍ ကချင်လူမျိုး ကြောက်နေရသည် ” ၊ “ မြေမြို၍ လူမျိုးမပြုတ်၊ ကေအိုင်အေမြိုမှ ကချင်လူမျိုး ပြုတ်တော့မည် ” စသည်ဖြင့် စာများ ရေးသား ပေးပို့ ခဲ့ကြောင်း သတင်းရရှိသည်။

“ ၎င်းကိစ္စသည် ကေအိုင်အေ အဖွဲ့ အစည်းအတွက် မမျှော်လင့်နိုင်သော ဆုံးရှုံးမှုကြီး တစ်ခုဖြစ်ကြောင်း ၊ ယခင်က ကချင်ပြည်သူများက မိမိတို့
ကေအိုင်အေအား လိုလားကြည်ဖြူစွာ ထောက်ခံခဲ့သော်လည်း ယခု ကာလတွင် ဆန်တစ်စေ့ပင် ကြည်ဖြူစွာ ပေးကမ်းခြင်း မရှိတော့ကြောင်း၊ မိမိတို့ တပ်ဖွဲ့ဝင်များ၏ ပြည်သူလူထု အပေါ် ရက်ရက်စက်စက် ဆက်ဆံမှု ပုံစံများကြောင့် အစဉ်အလာ ပျောက်ပျက်သွားမည်ကို မလိုလားကြောင်း၊ ၎င်းဖြစ်စဉ်များကို ပြန်လည်စိစစ်ရန် ကေအိုင်အေ အနေဖြင့် ပြည်သူ လူထုအပေါ် တောင်းပန်ခြင်း၊ လုပ်ငန်းရှင်များကို ထုတ်ပြန်ချက်များပေးပို့၍ အသိပေးခြင်းများ ပြုလုပ်သွားရန် လိုအပ်ကြောင်း ” နိုဝင်ဘာလ ၁၂ ရက်နေ့တွင် လိုဇာဗဟို၌ ပြုလုပ်သော ခေါင်းဆောင်ပိုင်း အစည်းအဝေး၌ ဥက္ကဋ္ဌ ဦးဇောင်းဟရားက ပြောဆိုခဲ့သည်ဟု လိုဇာဌာနချုပ်မှ အမည်မဖော်လိုသူ ကေအိုင်အေ အရာရှိတစ်ဦးမှ ပြောကြားခဲ့သည်။

အစည်းအဝေးတွင် စစ်ဦးစီးချုပ် ဂမ်ရှောင်မှ အဖွဲ့အစည်းအတွင်း လိုအပ်ချက်ကြောင့် တပ်မဟာ (၁)၊ တပ်မဟာ (၂) နယ်မြေများတွင် တပ်မဟာမှူးများ၊ တပ်ရင်းမှူးများအား အခွန်ငွေကျပ် သိန်း ၆၀၀၀၀
ကောက်ခံ ပေးရန် ညွှန်ကြား ခဲ့ခြင်း ဖြစ်ကြောင်း၊ ပြန်လည်ရှင်းလင်း တင်ပြခဲ့သော်လည်း ၎င်းငွေအား စီမံခန့်ခွဲ သုံးစွဲမှုနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြနိုင်ခြင်း မရှိသည့်အပေါ် ခေါင်းဆောင်ပိုင်းအတွင်း မပြေမလည်
ဖြစ်နေကြောင်း သိရသည်။

ဒေသခံများ၊ လုပ်ငန်းရှင်များ အနေဖြင့်လည်း အခွန်ငွေများ ဆက်လက်
ပေးဆောင်နေရဆဲ ဖြစ်ကြောင်းနှင့် ကေအိုင်အေ၏ အဆိုပါ လုပ်ရပ်များ အပေါ် နာကြည်း ခံပြင်းလျက် ရှိနေကြောင်း ၎င်းက ဆက်လက် ပြောကြား ခဲ့သည်။

Ref: မြ၀တီ

No comments:

Post a Comment