Thursday, November 1, 2012

တရုတ် နိုင်ငံ အတွက် သူလျှို လုပ်ပေးခဲ့ သူဟု ယူဆရသည့် စစ်ဘက် ဆိုင်ရာ အရာရှိဟောင်း သုံးဦး တရုတ် (တိုင်ပေ) ဖမ်းဆီး


တရုတ် နိုင်ငံ အတွက် သူလျှို လုပ်ပေးခဲ့သူဟု ယူဆ ရသည့် အငြိမ်းစား အရာရှိကြီး သုံးဦးကို တရုတ် (တိုင်ပေ)မှ အာဏာပိုင်များက ဖမ်းဆီး ထိန်းသိမ်းခဲ့ကြောင်း ကာကွယ်ရေး ဝန်ကြီး ဌာနမှ တာဝန် ရှိသူများက ထုတ်ဖော် ပြောကြား ခဲ့သည်။

အဆိုပါ အရာရှိ သုံးဦး အနက် တစ်ဦးမှာ ချန်ချီရှင်း ဖြစ်ပြီး မိုးလေဝသနှင့် အဏ္ဏဝါ ပထဝီ ဌာနမှ အကြီးအကဲ တစ်ဦး ဖြစ်သည့်အပြင် ယခင်က နိုင်ငံရေး ကိစ္စများ စီစဉ် ဆောင်ရွက်ခဲ့သူ တစ်ဦးလည်း ဖြစ်ကြောင်း သိရသည်။ ကမ်းရိုးတန်း ဒေသ ကာကွယ်ရေး နယ်မြေ များနှင့်ရေငုပ် သင်္ဘောများ ပုန်းခိုရာ မြေပုံများ အပါအဝင်ထိပ်တန်း အချက်အလက် များစွာကို၎င်း၏ ဌာနတွင် သိမ်းဆည်း ထားကြောင်း ဒေသတွင်း သတင်းဌာန တစ်ခုက ပြောကြား ခဲ့သည်။ ထို့ပြင် ရေတပ်တွင် တာဝန် ထမ်းဆောင်နေစဉ် အတွင်း ချန်သည် တရုတ် ပြည်မကြီးမှ အာဏာပိုင် များနှင့် ဆက်သွယ်မှု ရှိခဲ့ပြီး ၄င်း၏ မိတ်ဟောင်း ဆွေဟောင်းများကို သွေးဆောင် ဖြားယောင်း ခဲ့သည့် အပြင် တရားမဝင် စီးပွားရေးများ လုပ်ကိုင် ခဲ့ဖွယ် ရှိသည်ဟု ယူဆ ရကြောင်း ကာကွယ်ရေး ဝန်ကြီး ဌာနက အစီရင်ခံစာ တစ်စောင် တွင် ဖော်ပြ ထားသည်။
From -မြ၀တီ

No comments:

Post a Comment